စီးပွားရေး

ရှမ်းတောင်မှာ ဆန်ဈေးကျဆင်းလာပေမယ့် ဝယ်လိုအားနည်းပါးနေ

မဲခေါင် 5 Oct - 2022
ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီး ဆန်ဈေး အနည်းငယ် ကျဆင်းလာပေမယ့် ဝယ်လိုအား နည်းပါး နေတယ်လို့ ဆန်ဆိုင်တွေထံ သိရပါတယ်။ မကြာမီ ဆန်အသစ်တွေ ပေါ်တော့မှာ ဖြစ်လို့ ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြား ဈေးကျဆင်းလာပြီး ဆက်လက် ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ “အသစ်တွေ ပေါ်လာပြီဆိုတော့ တစ်အိတ်ကို ဆန်အမျိုးအစားပေါ် မူတည်ပြီး ၂၀၀၀ ကနေ ၅၀၀၀ လောက်အထိ ကျလာတယ်။ ဆက်ကျနိုင်တယ်လို့လည်း ကုန်သည်တွေကတော့ ပြောတယ်။ စောင့်ကြည့်ရအုံးမှာပေါ့” လို့ တောင်ကြီးမှာ ဆန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဝက်ခန့်မှ စတင်ပြီး

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီး ဆန်ဈေး အနည်းငယ် ကျဆင်းလာပေမယ့် ဝယ်လိုအား နည်းပါး နေတယ်လို့ ဆန်ဆိုင်တွေထံ သိရပါတယ်။

မကြာမီ ဆန်အသစ်တွေ ပေါ်တော့မှာ ဖြစ်လို့ ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြား ဈေးကျဆင်းလာပြီး ဆက်လက် ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။

“အသစ်တွေ ပေါ်လာပြီဆိုတော့ တစ်အိတ်ကို ဆန်အမျိုးအစားပေါ် မူတည်ပြီး ၂၀၀၀ ကနေ ၅၀၀၀ လောက်အထိ ကျလာတယ်။ ဆက်ကျနိုင်တယ်လို့လည်း ကုန်သည်တွေကတော့ ပြောတယ်။ စောင့်ကြည့်ရအုံးမှာပေါ့” လို့ တောင်ကြီးမှာ ဆန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဝက်ခန့်မှ စတင်ပြီး ကုန်သည်တွေ ဆန်ဝယ်ယူရ ခက်ခဲကာ ဆန်ပြတ်လပ်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဆန်တွေ အလုအယက် ဝယ်ယူ စုဆောင်းထားကြတဲ့ အတွက် လက်ရှိ ပုံမှန် ရောင်းအားထက် ထက်ဝက်ခန့် ကျဆင်းနေတယ်လို့ သိရပါတယ်။

“ဆန်ပြတ်မယ်ထင်ပြီး ပိုက်ဆံရှိတဲ့ သူတွေက ကြောက်ကြောက်နဲ့ ဝယ်စုထားကြတော့ အခုဆို ဆန်ဆိုင်တွေမှာ ရောင်းအားက တဝက်တောင် မနည်း ရောင်းနေရတယ်။ ပိုက်ဆံရှိတဲ့ လူတချို့နဲ့ အခြေခံ လူတန်းစားတွေ လောက်ပဲ လာဝယ်ကြတော့တာ။ ဝယ်စုထားတဲ့ လူတွေက နောက် သုံးလ လေးလလောက်အထိ ဝယ်စရာ မလိုတော့ဘူးလေ” လို့ အောင်ပန်းမြို့မှာ ဆန်ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဆန်ဈေးကွက်မှာ စားသုံးမှု အများဆုံးဖြစ်တဲ့ ဧည့်မထ တစ်အိတ် ၄၇၀၀၀ ကျပ်ဝန်းကျင်၊ ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ် ၆၈၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၉၂၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

ဒုတိယ စားသုံးမှု အများဆုံး ဆန်တွေဖြစ်တဲ့ ရှမ်းဆန်ဈေးကွက်မှာ နောင်မွန်ခေါက်နမ့်ခမ်း တစ်အိတ် ၈၀၀၀၀ ကျပ်ဝန်းကျင်၊ နောင်မွန် ရွှေရင်အေး တစ်အိတ် ၇၈၀၀၀ ကျပ်ဝန်းကျင်၊ ရွှေအပ်တစ်အိတ်ကို ၆၆၀၀၀ ကျပ်ဝန်း ကျင် ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စပါးစိုက်ဧက များစွာရှိပေမယ့် ဒေသဆန် ဖူလုံမှု မရှိတဲ့အတွက် ခေတ်အဆက်ဆက် ပြည်မက ထွက်ရှိတဲ့ ဆန်တွေကိုသာ အားထားနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now