မြန်မာ့နွေဦး

ဟိုက်ပါ ရေတံခွန်အနီး စေတီတည်မှု ဒေသခံတွေ မကန့်ကွက်ဘူးလို့ဆို

မဲခေါင် 3 May - 2023
မဲခေါင်၊ မေ ၃ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ တည်ရှိတဲ့ အရှေ့တောင်အာရှရဲ့ အလှဆုံး ရေတံခွန်လို့ တင်စားကြတဲ့ ဟိုက်ပါ ရေတံခွန် အနီးမှာ စေတီ တည်မှုအပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပေမဲ့ ဒေသခံတွေကတော့ ကန့်ကွက်တာ မရှိဘူးလို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ မေ ၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ တည်ရှိတဲ့ အရှေ့တောင်အာရှရဲ့ အလှဆုံး ရေတံခွန်လို့ တင်စားကြတဲ့ ဟိုက်ပါ ရေတံခွန် အနီးမှာ စေတီ တည်မှုအပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပေမဲ့ ဒေသခံတွေကတော့ ကန့်ကွက်တာ မရှိဘူးလို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လူမှုကွန်ရက်မှာတော့ စေတီတည်တာဟာ ဟိုက်ပါ ရေတံခွန် အလှကို ဖျက်ဆီးနေတယ်ဆိုပြီး ဝေဖန် ပြောဆိုနေပေမဲ့ စေတီက ရေတံခွန်ရဲ့ ရှေ့တည့်တည့်မှာ မဟုတ်လို့ သဘာ၀ အလှကို ပျက်စီးစေမှာ မဟုတ်ဘူးလို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

“ သူတို့‌‌‌ ဝေဖန်ကြတယ်ဆိုတာ ဘယ်ရှူထောင့်ကနေ ‌ဝေဖန်လဲ ဆိုတာ ကျွန်တော်တို့ ပြောလို့ မရဘူးလေနော်။ ကျွန်တော်တို့ မြင်တာက စေတီတည်ခြင်းအားဖြင့် ဘာမှ ထိခိုက်နစ်နာစရာ အကြောင်း မရှိပါဘူး။ သဘာ၀ ပတ်ဝန်းကျင် ဆိုရင်လည်း ဟိုက်ပါ ရေတံခွန်ရဲ့ သစ်တောဝန်းထဲမှာလည်း ဟုတ်မနေဘူး။ ပြီးတော့လည်း ဟိုက်ပါ ရေတံခွန်ရဲ့ အလှကို ထိခိုက်ရအောင် ရေတံခွန်ရဲ့ ရှေ့တည့်တည့်မှာလည်း မဟုတ်ဘူးလေ။ ဆိုတော့ စေတီတည်တာက ဘာမှ ထိခိုက်နစ်နာစရာ မရှိပါဘူးလို့ ပြောချင်ပါတယ်” လို့ သူကပြောပါတယ်။

ဟိုက်ပါ ရေတံခွန် အနီး မြေတစ်ဧက နီးပါးကို မိုင်းဖုန်း ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေက မိုင်းရှူးမြို့နယ် သံဃာ့ အဖွဲ့အစည်းကို စေတီတည်ဖို့ အတွက် လှူဒါန်းထားတာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဟိုက်ပါ ဒေသခံတွေက ရေတံခွန်နားမှာ စေတီတည်တာကို ကန့်ကွက်သူ မရှိဘဲ ဒီလို စေတီတည်တာက ရေတံခွန် အနီး သောက်စား မူးယစ်နေသူတွေကို ထိန်းကျောင်းရာ ရောက်တယ်လို့ ပြောဆိုထားပါတယ်။

လူမှုကွန်ရက်မှာတော့ ဟိုက်ပါ ရေတံခွန် အနီး စေတီတည်တာက သဘာ၀ အလှကို ပျက်စီးစေသလို ရေတံခွန် လာရောက် အပန်းဖြေတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ မလွပ်လပ်စေတဲ့ အပြင် အပန်းဖြေ နေရာတွေကို ဘာသာရေး အဖြစ် အသုံးမပြုသင့်ဘဲ ဘာသာရေး အဆောက်အုံတွေဟာ သီးသန့်နယ်မြေ တစ်ခုမှာသာ ရှိသင့်တယ်လို့ ထောက်ပြ‌ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

MK-007

#MeKongNews

#ဟိုက်ပါရေတံခွန်

#စေတီ

#SSPP/SSA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now