မြန်မာ့နွေဦး

အင်းလေး PDF သင်တန်းဆင်းပွဲနဲ့ တပ်ဖွဲ့တည်ထောင်မှု တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ

မဲခေါင် 12 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံ ဒေသ အခြေစိုက် အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ အမှတ် P3-1009 တပ်ရင်းဖြစ်တဲ့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF ရဲ့ သင်တန်းဆင်းပွဲနဲ့ တပ်ဖွဲ့ တည်ထောင်မှု တစ်နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့တယ်လို့ IPDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံ ဒေသ အခြေစိုက် အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ အမှတ် P3-1009 တပ်ရင်းဖြစ်တဲ့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF ရဲ့ သင်တန်းဆင်းပွဲနဲ့ တပ်ဖွဲ့ တည်ထောင်မှု တစ်နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့တယ်လို့ IPDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ ရဲဘော်တွေရဲ့ ကြိုးစားမှု အလိုက် သင်တန်း တစ်လျှောက် အကောင်းဆုံးဆု၊ အမိန့်နာခံမှုဆု၊ ဇွဲဆုအပြင် ဒိုက်ထိုး၊ ပလန့်ထောက်၊ ရေကူး၊ ၄၅ ဒီဂရီထောင်၊ ကြက်ဖခွပ်ဆု၊ အားကစား ပြိုင်ပွဲဆုတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ IPDF သည် အင်းလေးဒေသ တပ်ရင်း တပ်ဖွဲ့ ဖြစ်တဲ့အတွက် အင်းသားတွေ တော်လှန်ရေးမှာ ပါဝင်နေတာကို ပြည်သူကို သိစေလိုပါတယ်။ နောက်ပြီး ပိုပြီး ကြိုးစားနေပါတယ်။ တိုက်ပွဲလည်း လက်ရှိဝင်နေပြီး ရှေ့ဆက်ပြီးလည်း ပိုတိုက်ပွဲဝင်သွားပါမယ်” လို့ သူက ပြောပါတယ်။

တပ်ဖွဲ့ တည်ထောင်မှု တစ်နှစ်ပြည့် အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားတာ၊ 1009 တပ်ရင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းကို ပြောကြားတာ၊ တိုက်ပွဲ အတွေ့အကြုံ ဝေမျှတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေက အားပေးစကား ပြောကြားကာ အလယ်ပိုင်းတိုင်း စစ်ဒေသ တာဝန်ရှိသူက ခုခံတွန်းလှန်စစ်နဲ့အတူ ရှေ့ဆက်လျှောက်ရမယ့်လမ်း အတွက် အားပေး စကား ပြောကြားပြီး ရဲဘော်နဲ့ ရဲမေတွေကို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို ညီနောင်မဟာမိတ် အဖွဲ့ဝင် လူ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး နေ့လည်စာနဲ့ ဧည့်ခံ ကျွေးမွေးကာ ဆုတံဆိပ်ချီးမြှင့် အားပေးစကား ပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

CJ-004

#MeKongNews

#IPDF

#NUG

#P3_1009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now