စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးက မနေ့ကထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ်လ ၂၂

ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးက မနေ့ကထုတ်ပြန်ပါတယ်။

ကမ္ဘာရွှေဈေး မြင့်တက်လာတာကို သံယောင်လိုက်ကာ ဈေးကစားသူတွေက ‌ရွှေဈေးမြင့်တက်စေဖို့ အွန်းလိုင်းမီဒီယာကနေတစ်ဆင့်ကောလဟလ ထုတ်လွင့်တာ၊ လေပတ်ကားရောင်းဝယ်တာတွေ လုပ်ဆောင်နေတာတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ကလည်း ကမ္ဘာရွှေဈေးကွက်နဲ့ မြန်မာ့ရွှေဈေးကွက် ချိတ်ဆက်မှုမရှိတာကို စနစ်တကျထောက်ပြထားတာကြောင့် လေပတ်ကား ရောင်းဝယ်ခြင်းက ဥပဒေနဲ့ညီညွတ်မှု မရှိဘူးလို့ YGEA က အသိပေးစာ ထပ်မံ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဒီထုတ်ပြန်ချက်ဟာ စစ်ကောင်စီအလိုကျ မျက်နှာရအောင်ထုတ်ပြန်တာသာဖြစ်ပြီး တကယ့်စျေးကွက်မှာ ချိတ်ဆက်နေတယ်လို့ ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေးက ရွှေတစ်ကျပ်သား ၂ထောင် ခေတ်ကတည်းက ချိတ်ဆက်သွား နေတာ အသင်းကလူတွေလည်း သိတယ်။ ရွှေလုပ်တဲ့သူတိုင်းသိတယ်။ သူတို့ကအပေါ်က လူတွေ အကြိုက်ထုတ်ပြန်ချက်တွေ ထုတ်နေတာ ရည်ညွန်းဈေးတွက်ရင်တောင် အခြေခံပြီးတွက်နေရတဲ့ဟာကို ကမ္ဘာ့ရွှေဈေးတက်လို့ အခုလို‌ရွှေဈေးတက်နေရတာပါလို့” သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံက ဘဏ် ၂ဘဏ် ပြိုလဲမှုဖြစ်ပွားခဲ့ပြီး တစ်ပတ်အကြာမှာ ကမ္ဘာရွှေဈေးက တစ်ရှိန်ထိုး မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေးမှာလည်း တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို သိန်း ၃၀ နီးပါး မြင့်တက်လာတာလည်းဖြစ်ပါတယ်။

ဒီနေ့ မှာ ကမ္ဘာရွှေဈေး အနည်းငယ်ကျဆင်းလာတာကြောင့် ပြည်တွင်းရွှေဈေးလည်း အနည်းငယ် ကျဆင်းလာပြီး ကမ္ဘာရွှေဈေး တစ်အောင်စကို ၁၉၇၅ ‌ဒေါ်လာဖြစ်ကာ ပြည်တွင်း‌ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂၉ သိန်း ၅သောင်း ဖြင့်ဈေးဖွင့်ထားပြီး ၂သောင်းနီးပါး ပြန်လည်ကျဆင်းနေတယ်လို့သိရပါတယ်။

MK- 006

#MeKongNews

#ကမ္ဘာ့ရွှေစျေး

#ရွှေစျေးနှုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now