မြန်မာ့နွေဦး

ဝေဠုဝန်ကျောင်းတိုက် ဆရာတော်က အသက် ၉ နှစ်အရွယ် ကိုရင်လေးကို ပြင်းပြင်းထန်ထန် ရိုက်နှက်

မဲခေါင် 12 Aug - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာ၊ ဝေဠုဝန်ကျောင်းတိုက်မှ ကိုရင်လေး တစ်ပါးကို စာမရလို့ဆိုပြီး ကျောင်းထိုင် ဆရာတော်က အရှိုးရာပေါ်တဲ့ အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာ၊ ဝေဠုဝန်ကျောင်းတိုက်မှ ကိုရင်လေး တစ်ပါးကို စာမရလို့ဆိုပြီး ကျောင်းထိုင် ဆရာတော်က အရှိုးရာပေါ်တဲ့ အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။

အသက် ၉ နှစ်ရွယ်သာ ရှိသေးတဲ့ ကိုရင်လေး က မြန်မာဗျည်းအက္ခရာကို အလွတ်ပြန်ဆိုရာမှာ “စ”လုံးအက္ခရာ မေ့လို့ဆိုပြီးတော့ ကျောင်းထိုင် ဆရာတော်က အချက်ပေါင်းများစွာ အရှိုးရာပေါ်တဲ့အထိ ရိုက်နှက်ခဲ့တာ ဖြစ်တယ်လို့ ကိုရင်လေးရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“စလုံးကို မေ့လို့ဆိုပြီး ကြက်မွှေး တံမျက်စည်းနဲ့ ရိုက်တာ၊ အစက မတ်တပ်ရပ်ခိုင်းပြီး ရိုက်တယ်။ ပြီးတော့ မှောက်အိပ်ခိုင်းပြီး ထပ်ရိုက်တယ်။ ရိုက်ပြီးတော့ ကိုရင်လေးကိုလည်း ရေမပေးသောက်ဘူး။ အခုထိ ပက်လက်အိပ်လို့ မရသေးဘူး။ မှောက်ပြီး အိပ်လို့ပဲရတယ်” လို့ ကိုရင်လေးရဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့မှာ ကိုရင်လေးကို စာတစ်လုံး မေ့လို့ဆိုပြီး ကျောင်းထိုင် ဆရာတော်က အချက်ပေါင်းများစွာ ရိုက်ပြီးတဲ့နောက် ထွန်းရွှေဝါ လိမ်းပေးတဲ့အတွက် ပူပြီး တစ်ညလုံး အိပ်မရတာကြောင့် ဩဂုတ်လ ၉ ရက်နေ့မှာ သူငယ်ချင်း ကိုရင်လေးရဲ့ ဖုန်းနဲ့ မိဘဆီ ဖုန်းဆက်ပြီး လာခေါ်ပေးဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အစက ဖုန်းထဲမှာပြောတော့ တစ်ချက် နှစ်ချက် ရိုက်တယ်ပဲ ထင်တာ။ ကျွန်မတို့ သွားခေါ်တော့ ကိုရင်လေးက ငိုနေတာ ထတောင် မထနိုင်ဘူး။ အရှိုးရာတွေပေါ်တဲ့အထိ အများကြီး အရိုက်ခံရတော့ အိမ်ကို တစ်ခါတည်း ခေါ်လာပြီး ဆေးခန်း သွားပြလိုက်တာ။ ဆရာတော်ကတော့ တောင်းပန်ပါတယ်။ ဒါပေမယ့် ကိုရင်လေးကို ဒီလိုရိုက်တာ မကျေနပ်ဘူး” လို့ ကိုရင်လေးရဲ့ အစ်မ ဖြစ်သူက ပြောပါတယ်။

ကိုရင်လေး ဒဏ်ရာကုဖို့ အတွက် ဆေးဖိုးကို ဆရာတော်က ပေးမယ်လို့ ပြောပေမယ့် ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့ အတွက် ကုန်ကျတဲ့ သွားလာရေး စရိတ် ၉ သောင်းကျပ်ကိုသာ ပေးခဲ့ပြီး ဒီကနေ့ ကုန်ကျတဲ့စရိတ်ကိုတော့ ပြန်မပေးဘဲ ဘောက်ချာကိုသာ သိမ်းထားခိုင်းတယ်လို့ ကိုရင်လေး မိသားစုဝင်ကပြောပါတယ်။

ကိုရင်လေး ဒဏ်ရာပျောက်ရင် ကျောင်းကို ပြန်လာပို့ပေးဖို့ ဆရာတော်က ပြောပေမယ့် မိသားစုဝင်တွေ အနေနဲ့ ပြန်မပို့တော့ဘူးလို့ ဆိုပါတယ်။

“ကိုရင်လည်း မသွားချင်တော့ဘူး။ ကျွန်မတို့လည်း မပို့တော့ဘူး။ ပို့လိုက်ရင် အညှိုးနဲ့ ထပ်ရိုက်မှာ ကြောက်တယ်။ အဲ့ကျောင်းမှာရှိတဲ့ ရှမ်းကိုရင်လေးတွေလည်း အကုန်နီးပါး ထွက်ပြေးကြပြီ။ ၂ ပါးပဲ ကျန်တော့တယ်” လို့ ကိုရင်လေးရဲ့ အစ်မဖြစ်သူက ပြောပါတယ်။
လက်ရှိ ကိုရင်လေးကို ဆေးခန်းပြ ကုသနေတာကြောင့် လမ်းလျှောက်နိုင်ပြီး ဒဏ်ရာ သက်သာလာပြီလို့ မိသားစုဝင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်ကလည်း ကျေးသီးမြို့နယ်၊ မိုင်းကောင်ကျေးရွာမှာ နွားနို့ ခိုးသောက်လို့ ဆိုပြီး ကိုရင်လေး တစ်ပါးကို ဦးဇင်း တစ်ပါးက ရိုက်နှက်ရာက ကိုင်ရင်လေး အသက်ဆုံးရှုံး ခဲ့ရပါတယ်။

CJ-002

#MeKongNews

#လားရှိုးမြို့နယ်

#ကိုရင်

#ရိုက်နှက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now