မြန်မာ့နွေဦး

လားရှိုး-နမ္မတူကို အဓိကဆက်သွယ်ထားတဲ့ အီနိုင်းတံတား ဖောက်ခွဲဖျက်ဆီးခံရ

မဲခေါင် 1 Jan - 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး - နမ္မတူ လမ်းမပေါ်က အီနိုင်းတံတား ဒီဇင်ဘာ ၃၁ ရက်ညမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး – နမ္မတူ လမ်းမပေါ်က အီနိုင်းတံတား ဒီဇင်ဘာ ၃၁ ရက်ညမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းနဲ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းတွေမှာ ပေါက်ကွဲသံတွေ ကြားရပြီးနောက်ပိုင်းမှာ ဖောက်ခွဲခံရပြီး ကျိုးကျသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညကရော အစောပိုင်းကရော ပေါက်ကွဲ သံတွေကြားတယ်။ ဘယ် တကြိမ်က ထိသွားတယ်တော့ မသိဘူး” လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အီနိုင်းတံတား ကျိုးကျသွားတာကြောင့် ဒေသခံတွေအတွက်တော့ စားသောက်ကုန်တွေ ဝယ်ယူဖို့၊ သယ်ယူဖို့ များစွာ အခက်အခဲ ဖြစ်သွားပြီလို့ ဆိုပါတယ်။

“အီနိုင်းတံတားကျိုးသွားပြန်ပြီ။ သွားလာလို့ လုံးဝ မရတော့ဘူး။ ထက်ပိုင်းကျိုးသွားတာ။ မ‌ေိ့ညကလည်း တစ်ညလုံး လားရှိုးကနေ လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။ မူဆယ် နဲ့ လားရှိုး ဒီလမ်းကပဲ သွားရတာ အခုတော့ မရတော့ဘူး” လို့ လားရှိုးရောက်နေတဲ့ မူဆယ် ဒေသခံတစ်ဦးက ပြောပါတယ်။

အီနိုင်းတံတား ကျိုးသွားတာကြောင့် ယာဉ်မောင်းတွေ အတွက် ဘာမှ လုပ်ကိုင်လို့ မရတော့ပဲ ခက်ခဲ သွားကြောင်း ကားသမားတွေက ပြောပါတယ်။

လားရှိုး-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့တို့ကို အဓိကဆက်သွယ်ထားတဲ့ အီနိုင်းတံတားကို လားရှိုးမြို့ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်က မနေ့ ဒီဇင်ဘာ ၃၁ ရက်မှာ ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ သူ့ဝါဒဖြန့် သတင်းမီဒီယာတွေမှာတော့ အီနိုင်းတံတားဖောက်ခွဲဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဘာသတင်းထုတ်ပြန်ချက်မှ မရေးသားကြပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကွန်လုံ – ဟိုပန် လမ်းက နမ့်တိန်တံတား၊ လားရှိုး – သိန္နီလမ်းက သိန္နီတံတား၊ ကျောက်မဲသီပေါကြားက ကျင်သီတံတားတို့ ကျိုးကျခဲ့ပြီး သီပေါ – နမ္မတူလမ်းက မိုးတွေတံတားလည်း ပေါက်ပြဲ ပျက်စီးသွားကာ သမိုင်းဝင် ကွမ်းလုံ တံတားလည်း Drop Bomb ထိမှက် ပျက်စီးခဲ့ပါတယ်။

CJ-008

#MeKongNews

#အီနိုင်း

#ကျိုးကျ

#တံတား

#စစ်ဆင်ရေး

#ပျက်စီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now