မြန်မာ့နွေဦး

ဟိုစဲ့ဒေသ စစ်ဘေးရှောင် ၃,၀၀၀ ကျော် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်တွေ့နေတယ်လို့ ကလလတ ခေါင်းဆောင်ပြော

မဲခေါင် 3 Jul - 2023
မဲခေါင်၊ ဇူလိုင် ၃ ကရင်နီပြည်၊ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ အနီးဝန်းကျင်မှာ ခိုလှုံနေတဲ့ ဒေသခံ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင် အတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်တွေ့နေတယ်လို့ ကလလတ ခေါင်းဆောင် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၃

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ အနီးဝန်းကျင်မှာ ခိုလှုံနေတဲ့ ဒေသခံ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင် အတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်တွေ့နေတယ်လို့ ကလလတ ခေါင်းဆောင် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေ ဇွန်လ အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ အဆိုပါ ဒေသမှာ ဒေသခံ ၆,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။

“ စစ်ရှောင်ကတော့ ခုလောလောဆယ် ကျွန်တော်တို့ဆီမှာ နေရာတောင် မလောက်ဘူးဗျ။ ကျွန်တော်တို့က ထိုင်းဘက်ကို ပို့တာ ထိုင်းက ၃ ထောင်ကျော် လက်ခံထားတယ်။ ကျန်တဲ့ ၃ ထောင်နီးနီးက ကျွန်တော်တို့ ဘက်ခြမ်းမှာ ရှိသေးတယ်။ စစ်ရေးအရ ပိုပြီးတော့ ပြင်းထန်လာရင် စစ်ရှောင်တွေ အတွက်လည်း စိုးရိမ်ရပါတယ်” လို့ ကလလတ ခေါင်းဆောင်က ဆိုပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ မြို့နယ်တွေက တိမ်းရှောင်လာတာ ဖြစ်ပြီး တောတောင်တွေထဲမှာ ကိုယ့်အစုနဲ့ကိုယ် အဆင်ပြေသလို နေထိုင်ကြရတယ်လို့လည်း သိရပါတယ်။

“ မိုးကာတွေ လိုတယ်။ စားနပ်ရိက္ခာတွေ လိုတယ်။ အခု မိုးရာသီ ဆိုတော့ ရေတော့ ရပေမယ့် လုံလောက်မှု မရှိသေးဘူးပေါ့နော်။ နောက်တစ်ခုက ကရင်နီက စစ်ရှောင် ပြည်သူတွေက စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်” လို့ ကရင်နီပြည်နယ်တွင်း စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်တွင်းမှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေ ရှိနေပြီး လက်ရှိ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက် ခံထားရတာကြောင့် တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်သွားလာဖို့ ပိုမို ခက်ခဲလာကာ စစ်ရှောင်တွေကို ကူညီနိုင်ဖို့ ခက်လာတယ်လို့ စစ်ရှောင် ကူညီနေသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကစပြီး ရွာသစ်မြို့ဘက်ကို စစ်ကောင်စီတပ်တွေ အင်အား အလုံးအရင်းနဲ့ စတင် စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြင်းအထန် ခုခံနေရပြီး တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေ ရှိနေပေမယ့် အရေအတွက် အတည်မပြုနိုင်သေးဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာတော့ မြေပြင် တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီဘက်က တိုက်လေယာဉ် တစ်စီးကို စုပြုံပစ်ခတ်ရာ မြေပြင်ကို ထိုးကျ ပျက်စီးသွားခဲ့တယ်လို့ ကလလတ အဖွဲ့ဝင် တစ်ဦးက ပြောဆိုထားပါတယ်။

မယ်စဲ့၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်အနီး တိုက်ပွဲတွေမှာ ကလလတ နဲ့အတူ KNU၊ KNPP၊ အလယ်ပိုင်းတိုင်း PDF ၊ လွိုင်ကော် PDF နဲ့ KRU တပ်ပေါင်းစု အစရှိတဲ့ ကရင်နီပြည်နယ်တွင်းက တော်လှန်ရေးတပ်ဖွဲ့ အများစု ပူးပေါင်း ပါဝင်နေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ၂ နှစ်ကျော် ကာလအတွင်း နိုင်ငံတဝှမ်း တိုက်ပွဲပေါင်း ၈,၇၂၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားတာပါ။

အာဏာသိမ်းကာလမှာ လက်ရှိအချိန်ထိ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတဲ့ ပြည်သူ ၁ ဒဿမ ၈ သန်းကျော်နေပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

MK-009

#MekongNews

#မယ်စဲ့

#စစ်ဘေးရှောင်

#ကလလတ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now