မှုခင်းသတင်း

တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ နေ့ခင်းကြောင်တောင် ရဲအသွင်ယူ လက်ထိပ်ခတ် ဓါးပြတိုက်မှုဖြစ်ပွား

မဲခေါင် 2 Aug - 2023
မဲခေါင်၊ သြဂုတ် ၂ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံး လမ်းမကြီးဘေး၊ အဝေရာ မီးပုံးပျံကွင်းမှာ မနေ့ ဩဂုတ်လ ၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ရဲအသွင်ယူ လက်ထိပ်ခတ် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၂

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံး လမ်းမကြီးဘေး၊ အဝေရာ မီးပုံးပျံကွင်းမှာ မနေ့ ဩဂုတ်လ ၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ရဲအသွင်ယူ လက်ထိပ်ခတ် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်းက ကျောင်းသား တစ်ဦးဟာ သူနေထိုင်တဲ့ ရွာကနေ တောင်ကြီးမြို့ပေါ် ပြန်လာစဉ် မီးပုံပျံကွင်းက ဇရပ်မှာ ခဏတာ မိုးဝင်ခိုရာက ဓါးပြတိုက်ခံလိုက်ရတာ ဖြစ်တယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“သူက ဇရပ်မှာ မိုးခိုနေတဲ့ အချိန်မှာ ရဲလိုလို ဘာလိုလို လူ ၂ ယောင် ရောက်လာပြီး ဖုန်းစစ်မယ် ဆိုပြီး တောင်းတယ်။ ပြီးတော့ သူ့ကို လက်ထိပ်ခတ် ဓါးထောက်ပြီး အကုန်လုသွားတယ်” လို့ သူက ရှင်းပြပါတယ်။

လုယက်ခံရသူဟာ အသက် ၂၀ ဝန်းကျင်အရွယ် ဖြစ်ပြီး ဖုန်း၊ ကျောင်းစရိတ်တွေ စုထည့်ထားတဲ့ ပိုက်ဆံအိတ် အပြင် ဆိုင်ကယ်ပါ လုယက် ခံလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

လုယက်သူ ၂ ဦးဟာ အသက် ၄၅ နှစ် ဝန်းကျင်တွေ ဖြစ်ပြီး ရဲအသွင် ယူထားတယ်လို့ ဆိုပါတယ်။

“အရိုက်တော့ မခံရဘူး။ သူက ရဲထင်ပြီး အသာတကြည် ပေးလိုက်တာ။ တစ်ယောက်ထဲ မသွားသင့်တဲ့ နေရာ ဖြစ်နေပြီ။ တစ်နေရာရာ သွားရင် မိုးမခိုရအောင် ထီး၊ မိုးကာ အပြည့်စုံ ဆောင်ထားသင့်တယ်” လို့ လုယက်ခံရသူနဲ့ နီးစပ်သူ နောက်တစ်ဦးက ပြောပါတယ်။

လုယက်ခံရစဉ် ဘေးနားကလူတွေ တွေ့မြင်နေကြပေမယ့် ဝိုင်းမကူဘဲ အလုခံရသူ ကျောင်းသားဟာလည်း ဓါးထောက်ခံထားရတာကြောင့် အော်ဟစ် အကူအညီတောင်းလို့ မရဘူးလို့ ဆိုပါတယ်။

အဝေရာ မီးပုံးပျံကွင်းဘေးက ဘူတာအနီးမှာ ရဲကင်းရှိပြီး မီးပုံးပျံကွင်း အရှေ့ဘက်ဇရပ် ယာယီ ကျန်းမာရေးဌာနမှာ ရဲ ၂ ဦး အမြဲစောင့်နေတဲ့ကြားက အခုလို ဓါးပြတိုက်သွားတာကြောင့် အံ့ဩမိတယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။

CJ-007
#MekongNews
#တောင်ကြီးမြို့
#အဝေရာ_မီးပုံးပျံကွင်း
#ဓားထောက်လုယက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

မူဆယ်တွင် အိမ်ထောင်စုစာရင်းနှင့် စာအုပ်နီအတုပြုလုပ်ကာ ငွေလိမ်လည်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို
နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

လွိုင်လင်နှင့် နမ့်စန်ကြား ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နှင့် နမ့်စန်မြို့ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျပြီး ယာဥ်ပေါ်ပါ ၁၁ ဦးထဲမှ အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ဟိုပုံးဈေးတွင် ဖုန်းလုသည့် အမျိုးသမီးတစ်ဦးအား ဈေးသည်များ ဝိုင်းဖမ်းသော်လည်း စည်ပင် ပြန်လွှတ်ပေး

မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ဈေးတွင် ဖုန်းလုသော အမျိုးသမီးတစ်ဦးကို ဈေးသည်များက ဝိုင်းဖမ်းပေးခဲ့သော် လည်း စည်ပင်က လာခေါ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၂၃ ရက် တွင် ယင်းအမျိုးသမီးသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ပင်လောင်းတွင် တစ်ပတ်အတွင်း ဆိုင်ကယ် လုယက်မှု ၂ ကြိမ်ဖြစ်

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

မိုင်းဆတ်တွင် ယာဉ်တိမ်းမှောက်မှု ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်၊ မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

သိန္နီမြို့ စိန်နဂါး စက်သုံးဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၇ ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ဖွင့်လှစ်ထားသော စိန်နဂါး စက်သုံးဆီဆိုင် ယနေ့ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီလောင်မှု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

အေးသာယာမြို့ တပင်ရွှေထီး ဓာတ်ဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၆ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ တပင်ရွှေထီး ဓာတ်ဆီဆိုင် ဆီဂို ထောင်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ မီးလောင်မှုမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွားများ ဝင်တိုက်မှု ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွား လမ်းလာများအား ဝင်တိုက်မိရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိသည်ဟု ဒေသခံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now