မြန်မာ့နွေဦး

လုပ်ငန်းရှင် ၂ ဦး အပါအဝင် ကိုးကန့်ဒေသခံ မြန်မာနိုင်ငံသား ၁၁ ဦး တရုတ်မှာ ဖမ်းဆီးခံရ

မဲခေါင် 4 Oct - 2023
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်ချုပ်ရဒေသက ဒေသခံ မြန်မာနိုင်ငံသား ၁၁ ဦးကို အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ တရုတ်ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ တရုတ်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၄

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်ချုပ်ရဒေသက ဒေသခံ မြန်မာနိုင်ငံသား ၁၁ ဦးကို အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ တရုတ်ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ တရုတ်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဝေချင်းထောင်၊ လျိကျိန်းချီ၊ ပိဟွေကျွင်း ခေါ် ရန်လောက်ပီ၊ တိန်ကျီးတာ၊ ကျိုရှောက်ခိုက်၊ ဝင်းချောက်နိန်း၊ စူးဟုန်းရှန်း၊ လိအားဖူး၊ လျိုစွတ်နိန်း၊ ခွေးစောက်ပန်း ခေါ် ချဲအိုက်ဟွာ၊ ဝီလင်းကော် တို့ဖြစ်ကြောင်း အဲဒီ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူ ၁၁ဦးဟာ တရုတ်လွတ်လပ်ရေးနေ့အခမ်းအနားကို ယူနန်ပြည်နယ်အစိုးရက ဖိတ်ကြားလို့ သွားတက်ရင်း ကိုးကန့်ဒေသတဖက်ကမ်း လင််ချန်းခရိုင်ဘက်မှာ အဖမ်းခံရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ကိုးကန့်ဒေသခံ လုပ်ငန်းရှင် ၂ဦး ပါဝင်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ ၁၀ လ ၁ ရက်နေ့က တရုတ်လွတ်လပ်ရေးနေ့လေ။ အဲဒါ သူတို့ကို ဖိတ်ရင်းနဲ့ တခါထဲ ဖမ်းပစ်လိုက်တာ” လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်တဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်မှုရှိတာကြောင့် ဖမ်းဆီးခံရတယ်လို့ သိရပြီး ကိုးကန့် အရာရှိနဲ့ တစ်ဦးနဲ့ ပတ်သက်မှုရှိနိုင်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရာရှိအသိုင်းဝိုင်းက မိသားစုဝင်လည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ လုပ်ငန်းကုမ္ပဏီ ထောင်ထားရာကနေ ဒီရက်ပိုင်းမှာ ဖမ်းဆီးခံထားရကြောင်း တရုတ်သတင်းတွေမှာ ပါလာတာ တွေ့ရပါတယ်။

“ သတင်းမှာ ပါလာတဲ့ ၂ ယောက်က ကိုးကန့်အရာရှိတွေရဲ့ သားသမီးဖြစ်မယ်” လို့ နယ်စပ်ဒေသခံ တစ်ဦးက ပြောပါတယ်။

တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ မြန်မာဘက်ခြမ်းက အာဏာပိုင်တွေဟာ ကျားဖြန့် (‌‌ငွေလိမ်) ဂိုဏ်းတွေကို ဖမ်းဆီးတာမှာ ပူးပေါင်း ပါဝင်ကြပေမယ့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအနေနဲ့ ပူးပေါင်း ပါဝင်ခြင်း မရှိတာကြောင့် သူတို့နဲ့ ပတ်သက်နေတဲ့ လူ ၁၀ ဦးကျော် ဖမ်းဆီး ထိန်းသိမ်းခံရတာဖြစ်တယ်လို့လည်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဖူလီလိုက်ကုမ္ပဏီက ဒါရိုက်တာတစ်ဦးလည်း ပါဝင်ပြီး ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝေဆန်းရဲ့ လူတစ်ဦးလည်းပါတယ်လို့ သူက ဆိုပါတယ်။ ကိုးကန့်နယ်ခြားစောင့်တပ်က အငြိမ်းစားအရာရှိဖြစ်သူ ဝေဆန်းဟာ မကြာသေးခင်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ လားရှိုးမှာ တွေ့ဆုံထားတာဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ ဖမ်းဆီးခံရသူတွေကို တရုတ်ဘက်မှ ဥပဒေအရ အမှုတွေကို စစ်ဆေးနေ‌ကြောင်း တရုတ်ဘက်ကထုတ်ပြန်စာ အရ သိရပါတယ်။

CJ – 008

#MeKongNews

#ကိုးကန့်

#ကျားဖြန့်

#ဖူလီလိုက်

#ဝေဆန်း

ပုံအညွှန်း – ဖမ်းဆီးခံရသူတချို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now