မြန်မာ့နွေဦး

မိုင်းကိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ SSPP ညမထွက်ရအမိန့် အပြိုင်အဆိုင် ထုတ်ပြန်

မဲခေါင် 12 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသလို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကလည်း ကျေးရွာတွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသလို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကလည်း ကျေးရွာတွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာအုပ်စုတွေကို SSPP တပ်ဖွဲ့က အစည်းအဝေး ခေါ်ယူပြီး ဩဂုတ်လ ၉ ရက်မှစကာ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရန်သူတွေက အရပ်ဝတ်နဲ့ ညဘက်တွေမှာ သွားလာလှုပ်ရှားပြီး သူတို့တပ်ဖွဲ့တွေကို ချောင်းမြောင်း ပစ်ခတ် တာတွေ ပြုလုပ်လို့ မှားယွင်းတာတွေ မဖြစ်အောင် ညဘက်မထွက်ရ အမိန့်ကို ထုတ်ရတာလို့ အစည်းအဝေးမှာ ပြောတာပေါ့နော်။ ပြီးတော့ အခုက မြန်မာစစ်တပ်နဲ့ အခြေအနေ မကောင်းလို့ပေါ့။ ဒါပေမယ့် အဲ့လို အမိန့်ထုတ်တာက ပြည်သူတွေ အရေးအမျိုးမျိုးကြောင့် သွားလာဖို့ အခက်အခဲ ဖြစ်ကုန်တာပေါ့နော်။ မြို့ဆင်းပြီး ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ ရောင်းချဖို့ အတွက်လည်း အခက်အခဲ ဖြစ်ကုန်တာပေါ့” လို့ မိုင်းကိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ SSPP တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဩဂုတ်လ ၇ ရက်မှာ လဲချား၊ မိုင်းကိုင်၊ မိုင်းနောင်မြို့ တွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် SSPP က ကျေးရွာတွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်တာလို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“မြန်မာစစ်တပ်က မြို့ထဲထုတ် သူတို့က ရွာတွေဘက်ထုတ် ဆိုတော့ တစ်မြို့နယ်လုံး ညမထွက်ရတဲ့ ပုံစံ ဖြစ်နေတယ်။ မြို့အဝင်အထွက်တွေနားမှာဆို သူတို့စခန်းတွေက နီးနီးလေးတွေပဲ။ အမိန့်မထုတ်လည်း တိုက်ပွဲ ဖြစ်ကတည်းက ညဘက် ၈ နာရီလောက်ဆို အပြင်ထွက်တာ သိပ်မရှိတော့ဘူး။ လူထုကတော့ ၂ ဘက်စလုံးကို ကြောက်နေရတော့ အခြေအနေကြည့်ပြီး နေထိုင်ရတာပဲ” လို့ မိုင်းကိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။

အခုလို SSPP တပ်ဖွဲ့က ညမထွက်ရ အမိန့်ထုတ်ပြန်ပေမယ့် ဘယ်ကာလအထိ ဖြစ်တယ် ဆိုတာကိုတော့ မပြောသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ဘယ်လအထိလည်း မပြောဘူး။ သူတို့ ထပ်ပြီး မပြောမချင်း မထွက်ရဘူးဆိုတဲ့ သဘော ဖြစ်နေတာပေါ့။ ကျွန်တော်တို့ ရွာမှာ လာပြောတာက ည ၈ နာရီကနေ မနက် ၆ နာရီအထိလို့ ပြောသွားတယ်။ ပြည်သူတွေ အတွက်တော့ ကျန်းမာရေး၊ စီးပွားရေး ကိစ္စတွေမှာ ထိခိုက်ကုန်တာပေါ့ဗျာ” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

SSPP က ညမထွက်ရ အမိန့် ထုတ်ပြန်ရာမှာ ကျေးရွာအုပ်စု တစ်ခုနဲ့ တစ်ခု မတူဘဲ တစ်ချို့အုပ်စုမှာ ည ၇ နာရီမှ မနက် ၆ နာရီအထိ အပြင်ထွက်ခွင့် တားမြစ်ထားတယ်လို့လည်း သိရပါတယ်။

အခုလို ညမထွက်ရ အမိန့်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလထဲမှာလည်း မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၄ ခုကို SSPP က ထုတ်ပေးထားတဲ့ ခရီးသွားလာခွင့် လက်မှတ်ပါမှ ခရီးသွားလာခွင့်ပြုတဲ့ အမိန့် ထုတ်ပြန်ခဲ့ပါသေးတယ်။

စစ်ကောင်စီက SSPP အဖွဲ့ကို တပ်ဆုတ်ခိုင်းရာမှ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားရာ ၂ ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။

CJ-002

#Mekongnews

#SSPP

#မိုင်းကိုင်မြို့နယ်

#ညမထွက်ရအမိန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now