မြန်မာ့နွေဦး

ရွှေဘိုမြို့ပေါ် စစ်သားနဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှု များပြား

မဲခေါင် 27 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကို နယ်မြေစိုးမိုးဖို့ကြိုးပမ်းနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးအဖြစ် နယ်စည်းမခြားရွှေဘိုသားအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်လို့ စစ်သားအများအပြား သေဆုံးတယ်လို့ ဆိုပါတယ်

မဲခေါင်၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကို နယ်မြေစိုးမိုးဖို့ကြိုးပမ်းနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးအဖြစ် နယ်စည်းမခြားရွှေဘိုသားအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်လို့ စစ်သားအများအပြား သေဆုံးတယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့၊ သီတဂူကျောင်းပေါက်ဝနားမှာ ဇူလိုင် ၂၃ ရက်၊ညနေပိုင်းက ရေချိုးနေကြတဲ့ စစ်သားတွေကို ပါဆယ်မှိုင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာလို့ စစ်သား ၇ ယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“ ရွှေဘိုမြို့ပေါ် UG အဖွဲ့တွေနဲ့ Mission ဖော်ဆောင်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ ၂ လလောက်တည်းကနေပြီးတော့ ကြိုတင်ပြင်ဆင်မှုလုပ်ခဲ့တာပါ။ သူတို့က အဲဒီအနီးနားမှာ စခန်းချထားတာကို ကြိုတင်ထောက်လှမ်းပြီးတော့ မှိုင်းခွဲလိုက်တာပါ” လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။

ဒီဖြစ်စဉ်အပြီး မိနစ်ပိုင်းအကြာ ညနေ ၆ နာရီ ၂၀ မိနစ်မှာလည်း ရွှေဘိုမြို့၊ ဆုတောင်းပြည့်ကွေ့က စစ်တပ်ယာဉ်တန်းကို ပါဆယ်ချိန်ကိုက်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့မြို့ပေါ် UG မဟာမိတ်အဖွဲ့တွေ တစ်ယောက်မှ ထိခိုက်မှုမရှိပါဘူး။ စကစဘက်က ပထမအကြိမ်မှိုင်းခွဲတိုက်ခိုက်တုန်းက ၇ ကောင်အဲဒီနေရာမှာတင် ပုံလျက်လဲသွားပါတယ်။ ဒုတိယအခေါက်ဖောက်ခွဲမှုမှာလည်း အများအပြား ထိသွားတယ်။ သတင်းရင်းမြစ်အရ ၃၄ ယောက် ဆေးရုံကိုရောက်လာပြီး အဲ့ဒီထဲမှာ ၂၂ ကောင်သေဆုံးတယ်လို့ သိရတာ” လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ရဲ့တာဝန်ခံက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရွှေဘိုမြို့ပေါ်မှာ ဘီးလူးညီနောင်မြို့ပြပွဲဦးထွက်စစ်ဆင်ရေးဖြစ်ပြီး အလားတူ တိုက်ခိုက်မှုမျိုးကိုလည်းဆက်လက်ဖော်ဆောင်သွားမှာဖြစ်လို့ ပြည်သူများဝိုင်းဝန်းပံ့ပိုးပေးကြဖို့ ၎င်း က ဆိုပါတယ်။

“ အဓိက လိုအပ်ချက်ကတော့ လက်နက်ခဲယမ်းမပြည့်စုံမှုတွေ အများကြီးရှိပါတယ်။ ထောက်ပို့ကလည်း အားနည်းတဲ့အတွက် အရမ်းကို အခက်အခဲဖြစ်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးအဖြစ် အခုလိုပွဲဦးထွက်တိုက်ပွဲဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဆက်လက်တိုက်ပွဲများ ဖော်ဆောင်နိုင် အဓိကလိုအပ်နေတဲ့ AK47 သေနတ် ၂ လက်ကို ဝယ်ယူနိုင်ရေးအတွက်လည်း ကမ်ပိန်းပြုလုပ်လျက်ရှိတာကြောင့် ပြည်သူများပါဝင်ပေးကြဖို့ နယ်စည်းမခြားရွှေဘိုသားတော်လှန်ရေးအဖွဲ့က ပန်ကြားထားပါတယ်။

CJ – 005
#ရွှေဘိုမြို့
#မြို့ပြပြောက်ကျား
#UG
#AK47
#နယ်စည်းမခြားရွှေဘိုသား
#ဘီးလူးညီနောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နှိပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now