အာစီယံဒေသတွင်း

ကပ်ဘေးအရေးပေါ်သတိပေးချက်ထုတ်ထားတဲ့ မျောက်ကျောက် ဗိုင်းရပ်ရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

မဲခေါင် 21 Aug - 2024
မကြာသေးခင်ကပဲ နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ WHO က ထုတ်ပြန်ကြေညာခဲ့တဲ့ မျောက်ကျောက်ရောဂါရဲ့ နောက်ဆုံးမျိုးကွဲ mpox 1b ဗိုင်းရပ်စ်ရှိသူ နိုင်ငံခြားသားတစ်ယောက် ထိုင်းနိုင်ငံထဲမှာ ပထမဆုံး စတင်တွေ့ရှိခဲ့ရပြီဖြစ်ကြောင်း ထိုင်း ရောဂါထိန်းချုပ်ရေး ဌာန (DCD) က ဩဂုတ် ၂၁ ရက်နေ့မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ သြဂုတ် ၂၁

မကြာသေးခင်ကပဲ နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ WHO က ထုတ်ပြန်ကြေညာခဲ့တဲ့ မျောက်ကျောက်ရောဂါရဲ့ နောက်ဆုံးမျိုးကွဲ mpox 1b ဗိုင်းရပ်စ်ရှိသူ နိုင်ငံခြားသားတစ်ယောက် ထိုင်းနိုင်ငံထဲမှာ ပထမဆုံး စတင်တွေ့ရှိခဲ့ရပြီဖြစ်ကြောင်း ထိုင်း ရောဂါထိန်းချုပ်ရေး ဌာန (DCD) က ဩဂုတ် ၂၁ ရက်နေ့မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်သွားပါတယ်။

ဩဂုတ် ၁၄ ရက်နေ့က အာဖရိကတိုက်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ဥရောပသားတစ်ဦးဆီမှာ ဒီ mpox 1b ဗိုင်းရပ်ရှိတာကို တွေ့ရှိခဲ့တာဖြစ်ပြီး ဆက်လက် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီး ချက်ချင်း သတင်း ထုတ်ပြန်ချက်လုပ်သွားမှာဖြစ်ကြောင်း ထိုင်း DCD ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်ချိုင်းက မီဒီယာတွေ ကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။

mpox ဗိုင်းရပ်စ်ကို ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက DPR ကွန်ဂိုနိုင်ငံက လူသားတွေမှာ ကူးစက်ခဲ့တဲ့ မှတ်တမ်းရှိခဲ့ပြီး Orthopoxvirus ကနေ ကူးစက်ပျံ့နှံ့တဲ့ ကျောက်ရောဂါဆိုးဖြစ်ပေမယ့် ဒေသတစ်ခုအတွင်း မှာသာ အများအပြားကူးစက်ခဲ့လို့ လူသူသိပ်သတိမမူမိခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဗဟိုအာဖရိက နဲ့ အနောက်အာဖရိကနိုင်ငံတွေအထိပါ ကူးစက်ပျံ့နှံ့ခဲ့ရာကနေ ကမ္ဘာ့ နိုင်ငံတချို့ဆီပါ ရောက်ရှိခဲ့လို့ ပထမ တစ်ကြိမ်အရေးပေါ် ကပ်ရောဂါအဖြစ် WHO က ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် မေလမှာတော့ ပျံနှံ့မှုနှုန်း အထူး သိသာစွာကျဆင်းသွားလို့ ကပ်ရောဂါဘေးမဟုတ်တော့ကြောင်း ပြန်လည်ကြေညာခဲ့ရပါတယ်။

ဒါပေမဲ့ အခု အာဖရိက နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါရဲ့ မျိုးခွဲဖြစ်တဲ့ mpox 1b ဗိုင်းရပ်ပြန်လည် ပျံ့နှံ့မှုက နေ အချိန်တိုအတွင်း အယော်က ၅၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သလို ဒီမျိုးကွဲဗိုင်းရပ်စ်ဟာ ကိုဗစ်ထက်ဆိုးတဲ့ သေဆုံးနှုန်းရှိပြီး ကမ္ဘာ့နိုင်ငံတော်တော်များများကို ရောက်ရှိနေကြောင်း သိရှိရလို့ တဖန်ပြန်ပြီး ကမ္ဘာ့ကပ်ရောဂါ အဆင့် ပြန်လည်သတ်မှတ်ကြေညာခဲ့ရတာဖြစ်ပါတယ်။

ပြည်ပခရီးသွားလုပ်ငန်းနဲ့တိုင်းပြည်ဝင်ငွေအဓိကရှာတဲ့ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ဩဂုတ် ၁၁ ရက်နေ့အထိ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ရှိသူ ၈၂၇ ယောက် ရှာတွေ့ခဲ့ပေမယ့် အားလုံးဟာ သိပ်ဆိုးရွား မှုမရှိတဲ့ clade 2 မျိုးကွဲဗိုင်းရပ်စ်အဆင့်သာဖြစ်ကာ အခုမှ အန္တရာယ်ုအရှိဆုံးဖြစ်နေတဲ့ clade 1 အဆင့် mpox 1b ဗိုင်းရပ်စ်ရှိသူ ကို ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သာမန်မျောက်ကျောက်ရောဂါဟာ လိင်ဆက်ဆံခြင်း၊ အသားအရေချင်း ထိမိခြင်း၊ တုပ်ကွေးလက္ခဏာ ပြသခြင်း၊ အရေးပြားပေါ်မှာ အဖုအပိန့်တွေက မြန်ဆန်စွာပျံ့နှံ့ခြင်းတွေဖြစ်ပေါ်ပြီး နောက်ဆုံး mpox 1b ဗိုင်းရပ်စ်ရှိသူတွေမှာ သေဆုံးနှုန်းက ပျမ်းမျှ ၄ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါတယ်။

Ref: malaymail
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now