မဲဆောက်မှာ ရေတွင်းထဲကျနေတဲ့ တရုတ်နိုင်ငံသား အကူအညီတောင်းသံကို သရဲသံထင်ကြလို့ သုံးရက်ကြာမှ ကယ်တင်နိုင်ခဲ့
မဲခေါင်၊ ဒီဇင်ဘာ ၅
ဘန်ကောက်ပို့စ်သတင်းစာရဲ့ ဖော်ပြချက်အရ ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်ခြမ်း မဲဆောက်မြို့ တောအုပ်အတွင်းက ရေတွင်းထဲကို ကျနေတဲ့ တရုတ်နိုင်ငံသားတစ်ယောက် အော်ဟစ်အကူအညီတောင်းခံမှုကို အနီးအနားနေသူတွေက သရဲငိုကြွေးသံထင်ပြီး ထိတ်လန့်လို့ သွားမကြည့်ခဲ့ရာက သုံးရက်ကြာမှ ကံကောင်းပြီး ကယ်တင်ရှင်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့က ဒေသခံရဲတပ်ဖွဲ့ဟာ ရက်အနည်းငယ်ကြာ သရဲငိုကြွေးသံကြားရကြောင်း ဒေသခံတွေရဲ့ သတင်ပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာမှာ မဲဆောက် တောအုပ်ထဲက ၁၂ မီတာနက်တဲ့ ရေတွင်းထဲမှာ ၂၂ နှစ် အရွယ် တရုတ်နိုင်ငံသား Liu Chuanyi ကို ရေတွင်းထဲ ကျနေတာ တွေ့ခဲ့ရပြီး နာရီဝက်ကြာ ကယ်တင်မှုလုပ်ငန်း တွေ လုပ်ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဆိုပါတယ်။
ဒီသတင်းဖော်ပြချက်အရ Liu Chuanyi ဟာ အားရှိသမျှ အချိန်တိုင်း အော်ဟစ် အကူအညီတောင်းခံခဲ့တာဖြစ်ကြောင်း ထွက်ဆိုပြီး ဒါကို ဒေသခံတွေက သရဲငိုကြွေးသံလို့သာ ကြောက်ရွံ့ထိတ်လန့် အထင်မှားခဲ့ရာက ရဲကို အကြောင်းကြားရင် ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက သွားရောက် စစ်ဆေးရာက လူတစ်ယောက် ရေတွင်းထဲ ကျနေတာတဲ့ အဖြစ်မှန်ကို သိရှိရပြီး နာရီဝက်ကြာ ကယ်တင်မှုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။
Liu Chuanyi မှာ ဘယ်ဘက်လက်ကောက်ဝတ်ရိုးကျိုးနဲ့ ပွန်းပဲ့ ထိခိုက်ဒဏ်ရာများစွာနဲ့ ကယ်တင်ခဲ့ရကြောင်း၊ ဆေးရုံတင်ပေးခဲ့ပြီးနောက် ဒီတရုတ်နိုင်ငံသားဟာ ကျားဖြန့်လုပ်ငန်း ဗဟိုချက် ထိုင်း- မြန်မာ နယ်စပ် (မြ၀တီတစ်ဖက်ခြမ်း) က ရေတွင်းထဲမှာ တွေ့ရလို့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ထိုင်း လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက စစ်ဆေးမှတ်တမ်းယူနေကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြသွားပါတယ်။
Ref:Bangkokpost
MKF-001
#MeKongNews








