မြန်မာ့နွေဦး

ရွာငံမှာ ရဲနဲ့ပျူစောထီးတို့ကို ဂျိုးဖြူအဖွဲ့က ပစ်ခတ်ရှင်းလင်းပြီး လက်နက်တွေသိမ်း

မဲခေါင် 23 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ စစ်စီးကုန်းကျေးရွာ တောင်ဖက်ခြမ်းမှ ရဲတစ်ဦး နဲ့ပျူစောထီးတို့ကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF) က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ စစ်စီးကုန်းကျေးရွာ တောင်ဖက်ခြမ်းမှ ရဲတစ်ဦး နဲ့ပျူစောထီးတို့ကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF) က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲနဲ့ ပျူစောထီးတို့ဟာ ကားနဲ့လာမယ်ဆိုတာ သတင်းရလို့စောင့်ဆိုင်းပြီး ဒီနေ့ မတ်လ ၂၂ ရက်နေ့မနက် ၈ နာရီ ၃၀ မိနစ်အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

” ကျွန်တော်တို့ PDF တွေရှိတဲ့နေရာသတင်းကြားလို့သူတို့က လာရှင်းဖို့လာတယ်ဆိုတာ ကျွန်တော်တို့က သတင်းပြန်ရတယ်။အားလုံးပေါင်း ၁၀ ယောက်ထွက်လာတဲ့လို့သတင်းရတယ်။ ၂ ယောက်ပဲပါလာတယ်။ ၈ ယောက်ကို ကင်းပုန်းချထားခဲ့တဲ့သဘောပဲ။ ပါလာတဲ့၂ ယောက်ကို ပစ်ခတ်လိုက်တာပွဲချင်းပြီးသေသွားတယ်။” လို့JPRF တာဝန်ရှိသူ K P က ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ မြင်းကျဒိုးရဲစခန်းက ၁ ပွင့်နဲ့ဖြစ်ပြီး Ak သေနတ်ကိုင်ထားကာ ပျူစောထီးကတော့ ကာဗိုင်သေနတ်ကိုင်ထားတယ်လို့ JPRF အဖွဲ့ကပြောပါတယ်။

ကားပေါ်ပါလာတဲ့ Ak 47 တစ်လက်၊ ကာဗိုင်တစ်လက်၊လက်ပစ်ဗုံးတစ်လုံးနဲ့အခြားပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း JPRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ပြီး မိနစ်ပိုင်းအတွင်းမှာ ကင်းပုန်းချထားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရောက်လိုက်လို့ အချိန်အနည်းငယ် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့လည်း JPRF တာဝန်ရှိသူ K P က ပြောပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းလာနိုင်တဲ့အခြေအနေမို့ JPRF ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

Ywangan PDF ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) အဖွဲ့ဖွဲ့စည်းတာတည် အခုမတ်လ ၇ ရက်နေ့က ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး (JPRF)အနေနဲ့ ကရင်နီဘက်မှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်ရုံမက ရှမ်းတောင်၊ ရွာငံဒေသထဲမှာလည်း မိမိတို့တတ်နိုင်တဲ့မစ်ရှင်တွေ ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

CJ-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now