မြန်မာ့နွေဦး

လွိုင်ကော်မြို့မှာ စစ်ရေးတင်းမာ၊ စစ်ဘေးရှောင်စခန်းတွေ ကြိုတင်ပြင်ဆင်

မဲခေါင် 1 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီက အင်အား ဆက်တိုက် တိုးချဲ့နေလို့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေ အတွက် စစ်ဘေးရှောင် စခန်းတွေ ကြိုတင် ပြင်ဆင်နေတယ်လို့ ကရင်နီ စစ်ရှောင် ကူညီနေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင် ၁ ရက်နေ့မှာ ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီက အင်အား ဆက်တိုက် တိုးချဲ့နေလို့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေ အတွက် စစ်ဘေးရှောင် စခန်းတွေ ကြိုတင် ပြင်ဆင်နေတယ်လို့ ကရင်နီ စစ်ရှောင် ကူညီနေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင် ၁ ရက်နေ့မှာ ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ လုံခြုံရေး အထူးတင်းကြပ်ထားတာ၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ၊ စစ်အင်အားတွေ ဆက်တိုက် တိုးချဲ့နေတာကြောင့် အစိုးမရတဲ့ စစ်ရေး အခြေအနေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာလို့ သူကပြောပါတယ်။

“လာမဲ့ဘေး ကတော့ ရင်ဆိုင်ရမှာပဲလေ။ လွိုင်ကော်မြို့ပေါ်မှာ အခြေအနေတွေက သိတဲ့အတိုင်းပဲ။ မကြာခင် ဖြစ်လာလို့ ဘာမှ မလုပ်ထားရင် အကုန်ဒုက္ခရောက်မှာပဲ။ ဒီတော့ ပြင်ဆင်သင့်တာ ပြင်ဆင်တာပေါ့” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

ဒီလို ပြင်ဆင်နေပေမဲ့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ လုံလောက်မှု မရှိတာတွေကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ သူကဆိုပါတယ်။

လူဦးရေ ၆,၀၀၀၀ ကျော်နေထိုင်တဲ့ လွိုင်ကော်မြို့ပေါ်ကို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်ထဲက ပြည်သူတွေ လာရောက်ခိုလှုံနေတဲ့ အတွက် လက်ရှိ လူဦးရေ ၈,၀၀၀၀ ကျော်ရှိနေပြီး တိုက်ပွဲတွေ ဖြစ်လာရင် စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ အများအပြား လိုအပ်မယ်လို့ သူက သုံးသပ်ပါတယ်။

လက်ရှိ စစ်ကောင်စီက လွိုင်ကော်လေဆိပ်ကို အသုံးပြုပြီး စစ်အင်အား အများအပြား ဖြည့်တင်းနေသလို မြို့ပေါ်မှာ လေးဘီးတပ် တင့်ကားတွေ၊ သံချပ်ကာ ကားတွေသုံးပြီး အင်အားပြ ကင်းလှည့်နေတယ်လို့ ဒေသခံ တစ်ဦးက အတည်ပြုပါတယ်။

လူဦးရေ ၃ သိန်းဝန်းကျင် နေထိုင်တဲ့ ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ပြည်သူ ၂ သိန်းကျော် စစ်ဘေးရှောင် နေရပြီး အများစုက စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု တာဝန်ရှိသူ တစ်ဦးက‌ ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်း အများစုမှာ စားနပ်ရိက္ခာ ပြတ်တောက်မှု၊ အမိုးအကာနဲ့ ဆေးဝါး မလုံလောက်မှု တို့ကြောင့် ရာသီတုပ်ကွေး၊ အရေပြားရောဂါနဲ့ အာဟာရ ချို့တဲ့မှုတွေ ဖြစ်နေတယ်လို့ စစ်ရှောင် ကူညီနေသူတွေက ပြောပါတယ်။

MK-007

#MeKongNews

#လွိုင်ကော်မြို့

#စစ်ရှောင်စခန်း

#ရာသီတုပ်ကွေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now