မြန်မာ့နွေဦး

လက်ခတ်တောင်မှာ ဒီမနက် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လက်နက်ကြီးဆက်တိုက်ပစ်ပြီး လေကြောင်းက ဗုံးကြဲ

မဲခေါင် 15 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၅ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လက်ခတ်တောင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကာ ဒီနေ့ ဩဂုတ်လ ၁၅ ရက်၊ မနက် ဆယ်နာရီကျော်မှာ လေကြောင်းက ဗုံးကြဲနေတယ်လို့ မြဝတီမြို့ခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လက်ခတ်တောင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကာ ဒီနေ့ ဩဂုတ်လ ၁၅ ရက်၊ မနက် ဆယ်နာရီကျော်မှာ လေကြောင်းက ဗုံးကြဲနေတယ်လို့ မြဝတီမြို့ခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ပြန်သိမ်းနိုင်ဖို့ ကြိုးစားရင်း တိုက်ပွဲတွေ မနေ့ကစပြီး ပြန်လည် ပြင်းထန်လာတာ ဖြစ်ပါတယ်။

“မနက် ၄ ခွဲလောက်ကတည်းက လန့်နိုးနေတာ။ ဘယ်အချိန်ကတည်းက ပစ်နေလဲ မသိဘူး။ ခုနကလည်း လေယာဉ် ပစ်ချသွားတာ အကျယ်ကြီးပဲ။ အကုန်လုံး ခါထွက်သွားတာ။ နှလုံးတုန်နေတာတောင် ခုထိ မရပ်သေးဘူး” လို့ မြ၀တီမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ ကြိမ် ကြဲချခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အသေးစိတ်ကိုတော့ မဲခေါင်သတင်းဌာနက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မနေ့က ဩဂုတ် ၁၄ ရက် မနက်ပိုင်းကစပြီး လက်ခတ်တောင်စခန်းကုန်းရှိရာ ဘက်ကို မြဝတီမြို့ တဝိုက်မှာရှိတဲ့ ခလရ (၂၇၅) တပ်ရင်း၊ ကံ့ကော်တစ်ထောင် ဘုန်းကြီးကျောင်း၊ ကျောက်လုံးကြီးဘုရားအနီး အစရှိတဲ့ စစ်ကောင်စီ လက်နက်ကြီး စခန်းကုန်းတွေကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပိုများလာခဲ့ပြီး တိုက်ပွဲဖြစ်နေတဲ့ လက်နက်ငယ်သံတွေကိုပါ ပိုကြားလာရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနေ့ကတည်းကဖြစ်နေတာ။ ဒီနေ့က ပိုနီးလာလို့ ကြားရတာ။ နည်းနည်းထပ်နီးလာရင်တော့ ပြေးရတော့မယ်။ လက်နက်ကြီး တစ်ခါကျတိုင်း တစ်ခါ ဆုတောင်းနေရတာ အမောပဲ” လို့ မြို့ထဲမှာ နေထိုင်သူက ဆိုပါတယ်။

လက်ခတ်တောင်ကို ဝိုင်း၀န်း ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေဟာ ဒီနေ့ မနက်ပိုင်းမှာ မင်းလက်ပံကျေးရွာထဲ ကျရောက်ပြီး လူနေအိမ် ပျက်စီးတာတွေရှိနေပြီး ကျေးရွာနေ ပြည်သူတွေကတော့ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မင်းလက်ပံကျေးရွာအပြင် မေတ္တာလင်းမြိုင်ကျေးရွာ၊ ကျောက်လုံးကြီးရပ်ကွက်က နေရာတချို့နဲ့ အခြား လက်ခတ်တောင်နဲ့ နီးစပ်ရာ ကျေးရွာ တဝိုက်က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

လက်ခတ်တောင် စခန်းကုန်း သိမ်းပြီးနောက်ပိုင်း ဩဂုတ်လ ၁၃ ရက်နေ့အထိ ထိတွေ့ ပစ်ခတ်မှုပေါင်း ၁၀ ကြိမ်နဲ့အထက် ရှိခဲ့ပြီး ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်တွေဘက်က ရဲဘော် တစ်ဦး ကျဆုံးပြီး ၈ ဦး ဒဏ်ရာရကာ အသုံးပြုနေဆဲ ဒရုန်း တစ်စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရကာ သာသနာဆိုင်ရာ အဆောက်အအုံ ၅ လုံး ပျက်စီးခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် လက်ခတ်တောင် တိုက်ပွဲမှာ ပါဝင်နေတဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၁၈) က ဒု-တပ်ကြပ် တစ်ဦးနဲ့ တပ်သား တစ်ဦးတို့ဟာ ဩဂုတ်လ ၈ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့ထံကို လက်နက်ခဲယမ်းတွေနဲ့ အတူ လာရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ လက်ခတ်တောင်စခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပြီး နောက်ပိုင်း စစ်တပ်ဘက်က စခန်းပြန်ရဖို့အတွက် တပ်မ (၄၄) တပ်မမှူးက တိုက်ရိုက်ညွှန်ကြားပြီး လက်နက်အင်အား ဖြည့်တင်းကာ နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်နေတယ်လို့ KNU က ဆိုထားပါတယ်။

MK–009

#MeKongNews

#လက်ခတ်တောင်

#ကော်ပရာစစ်ကြောင်း

#လေကြောင်းဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now