နေ့စဥ်သတင်း

တရုတ်တရားခံပြေး ၂ ဦးနှင့် ကယ်တင်ထားသူ ၁ ဦးကို တရုတ်ဘက်သို့ UWSA လွှဲပြောင်းပေး

မဲခေါင် 25 Nov - 2026
မဲခေါင်၊ နိုဝင်ဘာ ၂၅ “ဝ”တပ်ဖွဲ့ (UWSA) ၏ တရားရေးကော်မတီက တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါလွှဲပြောင်းမှုကို မုန်အာနယ်စပ်ဂိတ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တရားဥပဒေစိုးမိုးရေးအဖွဲ့များက သက်ဆိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊ ဥပဒေဆိုင်ရာစာရွက်စာတမ်းနှင့် သက်သေခံပစ္စည်းများကို တိုက်ဆိုင်စစ်ဆေးကာ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု “ဝ”တပ်ဖွဲ့ကဆိုသည်။ အဆိုပါ တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကို တရုတ်ဘက်က တရားဝင်စာပေးပို့၍ ဖမ်းဆီးပေးရန်နှင့် ကယ်တင်ပေးရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး “ဝ”တပ်ဖွဲ့-UWSA ၏ တရားရေးကော်မတီက သတင်းအချက်အလက်များ

မဲခေါင်၊ နိုဝင်ဘာ ၂၅

“ဝ”တပ်ဖွဲ့ (UWSA) ၏ တရားရေးကော်မတီက တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါလွှဲပြောင်းမှုကို မုန်အာနယ်စပ်ဂိတ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တရားဥပဒေစိုးမိုးရေးအဖွဲ့များက သက်ဆိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊ ဥပဒေဆိုင်ရာစာရွက်စာတမ်းနှင့် သက်သေခံပစ္စည်းများကို တိုက်ဆိုင်စစ်ဆေးကာ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု “ဝ”တပ်ဖွဲ့ကဆိုသည်။

အဆိုပါ တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကို တရုတ်ဘက်က တရားဝင်စာပေးပို့၍ ဖမ်းဆီးပေးရန်နှင့် ကယ်တင်ပေးရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး “ဝ”တပ်ဖွဲ့-UWSA ၏ တရားရေးကော်မတီက သတင်းအချက်အလက်များ စုံစမ်းစစ်ဆေးကာ တရုတ်ဘက်၏ ထောက်လှမ်းရေးသတင်းအချက်အလက် အကူအညီဖြင့် ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုအတွင်း တရားခံပြေး ၂ ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် ကယ်တင်ရန် အကူအညီတောင်းခံထားသူ ၁ ဦးကိုလည်း ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း “ဝ”တပ်ဖွဲ့-UWSA ၏ တရားရေးကော်မတီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်တွင်လည်း ငွေတုပြုလုပ်မှုနှင့် ပတ်သက်သူ တရုတ် ၅ ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးကာ တရုတ်နိုင်ငံဘက်သို့ ပြန်လည်လွဲပြောင်းပေးခဲ့သေးသည်။

ယခုလွှဲပြောင်းမှုသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရာတွင် နှစ်ဖက်အကြား သတင်းအချက်အလက်ဖလှယ်ခြင်း၊ ပူးပေါင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် ဖမ်းဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မှု၏ ရလဒ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ပြည်ပတွင် လစာမြင့်မားစွာရရှိမည့် အလုပ်အကိုင်များ ကြော်ငြာထားသည့် အွန်လိုင်းဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက်စာမျက်နှာများကို အလွယ်တကူ မယုံကြည်ကြရန်၊ အလုပ်မလျှောက်ထားမီ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် စိစစ်အတည်ပြုကြရန်နှင့် ကိုယ်ရေးအချက်အလက်များ မပေးအပ်ကြရန် “ဝ”တပ်ဖွဲ့-UWSA ၏ တရားရေးကော်မတီက သတိပေးထားသည်။

#MeKongNews
#UWSA
#ဝတပ်ဖွဲ့
#နယ်စပ်
#တရုတ်
#တရားခံ
#လွှဲပြောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၅၀၀ ကျော်အထိ ပိတ်မိနေ

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၅၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နမ်းနိန်းရွာတွင် ပထမဆုံးအကြိမ် ကထိန်ပွဲပြန်လည်ကျင်းပ

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ကထိန်ပွဲကို ပြန်လည်ကျင်းပခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

UWSA အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမဆုံး ပြည်သူ့စစ်ဆောင်းရာသီသင်တန်း ဖွင့်လှစ်

မဲခေါင်၊ နိုဝင်ဘာ ၂၄ UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သင်တန်းသား ၇၀၀ ပါဝင်သည့် အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမအကြိမ် ပြည်သူ့စစ်ဆောင်းရာသီ စစ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်နေသည့်အပြင် ဒေသခံပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၇၈၀၀ ကျပ်အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now