မြန်မာ့နွေဦး

အင်းလေးဒေသမှာ ရဲနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းပြီး ဒေသခံတွေကို ဖမ်းဆီး‌ငွေညှစ်နေ

မဲခေါင် 24 Aug - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ PNO ပြည်သူ့စစ်က ဒေသခံတွေကို ဖမ်းဆီး ငွေညှစ်နေတယ်လို့ အင်းလေး ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ PNO ပြည်သူ့စစ်က ဒေသခံတွေကို ဖမ်းဆီး ငွေညှစ်နေတယ်လို့ အင်းလေး ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီး ငွေညှစ်ရာမှာ မူးယစ်ဆေးဝါး သာမက PDF နဲ့ အဆက်သွယ် ရှိတယ်ဆိုပြီး ခြိမ်းခြောက် ငွေညှစ်နေတယ်လို့ အင်းလေး အနောက်ဘက်ကမ်းနေ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ကျေးပေါခုံကျေးရွာအုပ်စုရှိ ကျေးရွာ တစ်ရွာမှာ ရဲနဲ့ လွယ်မောရွာ အခြေစိုက် PNO ပြည်သူ့စစ်အဖွဲ့က ဒေသခံ ၂ ဦးကို ဖမ်းဆီးပြီး ငွေညှစ်တာကြောင့် သိန်း ၈၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့ပြောတာက ဒီအိမ်က အရင်တုန်းက မူးယစ်ဆေးဝါး ရောင်းဖူးလို့ လာဖမ်းတာတဲ့၊ လာဖမ်းတဲ့ အချိန်မှာ ဘာမူးယစ်ဆေးဝါးမှ မတွေ့ဘူး။ အဲ့ဒီအိမ်က မူးယစ်ဆေးဝါး ရောင်းတာလည်း မဟုတ်ဘူး။ အဲ့ဒါကို အိမ်မှာရှိတဲ့ လူ ၂ ယောက်ကို ဖမ်းသွားတာ၊ လမ်းတဝက်မှာ သိန်း ၈၀ နဲ့ ပြန်လာရွေးခိုင်းလို့ သူတို့ရောက်တဲ့နေရာ လမ်းပေါ်မှာပဲ သိန်း ၈၀ လိုက်ပေးမှ ပြန်လွှတ်ပေးတယ်” လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့ ဖမ်းဆီး ငွေညှစ်နိုင်ဖို့ PNO ပြည်သူ့စစ်နဲ့ အင်းလေး ပျူစောထီးတွေက အဓိက လမ်းကြောင်းရှာပေးတာ၊ သတင်းအချက်အလက် ပေးတာတွေ ပြုလုပ်နေယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ပြည်သူ့စစ်တွေ ပျူစောထီးတွေက ဘယ်ရွာမှာ ဘယ်သူတွေက မူးယစ်မှုနဲ့ ထောင်ကျဖူးတယ်။ ဘယ်သူဌေးက မူးယစ်ဆေးဝါး ရှူဖူးတဲ့သူရဲ့ အမျိုး ဖြစ်တယ်။ ဘယ်သူက ယာမ ရှူဖူးတယ် အဲ့လိုသိတော့ အဲ့လို လုပ်ဖူးတဲ့ အိမ်တွေ လုပ်ဖူးတဲ့ သူတွေရဲ့ ဆွေမျိုးတွေကို အဓိက ပစ်မှတ်ထားပြီး ဖမ်းဆီး ငွေညှစ်တာပေ့ါ။ သူတို့က ရဲတွေကို ခေါ်လာ လမ်းပြတယ်။ ရဲတွေက လက်ထိပ်ခတ် ဖမ်းသွားတယ်။ ပြီးမှ သူတို့က ကြားထဲက ဝင်ညှိပေးသလိုနဲ့ ငွေဘယ်လောက် ဘယ်လောက်နဲ့ လိုက်ရွေးဆိုပြီးတော့ လုပ်စားကြတယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့လ ဩဂုတ်လ ၈ ရက်နေ့ကလည်း အင်းလေးဒေသ၊ အရှေ့ဘက်ကမ်းက ကျေးရွာ တစ်ရွာမှာ PNO ပြည်သူ့စစ်က ဒေသခံ တစ်ဦးရဲ့ ခရမ်းချဉ်သီးခြံထဲ ဝင်ရောက်ပြီး ခြံထဲမှာ အလုပ်လုပ်နေတဲ့ ခြံပိုင်ရှင်ကို ငွေ ၈ သိန်း တောင်းခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူ ဒေသခံတွေက သတင်းပေးပို့ပါတယ်။

“ခြံပိုင်ရှင်က ခြံထဲမှာ အလုပ်လုပ်နေတာ။ အဲ့ဒါ ဦးကုလား ခေါင်းဆောင်တဲ့ PNO ပြည်သူ့စစ်တွေက သေနတ် တွေနဲ့ ရောက်လာပြီးတော့ ခြံရှင်က အရင်က ယာမ ရှူဖူးတယ်လို့ ပြောပြီး ငွေ ၈ သိန်းတောင်းတယ်။ သေနတ်တွေကိုလည်း မောင်းတင်ပြီး ခြိမ်းခြောက်တော့ ခြံရှင်က ကြောက်ကြောက်နဲ့ ပေးရသေးတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီပ အကြောင်းအမျိုးမျိုးပြပြီး ပြည်သူကို ငွေညှစ်ရာမှာ မူးယစ်ဆေးဝါးမှု သိန်း ၆၀ နဲ့အထက် တောင်းပြီး လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေး ပိုစ့်တင်တာ မျှဝေတာတွေကိုတော့ သိန်း ၂၀ နဲ့ ၃၀ ကြား တောင်းလေ့ရှိတယ်လို့ နောက်ထပ် အင်းလေး ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“အဲ့ဒီ ပျူစောထီးနဲ့ PNO ပြည်သူ့စစ်တွေက စစ်ကောင်စီကို လမ်းပြပြီး ခေါ်လာလို့ စစ်ကောင်စီတွေက အင်းထဲမှာ သောင်းကျန်းနိုင်တာ။ သူတို့ အဖွဲ့တွေကလည်း စစ်ကောင်စီ အားကိုးနဲ့ အင်းထဲမှာ လူပြန်ပေးဆွဲပြီး ငွေတွေ တောင်းစားနေတာ အခုထိပဲ” လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း PNO ပြည်သူ့စစ်နဲ့ ပျူစောထီးတွေဟာ အင်းလေးဒေသမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူလူထုကို ဖမ်းဆီးကာ မတရား ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ Justice Movement for Community-InnLay (JMC-Innlay) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

CJ-002

#MeKongNews

#အင်းလေး

#PNO_ပြည်သူ့စစ်

#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now