စီးပွားရေး

ရုံးခန်းမရှိတဲ့ Yagon Time Investment ကုမ္ပဏီက ကျပ်သိန်းပေါင်းများစွာ လိမ်လည်သွား

မဲခေါင် 17 Nov - 2022
Yagon Time Investment ဆိုတဲ့ အမည်ခံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ငွေကြေး ရင်းနှီးမြှုပ်နှံထားသူတွေကို အဆက်အသွယ် မပြုလုပ်တော့ဘဲ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားတယ်လို့ ငွေကြေး ရင်းနှီးမြုပ်နှံသူတွေ ထံက သိရပါတယ်။ လက်ရှိ ကမ္ဘာ့ငွေကြေး လောကမှာ ခေတ်စားနေတဲ့ Forex Copy Trading & Bitcoin mining လုပ်ငန်း လုပ်ကိုင်တယ်လို့ ဖော်ပြထားတဲ့ Yagon Time Investment ကုမ္ပဏီဟာ ရုံးခန်း ဖွင့်လှစ်ထားတာ မရှိဘဲ ရင်းနှီးမြှုပ်နှံသူတွေကို အွန်လိုင်းကနေ စည်းရုံးခဲ့တာကြောင့် အခုလို အလိမ်ခံရချိန်မှာ လိုက်လံ ဖြေရှင်းဖို့ မလွယ်ကူ

Yagon Time Investment ဆိုတဲ့ အမည်ခံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ငွေကြေး ရင်းနှီးမြှုပ်နှံထားသူတွေကို အဆက်အသွယ် မပြုလုပ်တော့ဘဲ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားတယ်လို့ ငွေကြေး ရင်းနှီးမြုပ်နှံသူတွေ ထံက သိရပါတယ်။

လက်ရှိ ကမ္ဘာ့ငွေကြေး လောကမှာ ခေတ်စားနေတဲ့ Forex Copy Trading & Bitcoin mining လုပ်ငန်း လုပ်ကိုင်တယ်လို့ ဖော်ပြထားတဲ့ Yagon Time Investment ကုမ္ပဏီဟာ ရုံးခန်း ဖွင့်လှစ်ထားတာ မရှိဘဲ ရင်းနှီးမြှုပ်နှံသူတွေကို အွန်လိုင်းကနေ စည်းရုံးခဲ့တာကြောင့် အခုလို အလိမ်ခံရချိန်မှာ လိုက်လံ ဖြေရှင်းဖို့ မလွယ်ကူ ဖြစ်နေပါတယ်။

လက်ရှိ ကုမ္ပဏီ တာဝန်ရှိသူတွေ အနေနဲ့ ငွေကြေး ရင်းနှီးမြှုပ်နှံသူများကို အမြတ်ငွေနဲ့ အရင်းငွေတွေ ပေးချေမှု မပြုတော့တဲ့ အပြင် အွန်လိုင်းကနေ မေးမြန်းမှုကို ပြန်မဖြေတော့ဘဲ ဖုန်းတွေပိတ်ကာ တိမ်းရှောင် နေတယ်လို့ သိရပါတယ်။

“သိန်းကိုရာချီ ပါသွားတဲ့ သူတွေက အများကြီးပါ။ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး။ အေးဂျင့်တွေကအစ ဖုန်းမကိုင်တော့ဘူး။ ကျွန်တော် သိရသလောက်တင် သိန်း ၂ ထောင်ကျော်ပါတယ်။ အမြတ်ငွေရတာ ၃ လလောက်ပဲ ရှိပါသေးတယ်။ အခုလည်း တောက်လျှောက် ဆက်သွယ်တာ မရဘဲ မီဒီယာမှာ သတင်းတွေ တက်လာမှ သတင်းတွေ ပြန်မဖြုတ်ပေးရင် မပေးနိုင်ဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ ခြိမ်းခြောက်နေပါတယ်။ အရင်းပဲ ဖြစ်ဖြစ် ပြန်ရှင်းပေးစေချင်ပါတယ်” လို့ ငွေကြေး အလိမ်ခံရသူ တစ်ဦးက ပြောပါတယ်။

ယခု လိမ်လည်မှုတွင် အနည်းဆုံး လူပေါင်း ၅၀၀ ထံက ကျပ်သိန်းပေါင်း သောင်းချီ လိမ်လည်သွားတယ်လို့ ယုံကြည်ရပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဘဏ်နဲ့ တရားဝင် ငွေကြေးလုပ်ငန်းတွေ အပေါ် ယုံကြည်မှု မဲ့လာတဲ့ လူအများစုဟာ လစဉ် အမြတ်ငွေ ရာခိုင်နှုန်း အများအပြား ပေးမယ်လို့ စည်းရုံးတဲ့ ကုမ္ပဏီတွေမှာ ငွေကြေး ရင်းနှီးမြှုပ်နှံရာက လိမ်လည်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး ကျပ်ငွေ သိန်းထောင်ပေါင်းများစွာ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now