စီးပွားရေး

မိုးစပါးပေါ်လာလို့ ဆန်ဈေးကျဆင်း၊ တက်ဈေးမိထားတဲ့ ရှမ်းတောင်က ဆန်ကုန်သည်တွေ အရှုံးပေါ်

မဲခေါင် 10 Oct - 2022
မိုးစပါး အသစ်များ ယခုရက်ပိုင်းမှာ ဈေးကွက် အတွင်း ဝင်လာတာကြောင့် ဆန်ဈေး အနည်းငယ် ကျဆင်းပြီး တက်ဈေးနဲ့ ဝယ်ယူ သိုလှောင်ထားတဲ့ ကုန်သည်တွေ အရှုံးပေါ်နေတယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်းမှ ဆန်ကုန်သည်တွေ ထံက သိရပါတယ်။

လက်ရှိ ဆန်အသစ်တွေ ပေါ်လာပြီး အမျိုးအစားအလိုက် ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြား ဈေးကျဆင်းလာပြီး ဆက်လက် ကျဆင်းဖွယ်ရှိတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။

အခုက ဆန်အသစ် ပေါ်ချိန် ဆိုတော့ ပွဲရုံတွေက ဈေးချတော့ ဆန်ဈေးကျတယ် ဆိုပြီး ဖြစ်နေတာ၊ ဆန်ပြတ်လပ်မယ် ဆိုပြီး သတင်းတွေ ထွက်ထားတော့ အရင် ဝယ်ထားတာတွေ မကုန်သေးဘူး။ တက်ဈေးနဲ့ မိထားတဲ့ ဟာတွေက အခု ဈေးကျနေတော့ ပြန်ချရောင်းတော့ ရှုံးတာပေါ့။ ဈေးအတက်အကျကို ချိန်ညှိ ရောင်းနေရတာပေါ့

လို့ တောင်ကြီးမြို့က ဆန်ကုန်သည် တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ စပါးစိုက် ဧက အများအပြား ရှိပေမယ့် ရှမ်းဆန်ကိုသာ အဓိက စိုက်ပျိူးတာကြောင့် ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေက ထွက်တဲ့ ဆန်ကို အဓိက အားထားနေရပြီး ယခု ရှမ်းဆန် အသစ် ပေါ်ပြီ ဖြစ်ကာ ရှမ်းဆန်ဟောင်း တစ်အိတ်ကို ကျပ် ၈၀၀၀၀ ကျော် ပေါက်ဈေးရှိကြောင်း သိရပါတယ်။

လက်ရှိ ရှမ်းပြည်နယ် တောင်ပိုင်း ဆန်ဈေးကွက်မှာ စားသုံးမှု အများဆုံး ဖြစ်တဲ့ ဧည့်မထ တစ်အိတ် ၄၅၀၀၀ ကျပ်ဝန်းကျင်၊ ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ် ၆၆၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၉၀၀၀၀ ကျပ် ဝန်းကျင် ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်း အတွင်း ရန်ကုန်မြို့မှာရှိတဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်ကို ဆန်နဲ့ ဆန်ကွဲ ဝင်ရောက်မှု ၂ ဆခန့် မြင့်တက်နေလို့ ဆန်ဈေး အနည်းငယ် ကျဆင်းနေတယ်လို့ သိရပါတယ်။

မြန်မာ့ဆန် ပြည်ပ ဝယ်လိုအား ရှိပေမယ့် ငွေလဲနှုန်း မငြိမ်သက်မှုကြောင့် ပြည်ပ တင်ပို့ရာမှာ အခက်အခဲများစွာ ရှိနေပြီး လက်ရှိ ပွင့်လင်းရာသီ စပါးသစ် ပေါ်ချိန်မှာ ဖြစ်ပေါ်လာမယ့် ငွေလဲနှုန်းကို စောင့်ကြည့်နေတယ်လို့ ဆန်ကုန်သည်တွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now