မြန်မာ့နွေဦး

မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ နဲ့ စစ်ကောင်စီ နေပြည်တော်မှာ တွေ့ဆုံနေ

မဲခေါင် 20 Jul - 2023
မဲခေါင် ၊ ဇူလိုင် ၂၀ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ UWSP အဖွဲ့က ပြောပါတယ်။

မဲခေါင် ၊ ဇူလိုင် ၂၀

မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ UWSP အဖွဲ့က ပြောပါတယ်။

ယခု တွေ့ဆုံမှုဟာ ၅ ကြိမ်မြောက်တွေ့ဆုံကြတာဖြစ်ပြီး နိုင်ငံရေးပိုင်းဆိုင်ရာအရ ထူးထူးခြားခြားဆွေးနွေးတာတွေ မရှိဘူးလို့ UWSP အဖွဲ့ရဲ့ လားရှိုးမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကပြောပါတယ်။

“ကျွန်တော်တို့ ပုံမှန်တွေ့ဆုံမှုပါပဲပေါ့နော်၊ ဒါက ၅ ကြိမ်မြောက်ပေါ့နော်၊ ထွေထွေထူးထူးတော့ မရှိဘူး၊ အဓိကကတော့ ကျွန်တော်တို့ ဒီဒေသတွင်း လူထုတိုးတက်ရေးလုပ်ငန်းတွေ အဲ့ဒါကိုပဲ အဓိက ဆွေးနွေးတာပဲပေါ့နော်၊ ဒီတစ်ခေါက်ကတော့ ၂ ရက်ပါပဲ။ ဒီနေ့ နဲ့ မနက်ဖြန်ပါပဲ” လို့ ဦးညီရန်းကပြောပါတယ်။

မနက်ဖြန် ဇူလိုင်လ ၂၁ ရက်နေ့မှာလည်း စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက်တွေ့ဆုံသွားမှာဖြစ်ပြီး နိုင်ငံရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အထူး ဆွေးနွေးဖို့ မရှိဘူးလို့ သူကပြောပါတယ်။

စစ်ကောင်စီ နဲ့ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေကို ထပ်မံသိရဖို့ SSPP အဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ UWSP၊ SSPP၊ NDAA တို့ တွေ့ဆုံဆွေးနွေးရာမှာ ဘယ်လို အချက်တွေကို ဆွေးနွေးတာလဲ မသိရသေးပေမယ့် စစ်ကောင်စီအဖွဲ့အနေနဲ့ SSPP နဲ့ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့တဲ့အတွက် အဲ့ဒီ ကိစ္စတွေကို ဆွေးနွေးနိုင်တယ်လို့ ရှမ်းပြည်နယ်အရေး လေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

“ဝ အဖွဲ့ကတော့ သူတို့ရဲ့ နဂိုတောင်းဆိုချက်တွေဖြစ်တဲ့ ပြည်နယ်အဖြစ် အသိအမှတ်ပြုရေး ဖွံ့ဖြိုးရေးကိုပဲ ကိုင်ပြီး ပြောဖို့များပါတယ်။ အခု ရှမ်းပြည်နယ် အခြေအနေ အရဆိုရင် SSPP နဲ့က စစ်ရေးတင်းမာမှုတွေရှိနေတော့ အဲ့ဒီကိစ္စတွေကို စစ်ကောင်စီက ဖိပြောတာ ဆွေးနွေးလာနိုင်တာတွေ ရှိနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ စစ်ကောင်စီ လုပ်ချင်တဲ့ ငြိမ်းချမ်းရေးညီလာခံ ကိစ္စပေါ့လေ။ ဒါပေမယ့် ဒီတွေ့ဆုံမှုက ထူးထူးခြားခြားတော့ ဖြစ်မှာမဟုတ်ဘူးလို့ သုံးသပ်ချင်ပါတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အခု တွေ့တဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း UWSP အဖွဲ့က ပြည်နယ်တောင်းခဲ့ပြီး NDAA မိုင်းလားအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ အဆိုပါ အဖွဲ့တွေရဲ့ တောင်းဆိုမှုကို စစ်ကောင်စီက မူအားဖြင့် သဘောတူတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် အခုနေပြည်တော်မှာ တွေ့ဆုံမှုအတွင်း မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ရဲ့ လိုလားချက်တွေ၊ စစ်ကောင်စီရဲ့ လိုလားချက်တွေ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကိစ္စတွေကိုပါ ဆက်လက်ဆွေးနွေးဖွယ်ရှိတယ်လို့ ရှမ်းပြည်အရေးလေ့လာသူတစ်ဦးကဆိုပါတယ်။

CJ-002

#MeKongNews

#မြောက်ပိုင်းသုံးဖွဲ့

#စစ်ကောင်စီ

#နေပြည်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now