ဒေသတွင်းသတင်း

အင်းတိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကားတွေကို ချောဆွဲအသုံးပြုပြီး ငွေညှစ်နေ

မဲခေါင် 13 Oct - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊အင်းလေကန် အနောက်ဘက်ကမ်း၊ အင်းတိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကုန်ကားတွေကို ဆက်ကြေးတောင်းတာနဲ့ ရွာသားတွေရဲ့ ကားတွေကို ချောဆွဲတာတွေကြောင့် ကားသမားနဲ့ ဒေသခံတွေ အခက်အခဲ ဖြစ်နေရတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊အင်းလေကန် အနောက်ဘက်ကမ်း၊ အင်းတိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကုန်ကားတွေကို ဆက်ကြေးတောင်းတာနဲ့ ရွာသားတွေရဲ့ ကားတွေကို ချောဆွဲတာတွေကြောင့် ကားသမားနဲ့ ဒေသခံတွေ အခက်အခဲ ဖြစ်နေရတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်း သိရှိရပါတယ်။

အင်းတိန်ကျေးရွာ ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ပထမပတ်မှ စပြီး ဒေသခံတွေရဲ့ ကားတွေကို ချောဆွဲ အသုံးပြုနေတာ ဖြစ်ပါတယ်။

အဲ့ဒီလို ကားချောဆွဲရာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ သွားလိုတဲ့ နေရာမှန်သမျှ ကားသမားက ကိုယ့်စရိတ်နဲ့ကိုယ် ပို့ပေးရတဲ့အပြင် စားသောက်တာတွေကိုလည်း တာဝန်ယူ ရှင်းပေးရတယ်လို့ စုံစမ်း သိရှိရပါတယ်။

“ကိုယ့်ကားနဲ့ကိုယ် ဆီထည့်ပြီး လိုက်ပို့ရတယ်။ သူတို့စားတာ သောက်တာလည်း ရှင်းပေးရသေးတယ်။ ဒါတောင်မှ သူတို့ အသုံးစရိတ် ဆိုပြီး ပိုက်ဆံ ၆ သောင်း တောင်းသေးတယ်။ သူတို့ သွားချင်တဲ့ အချိန်တိုင်း တွေ့တဲ့ကားကို ချောဆွဲ ခေါ်သွားတာပဲ။ သူတို့ကို လိုက်ပို့ရတော့ ကိုယ့်ကားကို သူများပစ်မှာ၊ ဗုံးခွဲမှာလည်း ကြောက်ရသေးတယ်။ တချို့ကားရှိတဲ့ လူတွေက ရွာမပြန်လာရဲတော့တာမျိုးတောင် ဖြစ်နေပြီဗျ” လို့ ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အင်းလေးကန် အနောက်ဘက်ခြမ်းမှာ တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံတွေရဲ့ ကားတွေကို ချောဆွဲ အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် ဂိတ်ကို ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ကောင်စီက မတရား ငွေတောင်းနေတယ်လို့ ကုန်ကား မောင်းနှင်သူတွေက ပြောပါတယ်။

အင်းတိန်ဂိတ်မှာ ကုန်စည်မပါတဲ့ ကားတစ်စီးကို ၅,၀၀၀ မှ ၁၅,၀၀၀ ကျပ်အထိ၊ ကုန်စည်ပါတဲ့ ကားတွေကိုတော့ ၃၀,၀၀၀ ကနေ ၈၀,၀၀၀ ကျပ်အထိ တောင်းယူနေတယ်လို့ ကုန်ကားမောင်းနှင်တဲ့ အင်းလေး ဒေသခံတွေက ပြောပါတယ်။

“နွားကားတွေဆို တစ်သိန်းကျော်ကျော်ထိ တောင်းတယ်။ ဆန်တွေ၊ ဘိလပ်မြေတွေ၊ ဆီတွေပါတဲ့ ကားဆိုရင် ဆန်တအိတ် ၅ ထောင် ဘိလပ်မြေတစ်အိတ် ၂ ထောင် အဲ့လိုတောင်းတာဗျ။ မပေးရင် အကြောင်းအမျိုးမျိုးပြပြီး ဖမ်းမယ်လို့လည်း ခြိမ်းခြောက်တယ်လေ။ အခု ဘုရားပွဲနီးတော့ ပိုစစ်တယ်၊ ပိုတောင်းတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ရက်က ဆန်သယ်လာတာ တစ်သိန်းတောင်းတာ ညှိနှိုင်းပြီး မပေးချင်ပဲနဲ့ ၈ သောင်း ပေးလိုက်ရတယ်” လို့ ကုန်တင်ကားမောင်းသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်းလေး ပျူစောထီး၊ PNO တို့နဲ့ ပူးပေါင်းကာ ဒေသခံတွေကို ဖမ်းဆီး ငွေညှစ်တာ၊ ကားသမားတွေဆီက ငွေတောင်းတာတွေအပြင် လောင်းကစား၀ိုင်းတွေ ဖွင့်ခွင့်ပေးပြီး ငွေတောင်းတာတွေ ပြုလုပ်နေတယ်လို့ အင်းလေး ဒေသခံတွေက ပြောပါတယ်။

အင်းတိန်ကျေးရွာဟာ အင်းလေး အနောက်ဘက်ကမ်းမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး သမိုင်းဝင် ရွှေအင်းတိန်ဘုရား တည်ရှိလို့ နာမည်ကျော်ကြားတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

CJ-002

#MekongNews

#အင်းတိန်ကျေးရွာ

#ပျူစောထီး

#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now