မြန်မာ့နွေဦး

ဖောင်တော်ဦးဘုရားပွဲ လာရောက်မယ့်ဧည့်သည်တွေ စစ်တပ်ထောက်တိုင် ဟိုတယ်တွေမှာ မတည်းခိုဖို့ အင်းလေး အမျိုးသမီးသမဂ္ဂ မေတ္တာရပ်ခံ

မဲခေါင် 29 Sep - 2023
ရှမ်းပြည်နည်တောင်ပိုင်းက အင်းလေး ဖောင်တော်ဦီး ဘုရားပွဲသို့ လာရောက် လည်ပတ်မယ့် ဧည့်သည်တွေ အနေနဲ့ ညောင်ရွှေမြို့နယ် အတွင်းရှိ စစ်တပ် မိသားစုပိုင်နဲ့ စစ်တပ် ထောက်ခံတဲ့ ဟိုတယ်တွေမှာ တည်းခိုခြင်း မပြုဖို့ အင်းလေး အမျိုးသမီးသမဂ္ဂက ‌မေတ္တာရပ်ခံ လိုက်ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နည်တောင်ပိုင်းက အင်းလေး ဖောင်တော်ဦီး ဘုရားပွဲသို့ လာရောက် လည်ပတ်မယ့် ဧည့်သည်တွေ အနေနဲ့ ညောင်ရွှေမြို့နယ် အတွင်းရှိ စစ်တပ် မိသားစုပိုင်နဲ့ စစ်တပ် ထောက်ခံတဲ့ ဟိုတယ်တွေမှာ တည်းခိုခြင်း မပြုဖို့ အင်းလေး အမျိုးသမီးသမဂ္ဂက ‌မေတ္တာရပ်ခံ လိုက်ပါတယ်။

ခရီးသွား ဧည့်သည်တွေကို အဓိက အမှီပြုနေရတဲ့ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်တပ်ပိုင်နဲ့ စစ်တပ် ထောက်ခံတဲ့ ဟိုတယ် ၁၈ ခုရှိတယ်လို့ အင်းလေး အမျိုးသမီးသမဂ္ဂက ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

“သူတို့ပိုင်တဲ့ ဟိုတယ်တွေက ဧည့်သည်တွေဆီက ရလာမယ့် ဟိုတယ်ခ၊ ဝန်ဆောင်ခတွေနဲ့ လူသတ်လက်နက်၊ ကျည်ဆန်တို့ ဝယ်ဖို့အတွက် စစ်ကောင်စီဆီကို ပြန်လည် စီးဆင်းမယ့် သွေးစွန်းငွေတွေ ဖြစ်ပါတယ်။ အဲ့တာကြောင့်မို့လို့ သွေးစွန်းငွေများ ဖြတ်တောက်ရန်အတွက် ပွဲလာခဲ့ရင် အင်းလေးဒေသရှိ စစ်တပ် မိသားစုပိုင် ဟိုတယ်တွေကို ရှောင်ရှားပြီး တခြား ဟိုတယ်တွေမှာပဲ တည်းခိုကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ အင်းလေး အမျိုးသမီး သမဂ္ဂအဖွဲ့ဝင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒီဟိုတယ် ၁၈ ခုထဲဟာ ခရိုနီဦးတေဇ ပိုင်ဆိုင်တဲ့ Aureum Palace ဟိုတယ် အပါအဝင် Anata Inlay ၊ Paramount Inle Resort ၊ Hotel Amazing ၊ Amazing Innlay ၊ KMA INLE Hotel ၊ Royal Nyaung Shwe ၊ Shwe Inn Tha ၊ Ann Heritage Lodge ၊ Ostello Bello ၊ Myanmar Treasure ၊ GIC – Nampan ၊ GIC – Thale U ၊ B2 Hotel ၊ Myat Minglar ၊ Royal Nadi Resort ၊ Inle Garden စတဲ့ ဟိုတယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖောင်တော်ဦးဘုရားပွဲနဲ့ ဒေသစာရီ ကြွချီပူဇော်ပွဲတော်ကို COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ကတည်းက ရပ်ဆိုင်းထား ခဲ့တာဖြစ်ပြီး အခုနှစ်မှာ ပြန်လည် ကျင်းပဖို့ စစ်ကောင်စီက အမိန့်ဖုတ် စေခိုင်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“ကိုဗစ်ရောဂါတွေ ဖြစ်ကတည်းက အလုပ်ပါးသွားတာ ဆိုတော့ နိုင်ငံရေး အခြေအနေကို နားလည်ပေမယ့် စားဝတ်နေရေး အတွက် ပွဲပြန်ဖြစ်လာဖို့ မျှော်မိတာပေါ့။ CDM လည်း လုပ်ထားတော့ ကလေးတွေကို အရင်လို မဆင်နိုင်၊ မလှူမတန်းနိုင်တာလည်း ကြာပြီ။ ပွဲတွင်းကျ စျေးလေးဘာလေး ပိုရောင်းရတော့ စုမိဆောင်းမိ ရှိတယ်လေ။ အာဏာရှင်တွေ မြန်မြန်ကျပြီး ကိုယ့်အစိုးရ မြန်မြန်ပြန်တက်စေချင်ပြီ။ စစ်တပ်ပိုင်၊ ခရိုနီ သူဌေးပိုင် တွေကို အားပေးမယ့်အစား ကျမတို့လို စျေးသည်တွေကို အားပေးစေချင်တယ်” လို့ အင်းလေး ဒေသခံ CDM ဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို လာမယ့် အောက်တိုဘာ ၁၅ ရက်ကနေ နိုဝင်ဘာလ ၁ ရက် နေ့အထိ ၁၇ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး ပထမဆုံးနေ့မှာ ဖောင်တော်ဦးဘုရားကနေ အင်းလေးဒေသက ၂၁ ဌာနကို ကြွချီမှာဖြစ်ကာ နောက်ဆုံးနေ့မှာ ဖောင်တော်ဦး ရတနာစံကျောင်းတော်ကို ပြန်လည် ဆိုက်ရောက် မယ်လို့ ဖောင်တော်ဦးဘုရား ဂေါပကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

CJ-001

#MeKongNews

#ဖောင်တော်ဦးဘုရားပွဲ

#အင်းလေး

#အင်းလေးအမျိုးသမီးသမဂ္ဂ

#စစ်တပ်ပိုင်

#စစ်ထောက်ခံ

#ဟိုတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ကျားဖြန့် လုံးဝလက်မခံဖို့ SSPP အမိန့်ထုတ်ပြန်

ထိန်းချုပ်နယ်မြေတွေအတွင်းမှာ တရုတ်ကျားဖြန့် အဖွဲ့တွေကို လုံးဝလက်မခံဖို့ တပ်မှူးတွေအပါအဝင် သက်ဆိုင်ရာဌာနတွေအားလုံးနဲ့ အရာရှိအရာခံ အဆင့်ဆင့်ကို ဒီနေ့ မေလ ၁၃ ရက်စွဲနဲ့
မြန်မာ့နွေဦး

ပအိုဝ်းဒေသတိုက်ပွဲအတွင်း ကလေးငယ်တွေ စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီးတွေကြောင့် သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ရက်ပေါင်း ၁၀၀ ကျော် တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နမ့်စန်မြို့မှာ မှတ်ပုံတင်လုပ်တဲ့သူတွေကို (လဝက)က သိန်းနဲ့ချီပြီး ပိုက်ဆံတောင်းနေ

ရှမ်းတောင်နမ့်စန်မြို့နယ်က ကျေးရွာဒေသခံတစ်ချို့တွေဟာ မှတ်ပုံတင်မရှိတာကြောင့် လဝက ရုံးကို မှတ်ပုံတင်သွားလုပ်ရာ ၅ သိန်းကျပ် တောင်းခံရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ ရဲတပ်ဖွဲ့က ဆိုင်ကယ်သူခိုးဖမ်းမိတယ်လို့ ထုတ်ပြန်ပြီး နောက်နေ့ ကားလုယက်မှုပါထပ်ဖြစ်လာ

တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေမှာ ဆိုင်ကယ်ခိုးမှုတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပေမယ့် ဆိုင်ကယ်ပျောက်တာ နေ့စဉ်နီးပါးဖြစ်တဲ့အပြင် သုံးဘီး(ဆမ်လော့)အပြင် ကားလုယက်မှုတွေပါဖြစ်ပေါ်နေတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သား ၄၁ ယောက်ကို လမ်းစရိတ်ပေးပြီး MNDAA ပြန်လွှတ်

၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၄၁ ယောက်ကို ဆေးဝါး ကုသပေးပြီး ခရီးစားရိတ်ပေးလို့ မေ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

သက်ငယ်မုဒိန်းကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ ပူတာအိုဒေသခံ တစ်သောင်းနီးပါး ဆန္ဒထုတ်ဖော်

အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့နဲ့ သက်ငယ်မုဒိန်းမှုပပျောက်ရေးအတွက် ပူတာအိုဒေသခံတွေက ဒီနေ့နံနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တောင်ကြီးမြို့နယ် ကျေးရွာတွေမှာ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးမယ်ပြောပြီး စစ်ကောင်စီနဲ့ PNO က ငွေတောင်းနေ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်းက ကျေးရွာအုပ်စုအချို့မှာ စစ်တပ်၊ PNO၊ ထွေအုပ်နဲ့ လဝကအရာရှိတွေက စစ်မှုထမ်းကင်းလွတ်ခွင့် ပေးမယ်လို့ဆိုကာ ကျေးရွာအုပ်စုတွေကို စိတ်တိုင်းကျ ငွေတောင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

PNO က နောင်ရင်းဒုံရွာသူကြီးနဲ့ ညီဖြစ်သူကို သတ်ဖြတ်ပြီးနောက် မိသားစုပိုင်ကားကိုပါက လာသိမ်းသွား

ရှမ်းတောင်၊ ဆီဆိုင်မြို့နယ်က နောင်ရင်းဒုံရွာသူကြီးနဲ့ ညီဖြစ်သူကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်နဲ့အဖွဲ့က ပြီးခဲ့တဲ့ မေလ ၉ ရက်က ဆီဆိုင်မြို့နယ် နောင်ရင်းဒုံရွာ သူကြီးညီအစ်ကို(၂)ယောက်ကို ဆွေးနွေးစရာရှိလို့ ခဏပြန်လာဖို့ လိမ်လည်ခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ပြီး မိသားစုပိုင် ကုန်တင်ကားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now