အာစီယံဒေသတွင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မဲခေါင် 5 Apr - 2024
မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ ဝေဖန်ပြောဆိုသွားပါတယ်။

မဲခေါင်၊ ဧပြီ ၅

Move Forward Party (MFP) ခေါင်းဆောင်လွှတ်တော် အမတ် ရမ်ဆီမန်ရုမ်းက ထိုင်းအစိုးရဟာ နိုင်ငံတွင်းဩဇာကြီးတဲ့ စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်တွေအကျိုးစီးပွား မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ ဝေဖန်ပြောဆိုသွားပါတယ်။

မင်းအောင်လှိုင်နဲ့ရင်းနှီးပြီးလက်နက်ပွဲစားလုပ်နေသလို မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ငွေကြေးခဝါချတဲ့ ထွန်းမင်းလတ်အမှုကို တင်ပြဖော်ထုတ်ခဲ့သူ ရန်ဆီမန်ရုမ်းက အခုလည်း ထိုင်း စစ်ဘက်၊ အရပ်ဘက် ထိပ်တန်း ပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီမြို့က ကာစီနိုလုပ်ငန်း အနည်းဆုံး ၁၇ ခုမှာ စီးပွားရေးပါတနာအဖြစ် ပါဝင်ထားတယ်လို့ ပြောပါတယ်။

ဒီကာစီနိုလုပ်ငန်းအားလုံးဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ကွန်ရက်ဆက်နွယ်နေတာ ဖြစ်ပြီး ခုထိ အင်တာနက်နဲ့ မိုဘိုင်းဖုန်းဆစ်ဂနယ်တွေကို ဒုစရိုက်လုပ်ငန်းတွေမှာ ဆက်ပေးသုံးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပတ်သက်မှုတွေကြောင့်ပဲ မြ၀တီဘက်က ကျားဖြန့်လုပ်ငန်းတွေ တိုက်ဖျက်ရေးမှာ အစိုးရဘက်က တာဝန်ပျက်ကွက်နေတာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။

ရမ်ဆီမန်ရုမ်းရဲ့ ပြောဆိုမှုမှာ လက်ရှိအစိုးရနဲ့အနီးစပ်ဆုံးရှိတဲ့ ရဲချုပ်ဟောင်းတစ်ဦးဟာ Myawaddy Complex ပိုင်ရှင်ဖြစ်ကြောင်း၊ နောက် မြ၀တီကာစီနိုရုံဖြစ်တဲ့ Sky Complex ကိုလဲ ထိုင်း ဒုရဲမှူးဟောင်းက ပိုင်ဆိုင်ထား ကြောင်း၊ Eastern Complexကို ကျားဖြန့်ဒုစရိုက်သမားအဖွဲ့က ပိုင်ဆိုင်ကြောင်း၊ နောက် ကာစီနိုတစ်ခုကို ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်းက ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ပဲ ထိုင်းအစိုးရဟာ မြ၀တီ က ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး တာဝန်ပျက်ကွက်နေတာဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

မြန်မာနယ်စပ်ဘက်က ကျားဖြန့်လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံနဲ့ ကမ္ဘာတစ်လွှားနိုင်ငံတွေကို ဆိုးရွားစွာ နစ်နာ ထိခိုက်စေရာမှာ ၂၀၂၀ ပြည့်နှစ်က ထိုင်းနိုင်ငံသားတွေဆီ လိမ်လည် ခေါ်ဆိုတဲ့ Scam Calls ၁ . ၇ သန်းကျော် သာရှိခဲ့ရာက ၂၀၂၂ ခုနှစ်မှာ ၁၀ ဆတိုးပြီး ၁၇ သန်းအထိ ခေါ်ဆိုလိမ်လည်ခံရမှုမှာ ထိုင်းဝန်ကြီးဌာနတစ်ခုရဲ့ တစ်နှစ်စာ ဘတ်ဂျက်လောက်ရှိတဲ့ ဘတ် သန်း ၅၀ ဘီလီယံအထိ လိမ်လည်ခံယူခဲ့ရတယ်လို့ ရမ်းဆီမန်ရုမ်းက ဆက်လက်တင်ပြသွားပါတယ်။

ထိုင်းအစိုးရအနေနဲ့ တရုတ်နဲ့ မြန်မာစစ်ကောင်စီ ပူးပေါင်းတိုက်ဖျက်သလို ကျားဖြန့်လုပ်ငန်းတွေကို အားစိုက်တိုက်ဖျက်သွားသင့်တယ်လို့ပါ ရမ်ဆီမန်ရုမ်းက ဝေဖန်တိုက်တွန်းသွားပါတယ်။

Ref: bangkokpost
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကိုရီးယား BTS အဖွဲ့ ဖျော်ဖြေပွဲလက်မှတ်အတုများကို ဘတ် ၁ ဒသမ ၈ သန်းဖိုး လိမ်ရောင်းသူ ၅ ဦးကို ဖမ်းဆီး

မဲခေါင်၊ ဇူလိုင် ၁၄ ဒီဇင်ဘာလတွင် ဘန်ကောက်သို့ ၃ ရက်ကြာ လာရောက်ဖျော်ဖြေမည့် ကမ္ဘာကျော် ကိုရီးယားတေးဂီတအဖွဲ့ BTS ၏ ဖျော်ဖြေပွဲလက်မှတ်အတုများကို လိမ်ရောင်းခဲ့ကာဘတ် ၁ ဒသမ ၈ သန်း လိမ်လည်ခဲ့သူ ၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်ကြသူများအား အလုပ်အကိုင် လုယူနေသည်ဟု ထိုင်းတက္ကစီသမားများ စွပ်စွဲနေ

မဲခေါင်၊ ဇူလိုင် ၁၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ – ထိုင်းနယ်စပ်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မယ်ဆိုင်မြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်များ လိုက်ပါပို့ဆောင်နေကြရာ ယင်းသုံးဘီးမောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး ထိုင်းတက္ကစီသမားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now