စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁

၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံခြားငွေကြေးအခက်အခဲရှိခဲ့ပေမယ့် ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံယူနန်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းက သဘာ၀ဓာတ်ငွေ့ပေးပို့မှုတစ်ခုထဲကတင် ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၁.၄၃ ဘီလီယံအထိ ရရှိခဲ့တယ်လို့ တရုတ်အကောက်ခွန်ဝန်ကြီးဌာန စာရင်းအချက်အလက်တွေအရ သိရှိရကြောင်း BNI က ရေးသားဖော်ပြခဲ့ပါတယ်။

ရခိုင်ကမ်းလွန်သဘာ၀ဓာတ်ငွေ့လုပ်ကွက်ကနေ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်တွေကိုဖြတ်ပြီး ယူနန်ကို ပေးပို့တဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းအပြင် ကျောက်ဖြူကနေ ယူနန်ကို ရေနံစိမ်းပေးပို့တဲ့ ၇၇၁ ကီလိုမီတာရှည်တဲ့ ပိုက်လိုင်းကနေ တစ်နှစ်တစ်နှစ် စစ်ကောင်စီဟာ ဒေါ်လာဘီလျံချီရရှိနေတာဖြစ်ပါတယ်။

သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းဟာ ဒေါ်လာ ၁ ဘီလီယံ ကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်သလို ကျောက်ဖြူ-ယူနန် ရေနံစိမ်းပိုက်လိုင်း အတွက် ဒေါ်လာ ၁.၅ ဘီလီယံကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီရေနံပိုက်လိုင်းကနေ တစ်နှစ်အတွင်း တရုတ်ကို ရေနံစိမ်း တန်ချိန် ၂၂ သန်း ပေးပို့ခဲ့ပါတယ်။

မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ အင်တာပရိုက်စ် (MOGE ) က သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ ရှယ်ယာ ၇.၃၆ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ပြီး ရေနံစိမ်းပိုက်လိုင်းမှာတော့ ရှယ်ယာ ၄၉ .၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားလို့ ၂၀၂၂ ခုနှစ် အတွင်း တရုတ်ဆီက ဒေါ်လာ ၁.၄ ဘီလီယံ ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ဒေသကတော့ ရေနံနဲ့သဘာ၀ဓာတ်ငွေတွေ ထွက်ရှိပေမယ့် မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံးပြည်နယ်၊ အလုပ်အကိုင် အရှားပါးဆုံးပြည်နယ်တစ်ခုအဖြစ် နိမ့်ကျစွာတည်ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ ရုရှားနဲ့ တက်ခ်မင်နင်စတန် တို့ပြီးရင် တရုတ်ကို သဘာ၀ဓာတ်ငွေပေးပို့မှု တတိယအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

အမေရိကန်အခြေစိုက် မြန်မာ့စွမ်းအင် ပေါ်လစီလေ့လာစောင့်ကြည့်ရေးအဖွဲ့ EarthRights International ရဲ့ အကြံပေး ဘန်ဟက်ဒ်မန်းက စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှု၊ လေယာဉ်ဆီဝယ်ယူမှု၊ ပြည်တွင်းစစ်မှာ နှိပ်ကွပ်ရေးအတွက် လိုအပ်တာတွေဝယ်ဖို့ နိုင်ငံခြားငွေလိုအပ်ချက်ကို ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ရောင်းချခြင်းကနေ ရရှိနေကြောင်း၊ စစ်ကောင်စီရဲ့ အဓိကဝင်ငွေထောက်တိုင်က MOGE ဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားပါတယ်။

MKF-001

#ရခိုင်ဓာတ်ငွေ့ပိုက်လိုင်း #မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ #တရုတ်

#Mekongnews

Ref:BNI

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now