မြန်မာ့နွေဦး

မုံရွာ ရှစ်လေးလုံးနှစ်ပတ်လည် ဆန္ဒပြပွဲ သေနတ်နဲ့ ပစ်ခံရပြီး လူငယ် ၃ ယောက် ဖမ်းခံရ

မဲခေါင် 9 Aug - 2023
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ လူစည်ကားတဲ့နေရာတစ်ခုဖြစ်တဲ့ ကန်သာယာအနီးမှာ မနေ့ သြဂုတ် ၈ ရက်နေ့က ရှစ်လေးလုံး(၈၈၈၈) အထိမ်းအမှတ် နှစ်ပတ်လည်ဆန္ဒပြပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီအဖွဲ့က အိမ်စီးကားနဲ့ ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ လူစည်ကားတဲ့နေရာတစ်ခုဖြစ်တဲ့ ကန်သာယာအနီးမှာ မနေ့ သြဂုတ် ၈ ရက်နေ့က ရှစ်လေးလုံး(၈၈၈၈) အထိမ်းအမှတ် နှစ်ပတ်လည်ဆန္ဒပြပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီအဖွဲ့က အိမ်စီးကားနဲ့ ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကန်သာယာအနီးက ပြည်ထောင်စုလမ်းမပေါ်မှာ မနေ့ညနေပိုင်းက ဆန္ဒပြနေစဉ်မှာ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး လူငယ် ၃ ယောက်ကိုလည်း အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့ သူတွေက ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

“(ဆန္ဒပြပွဲကို) ဓာတ်ပုံရိုက်နေတုန်းရှိသေးတယ်၊ အိမ်စီးကားနဲ့ ရောက်လာပြီး သေနတ်နဲ့ တန်းပစ်တော့တာပါပဲ” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်တဲ့အတွက် ထိခိုက်ဒဏ်ရာရှိသူတွေလည်း ရှိပြီး ဖမ်းဆီးခံခဲ့ရတဲ့ ၃ ယောက်ကိုတော့ လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

ဝင်ရောက်ပစ်ခတ်သူတွေဟာ အင်အား ၆ ယောက်၊ ၇ ယောက်ခန့်ရှိပြီး အိမ်စီးကားနဲ့လာတဲ့အပြင် အရပ်ဝတ်တွေ ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၃ ယောက်ကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သူတို့သိရှိထားတဲ့ အချက်အလက်တွေကို မနေ့က ထုတ်ပြန်ပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ရဲဘော်အချို့ဟာ မနေ့ ရှစ်လေးလုံး အရေးတော်ပုံနေ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီနဲ့ ပူးပေါင်းပြီး ကျေးရွာတစ်ရွာဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

#MeKongNews

#မုံရွာ

#ရှစ်လေးလုံး

#လူငယ်သုံးဦး

#ဖမ်းဆီးခံရ

ပုံစာ- မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ မုံရွာအမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး ကျေးရွာတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ ရှစ်လေးလုံးနှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြပွဲတစ်ခု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now