မဲခေါင်၊ ဇွန် ၈
ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအဆင့်မြှင့်တင်ဖို့နဲ့ နိုင်ငံစီးပွား တိုးတက်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံထုတ် လက်နက် တွေကို ပြည်ပ တင်ပို့ရောင်းချနိုင်ရေး ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအကြီးအကဲတွေ ဇွန် ၇ ရက်နေ့မှာ အစည်း အဝေးတစ်ရပ်ကျင်းပခဲ့ပါတယ်။
မကြာသေးခင်က ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် ဆွမ်ဆက်ခ်ရန်ဆီတာ၊ ကာကွယ်ရေးဝန်ကြီး အကြံပေး ဆုတင်ကလန်ဆန်း၊ ကာကွယ်ရေးဒုဝန်ကြီး ဂျမ်နောင်းချိုင်မွန်ကိုနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးကနေ နိုင်ငံအမျိုးသားလုံးခြုံရေးကောင်စီကို တင်ပြပြီး လွှတ်တော်မှာ ဥပဒေ မူကြမ်း ၄ ရပ် တင်သွင်းနိုင်ဖို့ တိုက်တွန်းအကြံပြုတဲ့ အစည်းအဝေးဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ အရင်တည်ဆဲဥပဒေတွေဖြစ်တဲ့ ပုဂ္ဂလိက လက်နက် ထုတ်လုပ်ရေးစက်ရုံ အက်ဥပဒေ BE 2550 ၊ လက်နက်ထိန်းချုပ်ရေး အက်ဥပဒေ BE 2530၊ လက်နက်ပြည်ပတင်ပို့မှု ထိန်းချုပ်နေရေးနဲ့ စစ်ဘက်ဆိုင် ရာ လက်နက်အသုံးအဆောင်တွေကို နိုင်ငံပြင်ပြ မပို့ရေး BE 2495 ၊ ကာကွယ်ရေးနည်းပညာအင်စတီကျု အက်ဥပဒေ BE 2562 ပုဒ်မတွေဟာ လက်နက် ထုတ်လုပ် ပြည်ပတင်ပို့ရောင်းချခွင့်အတွက် အတားအဆီး ဖြစ်နေတာကြောင့် ဒီဥပဒေတွေကို လွှတ်တော်ကနေ ပြင်ဆင်ရေးဆွဲသတ်မှတ်ဖို့ တင်ပြတောင်းဆိုရမှာဖြစ် ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက တင်ပြဆွေးနွေးသွားပါတယ်။
ဒုဝန်ကြီးဂျမ်နောင်းချိုင်မွန်က လက်နက်ပြည်ပတင်သွင်းရောင်းချရေးမှာ ပုဂ္ဂလိက စွန့်ဦးတီထွင် လုပ်ငန်းတွေ၊ ကာကွယ်ရေးနည်းပညာအင်စတီကျုတွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းပြီး နိုင်ငံတော် မူဝါဒတွေနဲ့ လက်တွေ့ကျ တဲ့ဥပဒေတွေ အသက်ဝင်လာဖို့ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
Ref: bangkokpost
MKF-001








