မြန်မာ့နွေဦး

မိုးစပါးစိုက်ချိန် စစ်တပ်စစ်ကြောင်းလာလို့ ခင်ဦးနယ်ခံတွေ စပါးခင်းတွေထားပြီး ထွက်ပြေးနေရ

မဲခေါင် 25 Aug - 2023
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်းက ဒေသခံပြည်သူတွေဟာ မိုးစပါးစိုက်ပျိုးချိန်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကောက်စိုက်၊ ပျိုးနုတ်အလုပ်တွေကိုထားခဲ့ပြီး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်းက ဒေသခံပြည်သူတွေဟာ မိုးစပါးစိုက်ပျိုးချိန်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကောက်စိုက်၊ ပျိုးနုတ်အလုပ်တွေကိုထားခဲ့ပြီး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့မှာ ကျေးရွာတွေကို စတင်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းအပါအဝင် ဒီနေ့ ဩဂုတ် ၂၅ ရက်မနက်ပိုင်းမှာ စစ်ကြောင်းနှစ်ခုခွဲပြီး လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်နေတာကြောင့် ဒေသခံ ၈,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

မနေ့ညက ခင်ဦးမြို့ပေါ်ကနေထွက်လာတဲ့ ခမရ (၃၆၁) စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ ပင်တင်းရွာအနီးကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပင်တင်းရွာဒေသခံတွေအပါအဝင် အနီးဝန်းကျင်က ဒေသခံ (၃,၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် ရွှေဘိုနယ် သရက်ပင်ဝန်းကျေးရွာကနေ ခင်ဦးနယ်အနောက်တောင်ခြမ်းက ကျေးရွာတွေဆီကို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်လာတဲ့ အင်အား (၁၀၀) ကျော်ပါ စစ်ကြောင်းကြောင့်လည်း ရွှေဘို – ခင်ဦး နယ်စပ်ကျေးရွာက ဒေသခံ (၅,၀၀၀) ကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်။

“တခါတခါတိမ်းရရင်တော့ ပြည်သူ သောင်းနဲ့ချီပြီးတော့ တိမ်းရတာပေါ့။ ခင်ဦးနယ်မှာရောက်တဲ့စစ်ကြောင်းတွေက ရွာတွေကို ပတ်ချာလှည့်ပြီး ထိုးတဲ့ပုံစံမျိုးတွေဆိုတော့ တခါတခါရှောင်ရရင်တော့များတာပေါ့” လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်တွင်းကကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးချိန်မှာ လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ဖမ်းခေါ်သွားလေ့ရှိပြီး ပစ္စည်းသယ်ခိုင်းတာတွေ လုပ်လေ့ရှိသလို၊ ရွာတွေကိုလှည့်လည် မီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်တာနဲ့ လူတွေဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်တွင်းမှာ မိုးတွေဆက်တိုက်ရွာနေတဲ့အပြင် ဒေသခံတွေပြေးလွှားရာလမ်းတွေကလည်း ရွှံ့ဗွက်တွေထပြီး ပျက်စီးနေတာကြောင့် ပြေးလွှားရင်း ဆိုင်ကယ်လဲတာ၊ လူလဲတာတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ထွက်ပြေးရသူတွေထဲမှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်တာကြောင့် မိုးရေထဲမှာ အမိုးအကာမရှိဘဲ ဒုက္ခရောက်နေကြသလို အစားအစာ၊ ရေနဲ့ ဆေးဝါးလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

အခုလ ၂၃ ရက်မှာ ခင်ဦးမြို့နယ်တွင်းစစ်ကြောင်းထိုးလာတာကြောင့် မရမ်းအင်းကျေးရွာနေ အသက် (၅၇) နှစ်အရွယ် ဦးတင့်ဟာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြား ပြေးလွှားရင်း အမောဖောက်ကာ နှလုံးရပ်သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုထားပါတယ်။

ခင်ဦးနယ် အမှတ် (၂) တိုက်နယ်ဒေသတွင်းက အောင်သာကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွင်းက ပြည်သူပိုင်နေအိမ်တွေကို လက်နက်နဲ့ပစ်ခတ်ပြီးဝင်ရောက်နေမှုတွေကြောင့် အောင်သာကျေးရွာအပါအဝင် အင်းပေါက်၊ မရမ်းအင်း၊ ကုန်းသာ၊ သဲကုန်းကြီး၊ ဒါန်းကုန်း၊ မှန်တော၊ သိမ်တော်၊ ကျွန်းဆွယ်၊ ကျွန်းလယ်နဲ့ ကြာပင်အိုင် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသေးတယ်။

MK – 009

#MeKongNews

#ခင်ဦး

#စစ်ကောင်စီ

#စစ်ကြောင်း

#မိုးစပါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နှိပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now