စီးပွားရေး

ကော်ဖီစေ့အစို ဈေးနှိမ်လို့ တောင်သူတွေ တွက်ခြေမကိုက်ဖြစ်နေ

မဲခေါင် 7 Dec - 2022
ရှမ်းပြည်နယ်ထွက် ကော်ဖီစေ့ အစိုတွေကို ကုန်သည်တွေက ဈေးနှိမ် ဝယ်ယူနေတဲ့ အတွက် တောင်သူတွေ ကုန်ကျစရိတ်နဲ့ တွက်ခြေမကိုက် ဖြစ်နေပြီး ထပ်မံ တိုးချဲ့ စိုက်ပျိုးဖို့ စိတ်မဝင်စားကြတော့ဘူးလို့ ကော်ဖီစိုက် တောင်သူတွေက ပြောပါတယ်။

လက်ရှိ ကော်ဖီအစို တစ်ပိဿာကို ကျပ် ၃,၀၀၀ ကျော် ပေါက်ဈေးရှိပေမယ့် ကော်ဖီစိုက် ဒေသတွေကို လာဝယ်တဲ့ ကုန်သည်တွေက ဈေးနှိမ်ပြီးတော့ တစ်ပိဿာကို ၁,၃၅၀ ကျပ်နဲ့ ဈေးဖြတ် ဝယ်ယူနေတာကြောင့် ကော်ဖီစိုက် တောင်သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

အခုလို ကော်ဖီစိုက် တောင်သူတွေ အခက်အခဲ တွေ့နေစဉ်မှာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ကော်ဖီ အတွက် GAP လက်မှတ်တွေ စနစ်တကျ ထုတ်ပေးနေပြီး အလေ့အကျင့်ကောင်းတွေ ရရှိလာတာနဲ့ အမျှ အခွန် ဖြေလျော့မှုတွေ လုပ်ပေးမယ်လို့ ပြင်ဦးလွင်မှာ ကော်ဖီစိုက် တောင်သူနဲ့ လုပ်ငန်းရှင်တွေကို ပြောဆို ခဲ့ပါတယ်။

ကော်ဖီက ဘိန်းအစားထိုး သီးနှံပါ၊ အခွန်က အဓိက ပြဿနာ မဟုတ်ပါဘူး။ ငွေလဲနှုန်း ကန့်သတ်ချက်က အခက်ခဲ ဖြစ်စေတာရယ်၊ ခိုင်မာတဲ့ မူဝါဒ ဈေးကွက်စီးပွားရေး စနစ်ကို ဖော်ဆောင်နိုင်ခြင်း မရှိရင် မုန့်လုံး စက္ကူကပ် ဖြစ်နေမှာပဲ။ တူတူတန်တန် ဈေးပေးဝယ်မယ့် ဈေးကွက်မရှိဘူး။ အခုလက်ရှိက တောင်သူရော ကုန်သည်ရော အဆင်မပြေတာ။ အခုလက်ရှိ ပြည်ပပို့နေတဲ့ ဟာတွေကလည်း တောင်သူက အကျိုးခံစားခွင့် မရှိပါဘူး။ တောင်သူရတဲ့ဈေးက အဆင်မပြေနိုင်တဲ့ ဈေးမျိုးဖြစ်နေတာ

လို့ ကော်ဖီ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိ ပြည်ပတင်ပို့ရာမှာ ကော်ဖီ တစ်တန် သိန်း ၂၀၀ ဈေးဖွင့်ပါက တောင်သူဆီက သိန်း ၄၀ ဝန်းကျင်သာ ဈေးပေးဝယ်ပြီး ဘိန်းစိုက်ပျိုးမှုနဲ့ ယှဉ်ပါက ဝင်ငွေများစွာ ကွာဟနေလို့ ဘိန်းအစားထိုး သီးနှံ အဖြစ် စိုက်ပျိုးဖို့ စိတ်ဝင်စားမှု နည်းလာတယ်လို့ သူကဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းက ရွာငံဒေသမှာ ကော်ဖီစိုက်ပျိုးမှု များပြားလာပြီး တစ်နှစ် တန်ချိန် ၃,၅၀၀ နီးပါး ထွက်ရှိနေ ပေမယ့် ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် ခြံပိုင်ရှင်တွေ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now