ဒေသတွင်းသတင်း

ကုန်စျေးနှုန်း အဆမတန်မြင့်တက်လို့ ရိက္ခာ၀ယ်ယူဖို့ အခက်အခဲဖြစ်နေတယ်လို့ ရှမ်းတောင် တော်လှန်‌ရေး တပ်ပေါင်းစုဆို

မဲခေါင် 28 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၈ ရှမ်းပြည် တောင်ပိုင်းမှာ ဆန်အပါအ၀င် ကုန်စျေးနှုန်းတွေ ‌၃ ဆခန့် မြင့်တက်သွားတာကြောင့် အဖွဲ့အတွက် ရိက္ခာ ၀ယ်ယူဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရှမ်းတောင် ဒေသခံတော်လှန်ရေး တပ်ပေါင်းစု-SSLRU ပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၈

ရှမ်းပြည် တောင်ပိုင်းမှာ ဆန်အပါအ၀င် ကုန်စျေးနှုန်းတွေ ‌၃ ဆခန့် မြင့်တက်သွားတာကြောင့် အဖွဲ့အတွက် ရိက္ခာ ၀ယ်ယူဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရှမ်းတောင် ဒေသခံတော်လှန်ရေး တပ်ပေါင်းစု-SSLRU ပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရိက္ခာ၀ယ်ယူ စုဆောင်းမှု အပိုင်းမှာ စစ်ကောင်စီ တင်းကြပ်တာတွေ ရှိပေမဲ့ လက်ရှိအချိန်အထိ‌ အဆင်ပြေနေပေမဲ့ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်မားလာတာက စိန်ခေါ်မှု တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကုန်စျေးနှုန်းတွေက အရင်ထက် ၃ ဆလောက် မြင့်တော့ ရန်ပုံငွေ အပိုင်းမှာလည်း အဆင်မပြေမှုတွေ ရှိလာပါတယ်။ ဆန်အပါအ၀င် အခြေခံ စားသောက်ကုန် အကုန်လုံးက တက်နေတာ” လို့ သူကရှင်းပြပါတယ်။

လက်ရှိမှာတော့ ဆန်တစ်အိတ်ကို ငွေကျပ် ၈,၀၀၀၀ ခန့်၊ ဆီတစ်ပိဿာကို ၁,၂၀၀၀ ကျပ်၊ ကြက်ဥတစ်ကဒ်ကို ငွေကျပ် ၇,၅၀၀ အထိ ပေး၀ယ်နေရတယ်လို့ ဆိုပါတယ်။

“စျေးက တာ၀တိံသာ ရောက်နေပြီ။ တပ်ပေါင်းစု အတွက်လည်း ရိက္ခာက လိုအပ်နေတာ ဆိုတော့ ၀ယ်ရမှာပဲ။ ပြည်သူတွေလည်း ဆက်လက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ကူညီချင်ရင်တော့ ရှမ်းတောင်တပ်ပေါင်းစုရဲ့ FACEBOOK PAGE တွေမှာ ပါ၀င်လှူဒါန်းလို့ရပါတယ်” လို့ SSLRU ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ၊ စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ခက်ခဲနေတဲ့ကြားက တော်လှန်ရေးတပ်ဖွဲ့တွေကို ပါ၀င်လှူဒါန်းပေးနေတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရတယ်လို့ သူကဆိုပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ်နိုင်ဖို့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းရမှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်း လက်တွဲ ဆောင်ရွက်ပေးကြဖို့ ရှမ်း‌တောင် ဒေသခံ တော်လှန်ရေး တပ်ပေါင်းစုက မေတ္တာရပ်ခံ ထားပါတယ်။

MK-007

#MeKongNews

#SSLRU

#ကုန်စျေးနှုန်း

#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ် ၁၀၀ ကို မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၅၀၀ ကျော်အထိ ပိတ်မိနေ

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၅၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်တရားခံပြေး ၂ ဦးနှင့် ကယ်တင်ထားသူ ၁ ဦးကို တရုတ်ဘက်သို့ UWSA လွှဲပြောင်းပေး

မဲခေါင်၊ နိုဝင်ဘာ ၂၅ “ဝ”တပ်ဖွဲ့ (UWSA) ၏ တရားရေးကော်မတီက တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နမ်းနိန်းရွာတွင် ပထမဆုံးအကြိမ် ကထိန်ပွဲပြန်လည်ကျင်းပ

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ကထိန်ပွဲကို ပြန်လည်ကျင်းပခဲ့ရာ ဒေသခံများနှင့် ပွဲတက်ရောက်လာသူများ စည်ကားခဲ့ကြောင်း သိရသည်။ နမ်းနိန်းကျေးရွာတွင် ၂၀၂၃ ခုနှစ် မတ်လ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

UWSA အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမဆုံး ပြည်သူ့စစ်ဆောင်းရာသီသင်တန်း ဖွင့်လှစ်

မဲခေါင်၊ နိုဝင်ဘာ ၂၄ UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သင်တန်းသား ၇၀၀ ပါဝင်သည့် အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမအကြိမ် ပြည်သူ့စစ်ဆောင်းရာသီ စစ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်နေသည့်အပြင် ဒေသခံပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၇၈၀၀ ကျပ်အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now