မြန်မာ့နွေဦး

မန္တလေးသပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး စစ်တပ်က ဖမ်းဆီးပြီး တစ်နှစ်ကြာတဲ့အထိ အဆက်အသွယ်မရသေး

မဲခေါင် 10 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေးသပိတ် အင်အားစုမှ အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရတာ တစ်နှစ်ရှိလာပြီ ဖြစ်ပေမယ့် အဆက်အသွယ် မရလို့ မိသားစုဝင်တွေ စိတ်ပူနေတယ်လို့ မန္တလေး သပိတ်အင်အားစုက မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေးသပိတ် အင်အားစုမှ အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရတာ တစ်နှစ်ရှိလာပြီ ဖြစ်ပေမယ့် အဆက်အသွယ် မရလို့ မိသားစုဝင်တွေ စိတ်ပူနေတယ်လို့ မန္တလေး သပိတ်အင်အားစုက မနေ့က ထုတ်ပြန်ပါတယ်။

သပိတ်အဖွဲ့ဝင် ကိုသူရအောင်၊ ကိုရဲဇင်ထွန်း၊ ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင် တို့ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၉ ရက်က ဖမ်းခံခဲ့ရတာပါ။

သူတို့ကို မန္တလေး၊ မဟာအောင်မြေမြို့နယ် နေအိမ်မှာ စစ်တပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရချိန်က စကာ ဒီကနေ့အထိ သတင်းအစအနနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

မတရား ဖမ်းဆီးခံရချိန်မှစပြီး လက်ရှိချိန်ထိ ဘယ်နေရာမှာ ဖမ်းဆီး ထားလဲဆိုတာ မသိရှိရသေးသလို အကောင်းအဆိုး သတင်း တစ်စုံတစ်ရာ ကြားသိရတာ မရှိဘူးလို့ မန္တလေး သပိတ်အင်အားစုက ပြောပါတယ်။

“ ကျနော်တို့ ရဲဘော်များရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို အထူးစိုးရိမ် ပူပန်လျက်ရှိကြပြီး သူတို့၏ မိသားစုဝင်များနှင့် အမြန်ဆုံး အဆက်အသွယ်ရနိုင်ဖို့ လေးနက်စွာ တောင်းဆိုအပ်ပါတယ်” လို့ မန္တလေး သပိတ်အင်အားစုက ပြောပါတယ်။

သူတို့ ၄ ဦးရဲ့ အသက်အန္တရာယ် အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပြီး ဖမ်းဆီးခံရချိန် အထိ ကျန်းမာရေး ကောင်းမွန်သူတွေဖြစ်လို့ ဖမ်းဆီးပြီးနောက် ဖြစ်ပေါ်လာသမျှ အားလုံးကို စစ်တပ်က တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်တယ်လို့ မန္တလေး သပိတ်အင်အားစုက အသိပေးထားပါတယ်။

MK-003

#MeKongNews

#မန္တလေးသပိတ် #ဖမ်းဆီးခံရ #မဟာအောင်မြေမြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now