မြန်မာ့နွေဦး

အပစ်ရပ်စာချုပ် NCA ကို ဆက်လက် ဆုပ်ကိုင်ထားတယ်လို့ RCSS ပြော

မဲခေါင် 21 Aug - 2023
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ_RCSS အနေနဲ့ ယနေ့အထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ်-NCA ကို စွဲကိုင်ထားဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၁

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ_RCSS အနေနဲ့ ယနေ့အထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ်-NCA ကို စွဲကိုင်ထားဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ RCSS ရဲ့ ၆ လပတ် အစည်းအဝေး ထုတ်ပြန်ချက်မှာ အဲ့ဒီလို ပြောဆိုထားတာ ဖြစ်ပါတယ်။

NCA စာချုပ်ဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးတာတင် မကဘဲ ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံက အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ် ဖြစ်တယ်လို့ RCSS ကဆိုပါတယ်။

NCA အရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှ တဆင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပေမယ့် အလျှော့အတင်း မလုပ်နိုင်လို့ NCA စာချုပ်ပါ အချက်အလက်များ အကောင်အထည်ဖော်တဲ့ လုပ်ငန်းများ ရှေ့မတိုးနိုင်တာ ဖြစ်တယ်လို့ RCSS ကပြောပါတယ်။

ဒါ့အပြင် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်လို့ စစ်ရေး၊ နိုင်ငံရေး ပြဿနာများ ဖြေရှင်းရာမှာ သက်ဆိုင်တဲ့ အစုအဖွဲ့ ဘက်အဖက်ဖက် အနေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ RCSS က တိုက်တွန်း ပြောဆိုထားပါတယ်။

RCSS ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထပ်မံ သိရှိနိုင်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ပြောရေးဆိုခွင့်ရှိသူ တွေရဲ့ ဖုန်းကို ၇ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

RCSS က တွေ့ဆုံဆွေးနွေးခြင်းဟာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ ပြောဆိုပေမယ့် အဲ့ဒီလမ်းကြောင်းကို စစ်ကောင်စီက အာဏာသိမ်းခြင်းနဲ့ အတူ ဖျက်ဆီးခဲ့တာလို့ ရှမ်းနိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

“အဲ့ဒီလမ်းကြောင်းကို စစ်ကောင်စီက ဖျက်ဆီးလိုက်လို့ ပျက်စီးသွားပြီလေ။ ဒီအကြမ်းဖက် စစ်တပ်နဲ့က ဘယ်လိုမှ ညှိနှိုင်း ဆွေးနွေးလို့ မရဘူးဆိုတာ သမိုင်းမှာလည်း သက်သေအပြည့် ရှိပါတယ်။ အဲ့ဒီလို ညှိနှိုင်း ဆွေးနွေးလို့ မရလို့ အခုအချိန်မှာ လူထုတွေက နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာ ဖြစ်တယ်” လို့ သူကထောက်ပြ ပြောဆိုပါတယ်။

RCSS က အခုလို ထုတ်ပြန်ပေမယ်ါ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်-NCA ရဲ့ အခြေခံမူတွေကို စစ်တပ်က ဖျက်ဆီး ပစ်လိုက်တာဖြစ်လို့ ဆက်ပြီး လိုက်နာစရာ မလိုတော့ဘူးလို့ ဩဂုတ်လ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်ရဲ့ ပထမရက် ၁၀၀ ကာလ သတင်းစာရှင်းလင်းပွဲမှာ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး ပြောဆိုထားပါတယ်။

“NCA ရဲ့ အခန်း (၁) ဟာ NCA တစ်ခုလုံးရဲ့ နှလုံးသား ဖြစ်ပါတယ်။ အဲ့ဒီ နှလုံးသားကို ဖျက်ဆီးလိုက်ပြီး ဖြစ်တာကြောင့် ဒီ NCA ဟာ မရှိတော့ပါဘူး။ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်း သော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်း သော်လည်းကောင်း ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး” လို့ ဖဒိုစောတာဒိုမူးက ဆိုပါတယ်။

NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ RCSS နဲ့ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့ အဲဒီကာလ ဦးသိန်းစိန် အစိုးရတို့ကြား ပထမဆုံး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/ KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ခဲ့ပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး တို့က NCA လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဟာ NCA နဲ့ ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီနဲ့ မကြာခဏ တွေ့ဆုံ ဆွေးနွေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#RCSS

#NCA

#KNU

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now