မြန်မာ့နွေဦး

လွိုင်ကော်-တောင်ကြီး ခရီးသည်ယာဉ်လိုင်း ဇူလိုင် ၁ ရက်နေ့ စတင် ပြေးဆွဲဖို့ စစ်ကောင်စီ ဖိအားပေး

မဲခေါင် 29 Jun - 2024
တောင်ကြီး-လွိုင်ကော်ကို ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို လာမယ့် ဇူလိုင်လ ၁ ရက်ကစပြီး လူနဲ့ကုန်တင်ပြေးဆွဲဖို့ စစ်ကောင်စီက ဖိအားပေး ပြေးဆွဲခိုင်းနေပြီး ပြေးဆွဲခြင်းမရှိပါက ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဇွန် ၂၉

တောင်ကြီး-လွိုင်ကော်ကို ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို လာမယ့် ဇူလိုင်လ ၁ ရက်ကစပြီး လူနဲ့ကုန်တင်ပြေးဆွဲဖို့ စစ်ကောင်စီက ဖိအားပေး ပြေးဆွဲခိုင်းနေပြီး ပြေးဆွဲခြင်းမရှိပါက ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ လွိုင်ကော် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လွိုင်ကော်-တောင်ကြီး ကို ပြေးဆွဲနေတဲ့ ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းအသင်းတွေကို ပြန်လည်ပေးဆွဲဖို့ စီစဉ်နေတာပါ။

တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ခရီးစဉ်ကို လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး လုံခြုံစိတ်ချစွာနဲ့ ပြန်လည်ပြေးဆွဲဖို့နဲ့ (Domestic Operator License) လိုင်စင်သက်တမ်း ၁ နှစ်ကျော် မပြေးဆွဲတော့တဲ့ ယာဉ်လိုင်းတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ဇွန်လ ၂၄ ရက်စွဲနဲ့ စာထုတ်ပြန်လာတာ တွေ့ရပါတယ်။

“ ရှမ်း-ကယား နယ်စပ်တစ်လျှောက် စစ်တပ်နဲ့ PNO တွေ အများကြီး စောင့်ကြပ်နေတာ အစစ်အဆေးကလည်း တင်းကြပ်ပြီး မထင်ရင်မထင်သလို ဆက်ဆံနေတာအပြင် ယူချင်တာယူနေတော့ ဘယ်လို သွားရဲပါ့မလဲ၊ ခုက မသွားပြန်ရင်လဲ ယာဉ်လိုင်းပိတ်သိမ်းမယ်ဆိုပြီး လူထုကို ဖိအားပေးနေတာ” လို့ တောင်ကြီး-လွိုင်ကော် ယာဉ်လိုင်းပြေး ယာဉ်မောင်း ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လွိုင်ကော်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ပြသနိုင်ဖို့ လက်အောက်ခံဝန်ထမ်းတွေပြန်ခေါ်တာ၊ ရပ်ကွက်တွေမှာနေတဲ့ သူတို့လိုလားသူတွေကို အယောင်ပြနေခိုင်းတာတွေလုပ်နေတာမှာ ပြည်သူတွေကို ဖိအားပေးပြန်လာခိုင်းနေသလို အခုယာဉ်လိုင်းတွေကိုလည်းမဖြစ်မနေ ပြန်လည်ပြေးဆွဲဖို့ အတင်းအကြပ် ဖိအားပေးလာနေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲတွေ အရင်ထက် အရှိန်မြင့်လာမှာဖြစ်သလို စစ်ကောင်စီတပ်ကလည်း လက်နက်၊ အင်အားကို အရင်ထက် ပိုချထားတော့ တော်လှန်ရေးတပ်တွေဘက်ကလည်း အင်အားပြည့် တိုက်နေတာဖြစ်လို့ ဒီလမ်းကြောင်းတွေကို ကားနဲ့သွားတာမှာ Safe ဖြစ်မဖြစ် သတင်းတွေကို အမြဲနားစွင့်ပြီး သွားလာကြစေချင်တယ်လို့တောင်ကြီး တော်လှန်ရေးထောက်ပို့အဖွဲ့က သတိပေးတာ တွေ့ရပါတယ်။

အဓိကတော့ ရှမ်းတောင်ဘက်အခြမ်းက ဆီဆိုင်ဘက် ထုတ်ပြန်ချက်တွေ ၊ မြေပြင်သတင်းတွေ သေချာ စုံစမ်းသွားလာကြဖို့ အကြံပြုလိုတယ်လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ PNO ပြည်သူ့စစ်တွေဟာ ဖယ်ခုံ၊ ပင်လောင်း၊ နယ်စပ် နောင်ဝိုးရွာအနီးဝန်းကျင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း တစ်ခုပြီးတစ်ခု ကျူးလွန်နေကာ ဖယ်ခုံ၊ မိုးဗြဲအစပ်နဲ့ ညောင်ရွှေမြို့နယ်အတွင်း ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ပြည်သူတွေ သေဆုံးထိခိုက်တာတွေ အများအပြားရှိနေတယ်လို သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now