ဒေသတွင်းသတင်း

အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

မဲခေါင် 23 May - 2024
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်ရေးဘက် ဦးစားပေးနေရတာကြောင့် တရားစီရင်ရေးအပိုင်းမှာ အမြန် စစ်ဆေး၊ အမြန်စီရင်ချက်ချလုပ်ဆောင်ခဲ့ရမှုတွေသာ လုပ်နိုင်ခဲ့လို့ ခုချိန်ကစပြီး စနစ်တကျ တရားစီရင်ရေးလုပ်ဆောင်မယ့်အကြောင်း ကိုးကန့်တပ် MNDAA က မေ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

မဲခေါင်၊ မေ ၂၃

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်ရေးဘက် ဦးစားပေးနေရတာကြောင့် တရားစီရင်ရေးအပိုင်းမှာ အမြန် စစ်ဆေး၊ အမြန်စီရင်ချက်ချလုပ်ဆောင်ခဲ့ရမှုတွေသာ လုပ်နိုင်ခဲ့လို့ ခုချိန်ကစပြီး စနစ်တကျ တရားစီရင်ရေးလုပ်ဆောင်မယ့်အကြောင်း ကိုးကန့်တပ် MNDAA က မေ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

ဒေသတွင်း လူမှောင်ခိုကူးခြင်း၊ အဓမ္မဖမ်းဆီး ငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့် ပြန်ပေးဆွဲခြင်းစတဲ့ ဒုစရိုက်လုပ်ငန်းတွေ များပြားပြီး လက်နက်ကိုင်ထားသူတွေလည်းများလို့ စစ်ဆင်ရေးကာလမှာ အမြန်ဆုံး စီရင်ချက်တွေချခဲ့ရပေမယ့် အခုကစပြီး စနစ်တကျ တရားစီရင်ရေး စနစ်ချမှတ်ဖို့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို အခုလိုသတ်မှတ်ကြောင်း ထုတ်ပြန်သွားတာဖြစ်ပါတယ်။

(၁) ရည်ရွယ်ချက်ရှိရှိလူသတ်မှုကျူးလွန်သူအတွက် ဒဏ်ရာရစေဖို့ ရည်ရွယ်ကျူးလွန်သူကို ထောင်ဒဏ် ၅ နှစ်ထက် မပိုတဲ့ ပြစ်ဒဏ်၊ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းနဲ့ ဒဏ်ရာပြင်းထန်ရရှိစေသူကို ထောင်ဒဏ် ၅ နှစ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ထက်မပိုတဲ့ ပြစ်ဒဏ်၊ တစ်သက်တာမသန်စွမ်းဖြစ်စေတဲ့ ဒဏ်ရာရတာမျိုးဆိုရင် ၁၀ နှစ် အထက်ကနေ ပြစ်မှု အပေါ်မူတည်ပြီး တစ်သက်တစ်ကျွန်း၊ သေဒဏ်တွေအထိ ချမှတ်ရန်

(၂) ပြန်ပေးဆွဲ ငွေညှစ်မှုဆိုရင် အနည်းဆုံးထောင်ဒဏ် ၇ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိကျခံရန်နဲ့ ပိုင်ဆိုင် ပစ္စည်းဥစ္စာတွေ သိမ်းဆည်းရန်၊ ပြန်ပေးဆွဲခံရသူ သေဆုံးစေခဲ့တယ်ဆိုရင် တစ်သက်တစ်ကျွန်း ကနေ သေဒဏ် အထိ ချမှတ်ရန်

(၃) အရပ်ဘက်၊ အစိုးရဘက်ပိုင်းဓားပြတိုက်မှုအတွက် ၅ နှစ်ထက် မနည်း၊ ၁၀ နှစ်ထက် မကျော်တဲ့ ပြစ်ဒဏ် ကျခံရန်၊ နေအိမ်အကြမ်းဖက်ဓားပြတိုက်မှု၊ လမ်းပေါ်ဓားပြတိုက်မှု၊ အကြိမ်များစွာ ငွေများစွာ ဓားပြတိုက်ခဲ့မှု၊ ဓားပြတိုက်ရာမှာ ပြင်းထန်တဲ့ဒဏ်ရာရစေမှု၊ သေစေမှု၊ စစ်တပ်နဲ့ ရဲဆီက ဓားပြတိုက်မှု၊ သေနတ်နဲ့ ဓားပြတိုက် မှု၊ ဘဏ်နဲ့အစိုးရငွေကြေးဆိုင်ရာအဆောက်အအုံတွေကို ဓားပြတိုက်မှု၊ စစ်တပ် ထောက်ပို့လုပ်ငန်းစဉ်နဲ့ သဘာ၀ ကပ်ဘေးကူညီကယ်ဆယ်ထောက်ပံ့မှုတွေကို ဓားပြတိုက်မှုတွေအတွက်ဆိုရင် တစ်သက်တစ်ကျွန်းနဲ့ သေဒဏ် တွေချမှတ်ရန်

(၄) တယ်လီကွန်မြူနီကေးရှင်းလိမ်လည်မှု (ကျားဖြန့်)ပြစ်ဒဏ်ကျူးလွန်သူတွေအတွက် ယွမ် ၁၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြား လိမ်သူကို ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ဒဏ်ငွေအပြင် ပိုင်ဆိုင်မှုသိမ်းဆည်းရန်၊ ယွမ် ၁ သိန်းကျော်ပြီး ၁ သန်းမကျော်တဲ့ လိမ်လည်မှုအတွက် အနည်းဆုံး ၃ နှစ်ကနေ ၁၀ နှစ်ထက်မပိုတဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ငွေ၊ ပိုင်ဆိုင်မှုသိမ်းဆည်းရန်၊ ယွမ် ၁ သန်းအထက် လိမ်ခဲ့ရင် အနည်းဆုံး ၁၀ နှစ်ကနေ အများဆုံး တစ်သက် တစ်ကျွန်းနဲ့ ဒဏ်ငွေ၊ ပိုင်ဆိုင်မှု သိမ်းဆည်းရန်။

(၅) လူမှောင်ခိုကူးခြင်းမှာ ၅ နှစ်ထက် မလျော့၊ ၁၀ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်၊ သာမန်ထက်ဆိုးတဲ့ လူမှောင်ခိုမှုကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း၊ သေဒဏ်၊ ပိုင်ဆိုင်မှု သိမ်း ဆည်းပြစ်ဒဏ်ချမှတ်ရန်။ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူမှောင်ခိုကူးတဲ့ ဂိုဏ်းခေါင်းဆောင်၊ လူကုန်ကူးခံ အမျိုးသမီးတွေကို မုဒိမ်းကျင့်မှု၊ အမျိုးသမီးနဲ့ကလေးငယ်တွေ လူကုန်ကူးရာမှာ ပြင်းထန်စွာနာကျင်စေမှုနဲ့ သေဆုံးစေမှု၊ အမျိုးသားတွေကို လူမှောင်ခိုကူးရာမှာ ပြင်းထန်ဒဏ်ရာရစေမှုနဲ့ သေဆုံးစေမှု၊ မသန်မစွမ်းဖြစ်စေ မှုတွေကျူးလွန်သူတွေအတွက် ပြစ်မှုအနည်းဆုံးက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၁၀ နှစ်၊ သေဆုံးစေခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၀ နှစ်၊ ရည်ရွယ်ချက်ရှိရှိ နာကျင်စေအောင်၊ မသန်စွမ်း ဖြစ်စေအောင်၊ သေဆုံးစေအောင် အကြမ်းဖက်အနိုင်ကျင့်ပါက တစ်သက်တစ်ကျွန်းနဲ့ သေဒဏ် ပေးရန်။

(၆) အမျိုးပိုင်းနဲ့ ပုဂ္ဂလိကပိုင် တွေခိုးယူမှုအတွက် ယွမ် ၅၀၀၀ ကနေ ယွမ် ၃၀၀၀၀ တန်ကြေးကြားဆို ၃ နှစ်ထက် မပိုတဲ့ပြစ်ဒဏ်နဲ့ ငွေဒဏ်၊ ယွမ် ၃၀၀၀၀ နဲ့ ယွမ် ၁၀၀၀၀၀ တန်ကြေးကြးခိုးရင် အနည်းဆုံး ၃ နှစ်ကနေ ၁၀ နှစ်၊ ယွမ် ၁၀၀၀၀၀ ကျော်ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းနဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရန်ဖြစ်ကြောင်းနဲ့ ထုတ်ပြန်တဲ့ ရက်ကစပြီး ဥပဒေအကြုံးဝင်တယ်လို့ ထုတ်ပြန်သွားပါတယ်။

MKF-001

ပုံစာ-ကိုးကန့် MNDAA သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့မှာ ကျူးလွန်သူဆိုသူတွေကို လူထုရှေ့ သေဒဏ်ပေးခဲ့တဲ့ မှတ်တမ်းရုပ်သံကို MNDAA က ထုတ်ပြန်ခဲ့တာပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now