စီးပွားရေး

ထိုင်းဘက်က ပြောင်းအဝယ်လိုက်ပေမယ့် အခွန်တွေကြောင့် တောင်သူတွေ ငွေပေါ်သာရောင်းချ

မဲခေါင် 29 Jan - 2024
ထိုင်းနိုင်ငံက ပြောင်းအဝယ်လိုက်လာသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်သို့ ပြောင်းများ ပေးပို့နိုင်သော်လည်း ပေးဆောင်ရတဲ့အခွန် ၃ ထပ်ကြောင့် အမြတ်မရှိဘဲ ငွေပေါ်ရောင်းချရတဲ့ အနေအထား ဖြစ်တယ်လို့ တောင်သူများထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

ထိုင်းနိုင်ငံက ပြောင်းအဝယ်လိုက်လာသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်သို့ ပြောင်းများ ပေးပို့နိုင်သော်လည်း ပေးဆောင်ရတဲ့အခွန် ၃ ထပ်ကြောင့် အမြတ်မရှိဘဲ ငွေပေါ်ရောင်းချရတဲ့ အနေအထား ဖြစ်တယ်လို့ တောင်သူများထံက သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁ ရက် က စပြီး တာချီလိတ်တံတားအမှတ်(၂)က တင်ပို့နိုင်မယ့် ပြောင်းဈေးကွက်တွင် မြန်မာ-ထိုင်း စာရွက်စာတမ်း (Form-E) အပြီးအစီး တစ်ပိဿာကို ၁၃၇၀ က ၁၃၈၀ ဈေးပေးဝယ်နေတဲ့အတွက် အေးစက်နေတဲ့ ပြောင်းဈေးကွက် အနည်းငယ်လှုပ်ခတ်လာ တာဖြစ်ပါတယ်။

အဓိက အခွန် ၃ ထပ်ကြောင့် အမြတ်မရနိုင်တာ၊ လမ်းကြေး၊ တာချီလိတ်မြို့အဝင်ကြေး၊ နဲ့ တံတားကြေးတွေက အမြတ်မပြောနဲ့အရင်းထဲက တောင်ပါချင်နေတာ၊ အစိုးရတရားဝင် အခွန်ပဲဆောင်ရရင် တောင်သူတွေ တွက်ချေကိုက်နိုင်ပါတယ်လို့ ပြောင်းတောင်သူ တစ်ဦးက ပြောပါတယ်။

နမ့်စန်က တာချီလိတ်သို့ ပြောင်းတင်ပို့ရာတွင် လမ်းကြေး ၈ သိန်းခန့်၊ တာချီလိတ်မြို့ဝင်ကြေး ၅ သိန်းတို့ကို ပေးဆောင်ရသလို တရားဝင်အခွန် ၁၄ သိန်းကျော် ကုန်ကျတာ စုစုပေါင်း ၂၇ သိန်း လောက် ကုန်ကျတယ်လို့ သိရပါတယ်။

နှစ်စဉ် တရုတ်နိုင်ငံဖက်ကို အများအပြားတင်ပို့နေရတဲ့ ပြောင်းဈေးကွက်ဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ အခုရှမ်းပြည်နယ်အခြေအနေကြောင့် အရောင်းအဝယ် အေးစက်နေတဲ့နေရာမှာ ထိုင်းဘက်က အဝယ်လိုက်လာတာဖြစ်လို့ ပြောင်းတောင်သူတွေ အနည်းငယ်အသက်ရှုချောင်ရတယ်လို့ ငွေပေါ်တာပေါ့လို့ သူက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ ရင်းထားရတဲ့ စိုက်ပျိုးစားရိတ်တွေက အတက်ဈေးနဲ့ ဝယ်ယူထားရတာဖြစ်ပြီး ပြောင်းမျိုးကို ယခင်ပုံမှန်ပေါက်ဈေးထက်၂ ဆ၊ မြေသြဇာကို ၃ ဆ၊ စိုက်စားရိတ် ၃ ဆ နဲ့ရင်းထားကြရပြီး ၂၀၂၁ က ပြောင်းဈေး ကျပ် ၆၀၀ လောက်သာ ရှိပေမယ့် ခု ၁၂၀၀ ကျော်ရောင်းရလဲ တွက်ချေမကိုက်ဘူးလို့ ဆိုကြပါတယ်။

အခုက ၁၀၀၀ အောက်ဈေးပဲ ရောင်းရနေရတာဖြစ်လို့ တရုတ်နှစ်သစ်ကူးပြီးရင် ဈေးတက်လေ့ရှိတာကိုပဲ မျှော်လင့်နေရတယ်လို့ ပြောကြပါတယ်။

ယခုဈေးအတိုင်း ဆက်သွားနေရင်တော့ နောက်နှစ်ပြောင်းစိုက်ဖို့ ကြောက်သွားကြမှာလို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်သူများအသင်းက ဦးတိုးတက်နိုင်က ပြောပါတယ်။

ပြောင်းစိုက်တောင်သူတွေအနေနဲ့ ပြောင်းအစိုဓာတ် ၁၅ ဒီဂရိအောက်မှာ ထားသိုကြပြီး လပိုင်းလောက်မစောင့်ဘဲ ရောင်းချင်ကြသူတွေအနေနဲ့ ချင့်ချိန်ရောင်းကြဖို့ သူက အကြံပြုပါတယ်။

ဈေးကွက်အရောက် ဈေးတွေကတော့ ရန်ကုန် ၁၀၈၀ ကျပ်က ၁၁၅၀ ၊ မန္တလေး ၉၇၀ က ၁၀၀၀ ၊ တောင်ကြီး ၉၃၀ က ၉၆၀၊ လားရှိုး ၇၃၀ က ၇၈၀ ၊ သင်္ဘောတစ်တန် ၆၂၃ ပိဿာ ကို ၂၂၀ ဒေါ်လာကနေ ၂၅၀ ဒေါ်လာ၊ ထိုင်း ၁၀ ဘတ်က ၁၂ ဘတ် နဲ့ တရုတ်လမ်းဖွင့်ရင် နယ်စပ်ဈေး ၁၀၅ယွမ်က ၁၂၀ ထိ ရှိနိုင်တယ်လို့ သူ့ထံက သိရပါတယ်။

ပြောင်းတစ်အိတ်လျှင် ၃၀. ၆၂ ပိဿာ ဆိုသော်လည်း အစိုဓတ်အလျော့တွက်အတွက် ထပ်ဆောင်းကာ ၃၀.၇၅ ပိဿာကို တောင်သူတွေက ၅၀ ကီလိုအနေနဲ့ ထည့်သွင်းရပြီး ပြောင်းကားတစ်စီးလျှင်၃၅ တန်( အိတ် ၇၀၀ က ၇၂၀ အထိ) တင်ဆောင်ပြီး ကားခကတော့ ဝေးလေ ဈေးပေးရလေ
ဖြစ်တယ်လို့ ပြောင်းတင်ကားဈေးကွက် ကသိရပါတယ်။

ပြောင်းမှာ သီးနှံခွန်အတွင်း မပါရှိပေမယ့် လမ်းတွေမှာ သီးနှံခွန်အနေနဲ့ ဆောင်ရတာအပြင် တရားမဝင်ကောက်ခံမှုတွေကလည်း ကားတစ်စီးကို ၂၇ သိန်းက သိန်း ၃၀ လောက်ထိ ရှိနေတယ်လို့ သိရှိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ ပြောင်းများကို အရင်က တစ်အိတ်လျှင် ၅၀၀ ကျပ်သာ ပေးဆောင်ရတဲ့ ဂိတ်တွေမှာ ကျပ် ၁၀၀၀ အထိ ပေးဆောင်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ခုချိန်မှာတော့ မြို့အလိုက်ဒေသဈေးနှုန်း(တစ်ပိဿာ)က နမ္မတူ ကျပ် ၅၀၀၊ ကျောက်မဲ ၉၀၀ ၊ ဆတ်သေ ၉၀၀၊ လဲချား ၇၅၀၊ အောင်ပန်း၉၅၀ တို့ ရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။

MK – 012

#MeKongNews

#ပြောင်းစျေး

#ထိုင်း

#အခွန်

#တောင်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now