မဲခေါင်၊ မေ ၁၆
ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်မှာ မေ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း စိတ်ကြဆေး အလုံး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။
အထူး စီမံချက်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေကို အရှိန်အဟုတ်မြှင့်ပြီး စစ်ဆေးဖမ်းဆီးမှုတွေကို ၂ ပတ်အတွင်း ပြုလုပ်ရာမှာ အမှုပေါင်း ၉ မှု ဖြစ်တည်ခဲ့ကာ မူးယစ်မှောင်ခို ကွန်ရက် ၁၅ ခု၊ သံသယတရားခံ ၄၂ ယောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။
ဒီဖမ်းဆီးမှုတွေမှာ စိတ်ကြွဆေးအလုံးပေါင်း ၃၇၂၈၆၀၀၀၊ Ice ၉၄၂ ကီလိုဂရမ်၊ ဟီးရိုးအင်း ၈၀ ကီလိုဂရမ်၊ ကက်တမင်း ၇၀ ကီလိုဂရမ်၊ ကား ၂၅ စီးနဲ့ ဆိုင်ကယ် ၃ စီးပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။
Ref: Matichon
MKF-001








