စီးပွားရေး

စစ်ခေါင်းဆောင်က မြေပြင်အခြေအနေကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာပြောနေဟု လုပ်ငန်းရှင်များဝေဖန်

မဲခေါင် 2 Nov - 2022
အာဏာသိမ်း စစ်ခေါင်းဆောင်က သီးနှံစိုက်ပျိုးမှု အထွက်နှုန်းကောင်းကာ ပြည်ပတင်ပို့မှု အားကောင်း လာတယ်လို့ ပြောဆိုမှုဟာ မြေပြင်အခြေနေကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာ ပြောဆိုမှုသာ ဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။ မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းဝေးမှာ တိုင်းပြည်သာယာဝပြောပြီး ဆန်နဲ့ပဲ အပါအဝင် အခြားသီးနှံများ အထွက်နှုန်းကောင်းကာ ပြည်ပ တင်ပို့မှု အားကောင်းလာတဲ့ အတွက် ဒီထက်ပို လုပ်နိုင်အောင် ကြိုးစားရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး “မူဝါဒကို အမျိုးမျိုးပြောင်းလဲတယ်။ အခွန်အခ ဈေးတွေတက်တာတွေနဲ့ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နေတာပါ။ အထွက်နှုန်းကောင်းလို့ ပြည်ပ တင်ပို့နိုင်တာ မဟုတ်ပါဘူး။ ကုန်သည်က

အာဏာသိမ်း စစ်ခေါင်းဆောင်က သီးနှံစိုက်ပျိုးမှု အထွက်နှုန်းကောင်းကာ ပြည်ပတင်ပို့မှု အားကောင်း လာတယ်လို့ ပြောဆိုမှုဟာ မြေပြင်အခြေနေကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာ ပြောဆိုမှုသာ ဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းဝေးမှာ တိုင်းပြည်သာယာဝပြောပြီး ဆန်နဲ့ပဲ အပါအဝင် အခြားသီးနှံများ အထွက်နှုန်းကောင်းကာ ပြည်ပ တင်ပို့မှု အားကောင်းလာတဲ့ အတွက် ဒီထက်ပို လုပ်နိုင်အောင် ကြိုးစားရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး “မူဝါဒကို အမျိုးမျိုးပြောင်းလဲတယ်။ အခွန်အခ ဈေးတွေတက်တာတွေနဲ့ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နေတာပါ။ အထွက်နှုန်းကောင်းလို့ ပြည်ပ တင်ပို့နိုင်တာ မဟုတ်ပါဘူး။ ကုန်သည်က ကုန်ကို ဆက်လှောင်ထားလို့ မရတော့လို့ အရင်နှစ်ကဟာတွေ ထုတ်ရောင်းရတာပါ။ သူက မြေပြင် အခြေနေကို မျက်ကွယ်ပြုပြီး ဟန်ပြ ပြောနေတာ။ ဒေါ်လာ ဂယက်ကြောင့် တစ်ဖက်နိုင်ငံနဲ့ ကတိကဝတ် ပျက်မှာစိုးလို့ အရှုံးခံ ပို့နေရတဲ့ အခြေနေပါ” လို့ ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိ စိုက်ပျိုးသီးနှံ အဓိက ထွက်ရှိတဲ့ တိုင်းနဲ့ ပြည်နယ် ဒေသတွေမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲများ ဖြစ်နေပြီး တောင်သူများ လယ်ယာစွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကာ နေအိမ်များကိုပါ စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီး နေပါတယ်။

ဒါ့အပြင် တောင်သူတွေ အနေနဲ့ စိုက်ပျိုးဖို့ မျိုးစေ့လုံလောက်မှု မရှိခြင်း၊ ဓာတ်မြေသြဇာ ဈေးအဆမတန်တက်ခြင်း၊ စိုက်ပျိုးမြေ သိမ်းယူခံရမှုများ ရှိနေခြင်း တို့ကြောင့် လာမယ့်နှစ် သီးနှံ ထွက်ရှိမှု ကျဆင်းကာ ပြည်ပတင်ပို့နိုင်မှု လျော့ကျနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အစည်းအဝေးတွေမှာ မြေပြင် အခြေအနေနဲ့ ကင်းကွာတဲ့ လက်တန်း စီမံကိန်းတွေကို ချပြ အကောင်အထည်ဖော်ဖို့ တွန်းအားပေးလေ့ရှိတဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံတော်က ထုတ်ချေးပေးထားတဲ့ ငွေတွေ တာဝန်သိစိတ်နဲ့ ပြန်လည်ပေးဆပ်ဖို့ ပြည်သူတွေကို ခြမ်းခြောက် ပြောဆိုခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now