စီးပွားရေး

ကုန်ဈေးနှုန်းကျဆင်းရေး လော်စပီကာနဲ့ လိုက်အော်နေတဲ့ စစ်ကောင်စီက မူဝါဒတွေထပ်ထုတ်ပြီး ထိန်းချုပ်မယ်လို့ ဆို

မဲခေါင် 23 Aug - 2023
မဲခေါင်၊ သြဂုတ် ၂၃ ကုန်ဈေးနှုန်းကျဆင်းဖို့ မြို့နယ်တွေမှာ လော်စပီကာနဲ့ လိုက်လံအော်နေတဲ့ စစ်ကောင်စီက ကုန်ဈေးနှုန်းကြီးမြင့်‌မှုကို လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ပြီး ထိန်းညှိသွားမယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၂၃

ကုန်ဈေးနှုန်းကျဆင်းဖို့ မြို့နယ်တွေမှာ လော်စပီကာနဲ့ လိုက်လံအော်နေတဲ့ စစ်ကောင်စီက ကုန်ဈေးနှုန်းကြီးမြင့်‌မှုကို လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ပြီး ထိန်းညှိသွားမယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြည်တွင်းရှိ ဆန်၊ စပါး ဈေးနှုန်းများအပြင် ဆီဈေး၊ သား၊ငါးဈေး၊ ကြက်သွန် (ဖြူ/နီ)၊ ငြုပ်၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အပါအဝင် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုပါတယ်။

ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်နေခြင်းက ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်စပါးအဓိကတင်ပို့နေတဲ့ နိုင်ငံကြီးတွေက ဆန်စပါးတင်ပို့မှု လျော့ချတာကြောင့် လို့ ဆိုပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ကမ္ဘာမှာ ဆန်စပါးဈေးနှုန်းကြီးမြင့်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဈေးနှုန်းဆွဲတင်နေတာတွေရှိတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တရိပ်ရိပ်မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့အတွက် ပြည်သူအများ စားဝတ်နေရေးခက်ခဲများစွာဖြင့်ကြုံတွေ့နေတာလို့ စီးပွားရေးလေ့လာသူတွေက ပြောထားပါတယ်။

“အနာကဖြစ်နေတာ၊ ဘယ်နားလည်း အရင်ရှာကုရမှာကို သူတို့က စီးပွားရေးကဏ္ဍတစ်ခုက အော်လိုက် အဲ့တာကို ညှိနှိုင်းပြီးလိုက်လုပ်ပေးလိုက်၊ အဲ့တာကြောင့် အခြားကဏ္ဍဘာထိခိုက်နိုင်မလည်း မစဉ်းစားဘူး၊ သူရဲ့အားနည်းချက်က ရေတိုနည်းနဲ့ဖြေရှင်းတာဘဲ၊ သူတို့ပနာသင့် စီးပွားရေးတွေကတော့ အဆင်ပြေတယ်၊ ပြည်သူလူထုက နွံနစ်သထက်နစ်ဖြစ်နေပြီ၊ အခုနိုင်ငံရဲ့ဘယ်ကဏ္ဍဘဲဖြစ်ဖြစ် နိုင်ငံရေးအပေါ်မှာ တိုက်ရိုက်အချိုးကျနေသလိုဖြစ်နေတယ်၊ မူဝါဒပေါင်းကလည်း ရွှေ၊ဒေါ်လာဈေးလိုဘဲ၊ အချိန်နဲ့အမျှပြောင်းလဲနေတာဘာစီးပွားရေးကို တည်ငြိမ်အောင်လုပ်ဆောင်လို့ရမလဲ” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒေါ်လာရပေါက်နည်းနေတဲ့ စစ်ကောင်စီက ပြည်ပတင်ပို့မှုနဲ့ ၊တင်သွင်းခွင့်ကို ထပ်မံတင်းကြပ်လာနိုင်တာကြောင့် သွင်းကုန်များဈေးကြီးမြင့်လာပြီး မှောင်ခိုဈေးကွက်ကြီးသထက်ကြီးလာနိုင်တယ်လို့ လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားပါတယ်။

MK-006

#MeKongNews

#စစ်ကောင်စီ

#ကုန်ဈေးနှုန်း

#လော်စပီကာ

#ဇော်မင်းထွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now