ဒေသတွင်းသတင်း

လူထုတိုက်ပွဲ စက္ကူလေယာဉ်သပိတ် အင်းလေးအမျိုးသမီးသမဂ္ဂ ပြုလုပ်

မဲခေါင် 18 Apr - 2024
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့က ဧပြီ ၁၇ ရက် နေ့မှာ လူထုတိုက်ပွဲ၊ စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့က ဧပြီ ၁၇ ရက် နေ့မှာ လူထုတိုက်ပွဲ၊ စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စက္ကူလေယာဉ်သပိတ်ပြုလုပ်ခဲ့သလို နှစ်သစ်ကို ကြိုတဲ့အနေနဲ့ ဘုန်းတော်ကြီးကျောင်းတက် ဥပုတ်သည်တွေကိုလည်း ကျန်းမာရေးပြုစုစောင့်ရှောက်ပြုခဲ့တယ်လို့ ဆိုပါတယ်။

စက္ကူလေယာဉ်တွေအပေါ်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့စာသားတွေ၊ ဆုတောင်းလိုတဲ့ စာသားတွေရေးသားပြီး ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

“ပဇီကြီး၊ ဖားကန့်စတာတွေအပြင် မိုးမိတ်၊ ဆီဆိုင်ကအစ တနိုင်ငံလုံး လေယာဉ်တွေနဲ့ ကလေးသူငယ်တွေကအစ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့စစ်ကောင်စီကို တော်လှန်သပိတ် တခုအနေနဲ့ တိုက်ခိုက်တာပါ” လို့ အင်းလေးအမျိုးသမီးသမဂ္ဂက တာဝန်ရှိသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

အဓိကတော့ စစ်ကောင်စီက မြေပြင်ပေါ်က ပြည်သူတွေကို ယုတ်မာရက်စက်စွာ ဗုံးကြဲသတ်ဖြတ်ခဲ့တာတွေကို ရပ်တန်းကရပ်ဖို့၊ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းနေမှုတွေကို ပိတ်ပင်တားမြစ်ဖို့၊ နိုင်ငံတကာမှာ မြန်မာနိုင်ငံပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ငွေတွေ စီးဆင်းနေမှုတွေ ရပ်ဆိုင်းသွားဖို့ ရည်ရွယ်ပြုလုပ်တာလို့ သိရပါတယ်။

စက္ကူလေယာဉ်တွေပေါ်မှာ “ဆုံးရှုံးခဲ့ရတဲ့ ကြယ်ပွင့်လေးတွေအတွက် ကမ္ဘာမကြေဘူး၊ မြောက်အင်းပြန်လာပြီ ဇတ်ကား မကြာမီလာမည်-မျှော်၊ စက္ကူလေယာဉ် ဒုံးလို့ထင် မအလကြီး ပြေးဖို့ပြင်၊ ခေါင်းဆောင်ကောင်းဆိုတာ ပြည်သူတွေကို ဒုက္ခရောက်အောင် မလုပ်ဘူး၊ PDF များအားလုံးဘေးကင်းကြပါစေ၊ မအလ စစ်ခွေး အမြန်ကျဆုံးပါစေ” စသည့် စာသားများရေးသားကာ လေထဲပစ်လွှတ်ဖြန့်ဝေတဲ့ သပိတ်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အင်းလေး ၁၀၀၉ IPDF နဲ့ အင်းလေးဒေသ အဝေးရောက်ထိုးဖောက်ရေးတပ်ဖွဲ့(ဓားမကူး)တပ်တွေက စစ်အာဏာရှင်ကျဆုံးရေး မြေပြင်မှာလက်နက်စွဲကိုင်တိုက်ပွဲဝင်နေသလို အင်းလေးအမျိုးသမီးသမဂ္ဂ ကလည်း နိုင်ငံရေးအရ စစ်အာဏာရှင်ကို ရရာနည်းလမ်းတွေနဲ့ တော်လှန်တိုက်ပွဲနေတာမှ ယခုလို စက္ကူလေယာဉ်တွေပေါ် စစ်အုပ်စုဆန့်ကျင်ရေးစာသားတွေ ရေးသားပြီး နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ သပိတ်ပြုလုပ်ခဲ့တာပါ။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနား ပိတ်ဆို့မယ် ကောလဟာလကြောင့် မြို့ခံတွေ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်/ထွက် လမ်းတွေကို ဒီနေ့ (မေ ၂၁)ရက် ညနေပိုင်း ၅ နာရီကစပြီး စစ်ကောင်စီက ပိတ်ဆို့မယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

လဝက လာဘ်ယူပြီး နေထိုင်ခွင့် ပေးထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ ဦး ကို ရဲက ဆက်ကြေးမရလို့ ဝင်ဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဟဲဟိုး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တအာင်းတပ်ဖွဲ့ TNLA အုပ်ချုပ်မှုနယ်မြေအတွင်း ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်မည်

တအာင်း ပညာရေးကောင်စီ(TLEC)က တအာင်း(TNLA)အုပ်ချုပ်နယ်မြေ (၉)မြို့နယ်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ကြေငြာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အပြီးသတ် သိမ်းတယ်လို့ KIA ရှေ့တန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက်(PPNM) ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now