မြန်မာ့နွေဦး

မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့က သိမ်းပိုက်

မဲခေါင် 24 Jun - 2024
ကချင်ပြည်နယ်၊ မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို ယမန်နေ့ ဇွန်လ ၂၃ ရက်‌နေ့နဲ့ ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို ယမန်နေ့ ဇွန်လ ၂၃ ရက်‌နေ့နဲ့ ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။

“ ဝှေလုံ (ဟွေလုံ)၊ ညောင်ပင် စစ်ကောင်စီ စခန်းတွေကို သိမ်းလိုက်နိုင်ပြီ။ ဝှေလုံ (ဟွေလုံ)၊ ညောင်ပင် စခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတွေ လုံးတုံစစ်ကောင်စီ တပ်စခန်းထဲ ဝင်သွားပြီ” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ခလရ – ၄၂ နဲ့ SNA ရှမ်းနီ ပြည်သူ့စစ် အင်အား ၄၀ ခန့်ရှိတဲ့ ဝှေလုံ (ဟွေလုံ) စစ်ကောင်စီစခန်းကို ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ SNA ပူးပေါင်းအင်အား ၃၀ ခန့်ရှိတဲ့ ညောင်ပင် စစ်ကောင်စီစခန်းကိုတော့ ည ၈ နာရီခွဲ ဝန်းကျင်ခန့်က အပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ ချောင်းဝ စစ်ကောင်စီစခန်းလည်း ဒီ မနက် ၅ နာရီ ခွဲ ဝန်းကျင်ခန့်က အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်ပြီ။ လင်နက်ခဲယမ်းတွေလည်း ရတယ်” လို့ နောက်ထပ် ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ချောင်းဝ စစ်ကောင်စီစခန်းကိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခု ကျော်ခန့်က KIA ဘက်က လက်လွှတ်ခဲ့ရတဲ့စခန်းဖြစ်ပြီး နှစ်ပေါင်း ၄၄ အကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

အင်းတော်ဒေသက အဲဒီ ဝှေလုံ (ဟွေလုံ)၊ ညောင်ပင်၊ ချောင်းဝ စစ်ကောင်စီ စခန်းတွေဟာ ဖားကန့်ဘက်က စစ်ကောင်စီ တွေအတွက် အဓိက အရေးပါတဲ့ ထောက်ပို့ ထောက်တိုင် စခန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ ဒေသရှိ ဒေသခံပြည်သူတွေက ဟိုပင်၊ နန့်မား၊ မိုးညှင်းဘက်တွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

ယခု ဇွန်လ အတွင်း KIA နဲ့ ပူး‌ပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေက ဝိုင်းမော်မြို့နယ်က ဆဒုံး စစ်ကောင်စီဗျူဟာ အပါအဝင် စခန်းအကြီးအသေး ကာကင်း စခန်းတွေ ၁၉ ခု၊ တနိုင်းမြို့နယ်က ပယင်းမော်ရှိ စစ်ကောင်စီစခန်း ၁ ခုနဲ့ စစ်မျက်နှာ အသစ်ဖြစ်တဲ့ မိုးညှင်းမြို့နယ်က အခုသိမ်းထားတဲ့ စခန်း ၃ ခု၊ စုစုပေါင်း စစ်ကောင်စီ စခန်း ၂၀ ကျော်ကို သိမ်းပိုင် ရရှိထားတာ ဖြစ်ပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now