စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင် 18 Mar - 2023
မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက ပြောပါတယ်။

မဲခေါင်၊ မတ်လ ၁၈

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက ပြောပါတယ်။

အရပ်သား အစိုးရ လက်ထက်က ပြည်တွင်း သီးနှံပေါ်ချိန် ပြည်ပက တင်သွင်းမှု ရပ်ထားလေ့ ရှိပေမယ့် လက်ရှိမှာတော့ ကုန်သည်ကြီးတွေက အကျိုးအမြတ်အတွက် စစ်ကောင်စီနဲ့ ပူးပေါင်း တင်သွင်းနေတယ်လို့ ဒေသခံ ကုန်သည်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစက အာလူး တစ်ပိဿာကို လက်ကားဈေး ကျပ် ၂,၀၀၀ ကျော် ရှိခဲ့ရာမှ အခု ပြည်တွင်း အာလူး ပေါ်ချိန် ခြံဈေး ၁,၃၀၀ ကျပ် ဝန်းကျင်အထိ ကျဆင်းခဲ့လို့ စိုက်စရိတ် ကြီးမြင့်စွာ စိုက်ပျိုးခဲ့ရတဲ့ တောင်သူတွေ တွက်ခြေမကိုက် ဖြစ်နေရတယ်လို့ ဆိုပါတယ်။

“အထွက်နှုန်းကတော့ ပုံမှန်ပဲ။ အခုလို ပြည်ပက တောက်လျှောက် ဝင်လာတော့ တောင်သူတွေက အဆင်မပြေတော့ဘူး။ ဈေးရနည်းတာပေါ့။ မြေဆီဈေးတွေ၊ အလုပ်သမား စရိတ်တွေက တအားမြင့် တက်နေတော့ အရှုံးမရှိတာဘဲ ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ကုန်သည်တွေက ဘင်္ဂလားဒေရှ့် ဘက်ကို ဂျင်းတွေပို့ရင်း အပြန် အာလူးတွေ သွင်းလာတာ။ ကုန်ပေါတော့ ဈေးကျပြီလေ” လို့ ရှမ်းတောင်၊ ဟဲဟိုး ဒေသရှိ အာလူးစိုက် တောင်သူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အာလူး တစ်ဧက စိုက်စရိတ် ကျပ်သိန်း ၃၀ သာ ကုန်ကျပေမယ့် လက်ရှိ တစ်ဧကကို ၄၅ သိန်းနီးပါး ကုန်ကျကာ ပျိုးပိဿာ ၁,၀၀၀ စိုက်ပျိုးပါက ပျှမ်းမျှ အာလူး ပိဿာချိန် ၅,၀၀၀ ထွက်ပြီး တစ်ဧကကို မြေဆီ ၆ အိတ်ဝန်းကျင် အသုံးပြုရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန် က “ကုန်အဝင်ကတော့ ပုံမှန်ပဲ။ အာလူးကား ၁၀ စီး ဝန်းကျင်ကတော့ ဝင်တယ်။ အညာ အာလူးတွေလည်း ပေါ်နေပြီ။ တရုတ်အာလူး ဝင်တုန်းက ဈေးကောင်းတယ်။ ၁ လပိုင်းလောက် ကတည်းက တောက်လျှောက်ဝင်တာ။ ပစ္စည်းပေါရင် ဈေးကျတာက သမရိုးကျ ဖြစ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ အလုံးကြီး အလုံးသန့် အာလူး တစ်ပိဿာ ၁,၈၀၀ ကျပ်ဖြစ်ပြီး ပြင်ပ လက်လီ ဈေးကွက်မှာတော့ တစိပိဿာ ၂,၅၀၀ ကျပ် ဖြစ်နေတယ်လို့ သိရပါတယ်။

ပြည်ပက ကုန်ပစ္စည်း တင်သွင်းမှု လျှော့ချကာ ပြည်တွင်း ထုတ်လုပ်မှု ဦးစားပေးဖို့ စစ်ခေါင်းဆောင်က မနားတမ်း ပြောနေပေမယ့် လက်ရှိ တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အာလူး တန်ချိန် အများအပြား ဝင်ရောက်နေတာ ဖြစ်ပါတယ်။

MK -006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now