မဲခေါင်၊ ဇူလိုင် ၁၅
ထိုင်းဘာသာစကားနဲ့ ၁ ကနေ ၈ အထိကို အတည့်တစ်မျိုး၊ နောက်ပြန်တစ်မျိုး ဟစ်ဟော့ပ် ဂီတသံနဲ့ အော်ဟစ် သီဆိုပြသွားတဲ့ TikTok ဗီဒီယိုအတိုဟာ ကမ္ဘာတစ်ဝန်း အံ့အားသင့်ဖွယ်ရာ ကြည့်ရှုသူ သန်း ၇၀ ကျော်သွားခဲ့ပါ တယ်။
၁၆ နှစ်အရွယ် ထိုင်းမိန်းကလေးငယ် အမည်ဟာ ဘမ်းလို့လည်း သိကြပြီး နာမည်ရင်း ဂျူရာလက်ခ်ယာနွန်း ဖြစ်ကြောင်းနဲ့ TikTok မှာ User Name အဖြစ် Barbiebombam နဲ့တင်ခဲ့တာဖြစ်ကာ တင်ပြီး ၅ ရက်အတွင်း ကြည့်ရှုသူ ၅၄ သန်းရှိသွားတဲ့အတွက် သူမကိုယ်တိုင် အံ့ဩမဆုံးဖြစ်ခဲ့ရကြောင်းလည်း ဝန်ခံပြောဆိုသွားပါတယ်။
“ ကျွန်မက ဒီ Song Challenge ကို အပျော်သဘော စနောက်ပြီး လုပ်လိုက်တာ။ ထီနံပါတ်တွေကိုရည်ရွယ်ပြီး ဂဏန်းတွေရွတ်ဖို့ မရိုက်ကူးခင် အကြိမ်တော်တော်လေး လေ့ကျင့်ခဲ့သေးတယ်။ ဒီလောက်ကြီး နိုင်ငံတကာ ပေါက်သွားတာကိုတော့ အံ့ဩလိုမဆုံးဘူး။ ကျွန်မက ရုပ်သံအဆိုပြိုင်ပွဲလေးတွေ ဝင်ပြိုင်ဖူးတယ်။ ဒါကြောင့်အခု ဒီ အောင်မြင်မှုကနေ ဂီတလောကထဲဝင်ဖို့ အခွင့်အရေးတွေကို စောင့်ဆိုင်းပြီး ကြိုးစားသွားချင်ပါတယ်” လို့ ရှင်းလင်းပြောကြားသွားပါတယ်။
Ref: bangkokpost
MKF-001









