စီးပွားရေး

အင်းလေးခရမ်းချဉ်သီး စံချိန်တင်စျေး ထပ်မံမြင့်တက်လာပြီး စျေးကွက်ရောင်းအားကောင်းနေ

မဲခေါင် 10 Jun - 2024
ရှမ်းတောင်၊ အင်းလေးကန်ထွက် ခရမ်းချဉ်သီးတွေ စံချိန်တင်စျေးကောင်းရနေပြီး စျေးကွက် ရောင်းအားကောင်းနေတယ်လို့ ညောင်ရွှေနဲ့ အောင်ပန်းက ပွဲရုံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၁၀

ရှမ်းတောင်၊ အင်းလေးကန်ထွက် ခရမ်းချဉ်သီးတွေ စံချိန်တင်စျေးကောင်းရနေပြီး စျေးကွက် ရောင်းအားကောင်းနေတယ်လို့ ညောင်ရွှေနဲ့ အောင်ပန်းက ပွဲရုံတွေဆီက သိရပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ အင်းလေး ခရမ်းချဉ်သီး (ပိဿာ ၃ဝပါ) တစ်တင်းကို ကျပ်ငွေ ၉ သောင်းရှိခဲ့ရာမှာ မနေ့ ဇွန် ၉ ရက်မှာတော့ ကျပ် ၁ သိန်းအထိ ပေးဝယ်နေရတယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေဆီက သိရပါတတယ်။

“အခြားနေရာတွေက ထွက်တာတွေက စျေးမရတော့ဘူး၊ အင်းသီးကို ၃ ရက်လောက် ကားတင်ဝယ်ရတာကို စျေးကွက်မှာ အရမ်းရောင်းကောင်းနေတယ်၊ လတ်တလောတော့ ပြည်မကရော ရှမ်းအရှေ့ကရော ဆွဲနေတာ၊ ထိုင်းသီးမထွက်သေးခင် ၁ လလောက်တော့ စျေးရနေမယ်ခန့်မှန်းတယ်၊ တောင်သူတွေစျေးကွက် အခြေအနေအပေါ် လိုက်ရောက်ဖို့ လိုမယ်”လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင် တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

အောင်ပန်းစျေးကွက်မှာ လက်ရှိ ထိပ်စ ကျင်းသီး ဂွတ်ရှယ် ၁ပိဿာ ၃၈၀၀ ကျပ်နဲ့၊ အလတ်စ ၃၅၀၀ ကျပ်မှာ အင်းသီးများသာဖြစ်နေပြီး အသားထူ အထားခံတဲ့အပြင် အချိန်ကိုက်ရောင်းချနိုင်မှုက စျေးကောင်းရစေကြောင်း ၄င်းကပြောပါတယ်။

ညောင်ရွှေပွဲရုံများကတော့ အင်းရေတက်လာသဖြင့် ခရမ်းချဉ်စိုက် ကျွန်းမျော ရာကျော် ရေနစ်မြုပ်မှုတွေရှိလို့ အချို့တောင်သူတွေ ဝမ်းနည်းမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“ကုန်ကျစရိတ်များလို့ စိုက်သူနည်းတာ၊ အခုက ကျွန်းသမားတွေအနည်းငယ်ပဲ စျေးကောင်းရတာ၊ ရေမြုပ်တာက ၁ ပုံလောက်ရှိတယ်၊ စျေးကောင်းချိန်ပျက်တော့ ခံရတာပေါ့”လို့ ကျွန်းမျောစိုက်တောင်သူ ၁ ဦးက ပြောပါတယ်။

စျေးကွက်တွင် တစ်နေ့ကို ၁၂ ဘီးကား အစီး ၂၀ ခန့် တင်ပို့နေရပြီး ပြည်မနဲ့ထိုင်းဘက်က ခရမ်းချဉ်မထွက်ခင် စျေးကောင်းရနေဦးမှာ ဖြစ်ပြီးနောက် တဖြည်းဖြည်းစျေးကျသွားမှာဖြစ်တယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင်ကပြောပါတယ်။

“စျေးကွက်လိုအပ်ချက်ကတော့ ဒီလကုန်အကျော်လောက်ထိ လောက်ပါတယ်၊ ကျွန်းမျောတွေ မပျက်ရင် ပိုရမှာ၊ အခုက ပင်းတယဘက်ကလဲ အထွက်ကုန်နေတော့ အင်းသီးက တစ်နိုင်ငံလုံး လိုအပ်ချက်ဖြစ်လာနေတာ”လို့ပြောပါတယ်။

ယမန်နှစ်က အင်းသီး ၁ ပိဿာ ၁ ရာကျပ်ခန့်အထိ စျေးကျဆင်းခဲ့လို့ တောင်သူတွေ မစိုက်ရဲတာအပြင် ကုန်သည်တွေက ဓာတ်မြေသြဇာမထုတ်ပေးလို့ လယ်ကို ပြောင်းလဲစိုက်ကြတာကြောင့် ခရမ်းချဥိ် စိုက်ပျိုးဧက လျော့နည်းခဲ့တာလို့ သိရပါတယ်။

ရှမ်းတောင်ထွက် ခရမ်းချဉ်သီးများအနက် အင်းသီးမှာ အသားထူးခြင်း၊ အထားခံခြင်း၊ အစေ့နည်းခြင်းစတာတွေကြောင့် မရှိမဖြစ် မီးဖိုချောင်သုံးဖြစ်သလို ခရမ်းချဉ်သီးဆော့ လို့အခြားစားသောက်ကုန်လုပ်ငန်းများကလည်း အသုံးများတဲ့အတွက် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ ကျိုင်းတုံတို့ဘက်သို့နှစ်စဉ် တင်ပို့ရောင်းချနေရတာလို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now