စီးပွားရေး

စစ်ကောင်စီ လက်အောက်ခံ ရွှေအသင်းရဲ့ ဈေးထိန်းမှုကြောင့် ရွှေဆိုင်တွေ အလျော့တွက်လက်ခ တင်ရိုက်ဖို့ရှိနေ

မဲခေါင် 31 Oct - 2022
ရန်ကုန်တိုင်း အတွင်းရှိ ရွှေဆိုင်တွေ အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းချဖို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် ရွှေအသင်းရဲ့ ဈေးထိန်း ထုတ်ပြန်ချက်ဟာ ပေါက်ဈေး ၂၆ သိန်းကျော်နဲ့ ကွာဟနေတာကြောင့် ရွှေဆိုင်တွေ အနေနဲ့ အလျော့တွက် လက်ခံတွေ ပိုတွက်ပြီး ရောင်းလာမယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။ ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်က ရန်ကုန် ရွှေအသင်းက စစ်ကောင်စီရဲ့ ရွှေနဲ့ ငွေကြေး ထိန်းသိမ်းရေး အဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ဟုဆိုကာ ရန်ကုန်တိုင်း အတွင်းရှိ ရွှေဆိုင်အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချရမယ်လို့

ရန်ကုန်တိုင်း အတွင်းရှိ ရွှေဆိုင်တွေ အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းချဖို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် ရွှေအသင်းရဲ့ ဈေးထိန်း ထုတ်ပြန်ချက်ဟာ ပေါက်ဈေး ၂၆ သိန်းကျော်နဲ့ ကွာဟနေတာကြောင့် ရွှေဆိုင်တွေ အနေနဲ့ အလျော့တွက် လက်ခံတွေ ပိုတွက်ပြီး ရောင်းလာမယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်က ရန်ကုန် ရွှေအသင်းက စစ်ကောင်စီရဲ့ ရွှေနဲ့ ငွေကြေး ထိန်းသိမ်းရေး အဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ဟုဆိုကာ ရန်ကုန်တိုင်း အတွင်းရှိ ရွှေဆိုင်အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ပန်ကြားလွှာဆိုပြီး ထွက်လာတာ၊ သူတို့က ဒီလို သတ်မှတ်တယ်ဆို ဆိုင်တွေကတော့ သူတို့ခိုင်းတဲ့ ဈေးနဲ့ပဲ ရောင်းရမှာပေါ့။ ဒါပေမယ့် အလျော့တွက် လက်ခတွေ ပိုတွက်ပြီး ရောင်းကြမှာပေါ့။ ကိုယ်ကိုက်အောင် တွက်ပြီး ရောင်းကျမှာပဲ။ ဝယ်ယူတဲ့ သူတွေက အလျော့တွက် ပိုပေးရ သလို ဖြစ်သွားမှာ။ ဒီလိုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အပြင်က ရောင်းဝယ်မှု ပုံစံကို စာထုတ်တဲ့ အသင်းက လူတွေက သိပါတယ်။ အပေါ်က ဖိအား ပေးမှုတွေကြောင့် မတတ်သာလို့ ကြေညာ လိုက်ရတဲ့ သဘောပါ။ မှောင်ခိုဈေး ၂၆ သိန်းကျော်နဲ့ အရောင်းအဝယ်တွေ လုပ်နေကြတယ်။ အရေးယူမယ့် အပိုင်းတွေက ရှိလာမှာပဲ။ ဆိုင်တွေမှာ တရားဝင် ကတော့ ၂၅ သိန်း ၃ သောင်းနဲ့ပဲ ရောင်းကြမှာ။ အရေးယူလို့ မရအောင် ရောင်းကြမှာပဲ” လို့ လမ်းမတော်မြို့နယ်က ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ယခုလ အတွင်း ရွှေအသင်းက ရွှေ ၁၀ ပိဿာကျော် တရားဝင် ရောင်းချခဲ့စဉ်က ခဏတာ ဈေးနှုန်း ကျဆင်းခဲ့ပေမယ့် လက်ရှိ မှောင်ခိုဈေးကွက် ကြီးထွားလာပြီး အခု ထုတ်ပြန်မှုကို အကြောင်းပြုကာ ရွှေဆိုင်များ အလျော့တွက် လက်ခ တိုးမြှင့်မှုကြောင့် ဝယ်ယူသူတွေ ရွှေတစ်ကျပ်သား ကျပ် ၁ သိန်းနီးပါး နစ်နာနိုင်တယ်လို့ ၎င်းကဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရွှေနဲ့ ငွေကြေးအဖွဲ့က ရွှေဈေး သတ်မှတ်ပေးဖို့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး “မနေ့က ရွှေရည်နဲ့‌ ငွေကြေးအဖွဲ့က လမ်းညွန်တာ။ အဲ့ဈေးနဲ့ သတ်မှတ်ပေးပါဆိုလို့ သတ်မှတ်ပေးလိုက်တယ်။ ရွှေဆိုင်အားလုံးက အသင်းဝင် မဟုတ်တဲ့ အတွက် အသင်းပေချ့်မှာ တင်ပေးလိုက်တယ်။ အဲ့ဒီအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းတဲ့ သဘောနဲ့ ထုတ်ပြန်တာပါ။ ဒါကို ရွှေဆိုင် အားလုံးလိုက်နာ ဆောင်ရွက်ကြရမှာပါ။ လိုအပ်တဲ့ ထိန်းကျောင်းမှုကိုတော့ ရွှေနဲ့ငွေကြေးအဖွဲ့က ဆက်လက် ထိန်းကျောင်း သွားမှာပါ။ ဦးတို့က သူတို့ လမ်းညွှန်တာ အကြောင်းကြားပေးတာပါ” လို့ ရွှေအသင်း တာဝန်ရှိသူက ပြောပါတယ်။

ယခင် စစ်ကောင်စီ လက်ထက်ကလည်း အခုလို ရွှဈေး သတ်မှတ်ခဲ့လို့ ရွှေဆိုင်များ အလျော့တွက် လက်ခများ တိုးမြှင့် တွက်ချက် ရောင်းခဲ့ချခဲ့ရပြီး ထိရောက်မှု မရှိကြောင်း၊ အသင်း အနေနဲ့ လုပ်ငန်း အတွေ့အကြုံ အရ ထ်ရောက်မှု မရှိဘူးဆိုတာ သိပေမယ့် ဖိအားပေး ထုတ်ပြန်ခိုင်းတာ ဖြစ်မယ်လို့ ရွှေကုန်သည်များက သုံးသပ်ပါတယ်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရွှေဆိုင်တွေ အနေနဲ့ စစ်ကောင်စီ သတ်မှတ်တဲ့ ရွှေဈေး ၂၅ သိန်း ၃ သောင်းနဲ့ ဟန်ပြ ရောင်းဝယ်မှု ပြုနေပေမယ့် ဈေးကွက်ထဲမှာ ၂၆ သိန်း ၆ သောင်းခွဲ ပေါက်ဈေးနဲ့ အရောင်းအဝယ် လုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now