မြန်မာ့နွေဦး

ရခိုင်မှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်းပိုင် အိမ်ခြံမြေတွေ တာချီလိတ်မှာ ပြန်ရောင်းနေ၊ ဘတ်သန်းရာဂဏန်းနီးပါး တန်ကြေးရှိ

မဲခေါင် 3 Mar - 2024
ရခိုင်ပြည်၊ မြောက်ဦးတိုက်ပွဲမှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်းရဲ့ တာချီလိတ်မှာ တာဝန်ကျစဉ် ဝယ်ယူသွားတဲ့ အိမ်ခြံမြေတွေကို ဒီရက်ပိုင်းအတွင်း ရောင်းချဖို့ ကြော်ငြာနေတယ်လို့ တာချီိတ်ဒေသခံတွေထံကနေ သိပါတယ်။

မဲခေါင်၊ မတ် ၃

ရခိုင်ပြည်၊ မြောက်ဦးတိုက်ပွဲမှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်းရဲ့ တာချီလိတ်မှာ တာဝန်ကျစဉ် ဝယ်ယူသွားတဲ့ အိမ်ခြံမြေတွေကို ဒီရက်ပိုင်းအတွင်း ရောင်းချဖို့ ကြော်ငြာနေတယ်လို့ တာချီိတ်ဒေသခံတွေထံကနေ သိပါတယ်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းမှာ ရှိတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်း ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ ခြံကို ရောင်းချဖို့အတွက် ဖေ့စ်ဘွတ်မှာ ကြေညာထားပြီး အဲဒီအိမ်နဲ့ခြံ တစ်ခုထဲတင် ဘတ် ၃၅သန်းခေါ်ဈေးရှိတယ်လို့ တာချီလိတ်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ၁ဦးက ပြောပါတယ်။

အဲဒီအိမ်နဲ့ခြံရှိတဲ့ မယ်ခေါင်ရပ်ကွက်ဟာ တာချီလိတ်မြို့ အမှတ် ၁တံတားနဲ့ အမှတ် ၂တံတားကြားမှာရှိပြီး နေရာကောင်းဖြစ်ကာ ဗိုလ်မှူးကြီးမင်းမင်းထွန်းပိုင်တဲ့ အိမ်နဲ့ခြံဟာ သာမန်ခြံကွက် ၇ပေါ်မှာ တည်ဆောက်ထားတာဖြစ်ရှိတယ်လို့ အဲဒီအိမ်ခြံမြေအကျိုးဆောင်က ပြောပါတယ်။

“အဲဒီရပ်ကွက်မှာ ၇ ကွက်တွဲက ရဖို့မလွယ်ဘူး။ တော်တော်ကို ခမ်းခမ်းနားနားဆောက်ထားတာ။ သူ(ဗိုလ်မှူးကြီးမင်းမင်းထွန်း) နေတောင်မနေသွားရဘူးထင်တယ်” လို့ သူက ပြောပါတယ်။

ဖေ့စ်ဘွတ်ပေါ်မှာ ကြော်ငြာထားတဲ့ပို့စ်အရ အခုရောင်းချမယ့် ၃၅သန်းတန်အိမ်ဟာ ခြံကွက် ၇ကွက်ပေါ်မှာ တည်ဆောက်ထားတဲ့ ၂ထပ်တိုက်အိမ်၊ ကား အစီး ၂၀ရပ်လို့ရတဲ့ မြေနေရာအကျယ်၊ အိမ်ခန်း ၅ခန်း၊ ဟော်ခန်း၊ ဧည့်ခန်း၊ အစည်းအဝေးခန်းတွေပါဝင်ပြီး ပါတီပွဲတွေကျင်းပဖို့ နေရာကို အထူးကောင်းမွန်အောင်ပြင်ဆင်ထားတယ်လို့ ပါရှိပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်းဟာ တာချီလိတ််မြို့မှာ ဗျူဟာမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က တခြားပစ္စည်းဥစ္စာတွေအပြင် နေအိမ် ၃၊ ၄ လုံးခန့် ပိုင်ဆိုင်ခဲ့တယ်လို့ အိမ်ခြံမြေတန်ဖိုးတင် ဘတ်သန်း ၁၀၀ နီးပါးတန်ကြေးရှိတယ်လို့ နောက်ထပ် သတင်းရင်းမြစ် ၁ဦးက မဲခေါင်ကို ပြောပါတယ်။

တာချီလိတ််မြို့တွင်းမှာသာမက အချက်အခြာကျတဲ့ ကျေးရွာတချို့မှာပါ အိမ်ခြံမြေတွေပိုင်ဆိုင်ခဲ့ပြီး မြို့ခံသူဌေးတွေထံကနေ တောင်းယူထားတာတွေလည်းပါဝင်တယ်လို့ သူက ပြောပါတယ်။

“မိုင်းဖုန်း (ခ)ဘက် ဝမ်ဆောက်ခုံရွာအဝင်က ဆွတ်ဆိုင်မှာလည်း သူ့မြေကွက်တွေရှိတယ်” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်မှူးကြီးမင်းမင်းထွန်းရဲ့ အမျိုးသမီးဖြစ်သူဟာ ဆရာဝန် ၁ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းကာစတုန်းက CDM ပြုလုပ်ကာ သူနဲ့ ကွာရှင်းခဲ့တာကြောင့် ကျန်ခဲ့တဲ့ အိမ်ခြံမြေတွေကို ဘယ်သူတွေက စီမံခန့်ခွဲတယ်ဆိုတာတော့ မသိရဘူးလို့ သူက ပြောပါတယ်။

ဗိုလ်မှူးကြီးမင်းမင်းထွန်းဟာ တာချီလိတ်ကနေ ရခိုင်ပြည်ဘက်ကို ပြောင်းရွှေ့ခဲ့ရပြီး ဖေဖော်ဝါရီလ ၇ရက်က AA က မြောက်ဦး ခမရ ၃၇၇ ကို တိုက်ခိုက်သိမ်းပိုက်စဉ် အသေဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

MK – 004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now