စီးပွားရေး

စက်သုံးဆီဈေး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းအထိမကျသေးဟု လုပ်ငန်းရှင်များ သုံးသပ်

မဲခေါင် 6 Oct - 2022
ယခုရက်ပိုင်းမှာ ပြည်တွင်း စက်သုံးဆီဈေးတွေ ပြန်လည် ကျဆင်းနေတယ် ဆိုပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းအထိ မကျသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံး အပတ်က ဒီဇယ် တစ်လီတာ ၃၂၀၀ ကျပ်ဝန်းကျင်နဲ့ 92 တစ်လီတာ ၂၆၃၅ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး မနေ့ အောက်တိုဘာလ ၅ ရက်မှာ 92 တစ်လီတာ ၁၈၈၀ ကျပ်၊ 95 တစ်လီတာ ၁၉၅၀ ကျပ်၊ ရိုးရိုးဒီဇယ် ၂၄၈၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၅၆၅ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။ “စက်သုံးဆီဈေး ကျဆင်းလာတာလို့ ပြောလို့ မရပါဘူး၊ အရင်တုန်းက ဈေးတန်း တစ်ခုနဲ့ယှဉ်ရင်။

ယခုရက်ပိုင်းမှာ ပြည်တွင်း စက်သုံးဆီဈေးတွေ ပြန်လည် ကျဆင်းနေတယ် ဆိုပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းအထိ မကျသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံး အပတ်က ဒီဇယ် တစ်လီတာ ၃၂၀၀ ကျပ်ဝန်းကျင်နဲ့ 92 တစ်လီတာ ၂၆၃၅ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး မနေ့ အောက်တိုဘာလ ၅ ရက်မှာ 92 တစ်လီတာ ၁၈၈၀ ကျပ်၊ 95 တစ်လီတာ ၁၉၅၀ ကျပ်၊ ရိုးရိုးဒီဇယ် ၂၄၈၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၅၆၅ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။

“စက်သုံးဆီဈေး ကျဆင်းလာတာလို့ ပြောလို့ မရပါဘူး၊ အရင်တုန်းက ဈေးတန်း တစ်ခုနဲ့ယှဉ်ရင်။ နိုင်ငံရေး အခြေနေကြောင့် ဈေးတွေက အဆမတန် မြင့်တက်သွားတာ၊ အရင်ဈေးတန်း နီးပါးတောင် မရောက်သေးတဲ့ အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်း တစ်ခု မရောက်သေးဘူး။ ဆီဈေး ကျတယ်ဆိုတာ လတ်တလော အရမ်းမြင့်တက်မှု အတွက် ဈေးကျတယ်ပဲ ပြောလို့ရမယ်” လို့ အမည်မဖော်လိုသူ လုပ်ငန်းရှင် တစ်ဉီးက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ဓာတ်ဆီ တန်ချိန် ၈ သောင်းနဲ့ ဒီဇယ်တန်ချိန် ၁ သိန်းခွဲ တင်သွင်းခွင့် ပြုခဲ့ပြီး စက်သုံးဆီ လုံလောက်ဖို့နဲ့ ဈေးနှုန်းကျဆင်းဖို့ လုပ်နေတယ်လို့ ပြောနေပေမယ့် စစ်အာဏာမသိမ်းခင်က ဈေးတန်း ပြန်ရောက်ရန် လိုအပ်နေကြောင်း ၎င်းကဆိုပါတယ်။

“နှစ်ထောင်အောက် ရောက်တယ် ဆိုပေမယ့် သိသာတဲ့ ကျဆင်းမှုတော့ မဟုတ်ဘူး၊ အရင်က တစ်လီတာမှ ၁၃၀၀ ပဲ ရှိတာလေ၊ ဈေးကျတယ်ဆိုပြီး ပြောဖို့ကတော့ စောင့်ကြည့်ရမယ်၊ ပြန်တက်ဖို့ အရှိန်ယူတာလည်း ဖြစ်နိုင်တယ်၊ ပြီးခဲတဲ့ လတွေတုန်းက တစ်ရက်ကို ၂၀၊ ၃၀ လောက် အကျပြပြီး ၁၀၀ လောက် ပြန်တက်ခဲ့တာ၊ စောင့်ကြည့်ရမှာပေါ့၊ အခုလို တဖြည်းဖြည်း ကျသွားရင်တော့ အဆင်ပြေတာပေါ့၊ ကုန်ဈေးနှုန်းတွေကတက် ဆီဈေးကတက်ဆို အဆင်မပြေဘူး” လို့ ရန်ကုန်မြို့က အဌားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နေ့စဉ်စ က်သုံးဆီ ရည်ညွှန်းဈေးကို စင်္ကာပူ အခြေစိုက် MOPS ရဲ့ ဈေးနှုန်းအပေါ် အခြေခံ တွက်ချက်တာ ဖြစ်ပြီး လက်ရှိ MOPS ဈေး ကျဆင်းမှုနဲ့ ပြင်ပ ဒေါ်လာငွေလဲနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ကျဆင်းခဲတာလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now