မဲခေါင်၊ အောက်တိုဘာ ၃၀
အောက်တိုဘာ ၃၀ ရက်နေ့ ထိုင်းအောက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုမှာ မိဘတွေက သားသမီးတွေကို ရိုက်နှက်ခြင်းမပြုရ၊ ရိုက်နှက်ရင် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းနဲ့ အရင် ဥပဒေအဆိုတင်သွင်းမှုမှာ ကြိမ်လုံးနဲ့ မရိုက်ရဆိုတာကို ပြန်လည်ပယ်ဖျက်ပြီး နာကျင်အောင် မရိုက်နှက်ရ ဆိုတဲ့ အချက် ၃ ချက်ကို ဒီနေ့ အောက်တိုဘာ ၃၀ မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ယူနီဆက်ဖ်ရဲ့ ၂၀၂၂ အစီရင်ခံစာမှာ အသက် ၁ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေးငယ်တွေဟာ မိဘရဲ့ ရိုက်နှက်မှုကြောင့် အကြောက်တရားစိုးမိုးပြီး စိတ်ဝေဒနာခံရသူပေါင်း ၃၈ . ၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ကော်မတီတစ်ရပ်ဖွဲ့ပြီး မိဘတွေ သားသမီးကို ကြိမ်နဲ့မရိုက်ရ ဆိုတဲ့ no-cane အဆိုကြမ်း တင်သွင်းရာမှာ ထောက်ခံမဲ ၃၉၁ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေ ၁ မဲ၊ မဲမပေးသူ ၅ ယောက်နဲ့ အဆိုအောင်မြင် သွားခဲ့ပြီး အထက်လွှတ်တော်ကို ဆက်လက်တင်ပြလိုက်နိုင်ပြီဖြစ်ပါတယ်။
အထက်လွှတ်တော်က ဒီအဆိုကို အတည်ပြုခဲ့ရင် ထိုင်းနိုင်ငံဟာ မိဘက သားသမီးကို ရိုက်နှက်ဆုံးမခွင့်မပြုတဲ့ ဒုတိယမြောက် အာဆီယံနိုင်ငံ၊ တစ်ကမ္ဘာလုံးဆိုင်ရာဆိုရင် ၆၈ နိုင်ငံမြောက် မိဘက ရင်သွေးကို ရိုက်ခွင့်မရှိတဲ့ နိုင်ငံ ဖြစ်တည်လာမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဥပဒေအဆိုဟာ ရှင်းလင်းစွာ မသိရသေးဘဲ မိဘကသာ ရိုက်ခွင့်မရှိဘဲ ထိုင်းစာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေက ပိုမိုရိုက်နှက်မှုတွေရှိနေတဲ့ အရေး လူမှုကွန်ရက်ပေါ်မှာ မေးခွန်းတွေ ထုတ်နေကြပါတယ်။
Ref: Khaosod English
MKF-001








