မြန်မာ့နွေဦး

ဖောင်တော်ဦးဘုရား ဒေသစာရီ ဘုရားပွဲတော်ကာလ ခရီးသွားတွေ လာရောက်မယ်လို့ အင်းလေး ဒေသခံတွေ မျှော်လင့်

မဲခေါင် 12 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၃ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော်ခံ ပွဲတော် ပြန်လည် ကျင်းပခြင်းကြောင့် အင်းလေးဒေသကို ခရီးသွား ‌ဧည့်သည်တွေ လာရောက် လည်ပတ်မယ်လို့ ဒေသတွင်း လုပ်ငန်းရှင်တွေနဲ့ ဈေးသည်တွေက သုံးသပ် ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ သြဂုတ် ၁၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော်ခံ ပွဲတော် ပြန်လည် ကျင်းပခြင်းကြောင့် အင်းလေးဒေသကို ခရီးသွား ‌ဧည့်သည်တွေ လာရောက် လည်ပတ်မယ်လို့ ဒေသတွင်း လုပ်ငန်းရှင်တွေနဲ့ ဈေးသည်တွေက သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဒေသစာရီ ကြွချီ ပူဇော်ပွဲဟာ ၂၀၂၀ ခုနှစ်မှာ COVID-19 ကပ်ရောဂါဘေးကြောင့် ၃ နှစ်ကြာ ရပ်ဆိုင်းခဲ့ရပြီး အဲဒီ ကာလတွေ အတွင်း ခရီးသွား ဧည့်သည် လာရောက်မှု မရှိတာကြောင့် အင်းလေးဒေသက လုပ်ငန်းရှင်တွေနဲ့ ဈေးသည်တွေ စားဝတ်နေရေး အတွက် ရုန်းကန်ခဲ့ရတာပါ။

ဖောင်တော်ဦး ဘုရားမှာ ဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက “ကုန်စုံဆိုင်လိုမျိုးကျတော့ ၁၂ ရာသီ ရောင်းရတာပေါ့။ ဘုရားက အထည်ဆိုင်တွေ စားသောက်ဆိုင်တွေ ကျတော့ ခရီးသွား အမှီပြုပြီး လုပ်စားရတာလေ။ ခရီးသွားရှိမှပဲ ယက္ကန်းရက်သူရော၊ ချုပ်တဲ့သူရော၊ ရောင်းတဲ့သူရော အဆင်ပြေကြတာပေါ့။ ကျနော်တို့ ဒီ ၃ နှစ်လုံးက တော်တော်ကျပ်တည်း သွားတာ။ စားဖို့တောင် အနိုင်နိုင်ပဲ” လို့ ပြောပါတယ်။

အင်းလေးဒေသက စားသောက်ဆိုင်၊ ဟော်တယ်၊ ယက္ကန်းရုံ၊ အထည်ဆိုင်၊ ငွေထည်ဆိုင် စတဲ့ လုပ်ငန်းတွေဟာ အရင်ကတည်းက ဘုရားပွဲတော်၊ တန်ဆောင်တိုင်နဲ့ နှစ်သစ်ကူး သင်္ကြန်ကာလတွေမှာသာ ရောင်းရပြီး ကျန်တဲ့ အချိန်တွေမှာ ခရီးသွား မလာသလောက်ပဲလို့ သူက ဆက်ပြောပြပါတယ်။

အင်းလေးဒေသ စီးပွားရေး လုပ်ငန်းတွေ ရပ်ထားရတဲ့ ၃ နှစ်ကျော် ကာလ အတွင်း အထိနာဆုံးက ဟိုတယ် လုပ်ငန်းရှင်တွေ ဖြစ်ပြီး တချို့ ဟိုတယ်တွေ အရှုံးပေါ်တာကြောင့် အပြီး ရပ်ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။

ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက “တခြား လုပ်ငန်းတွေထက် ဟိုတယ်၊ စားသောက်ဆိုင်ကြီးတွေက ပိုထိတာပေါ့။ ဧည့်သည် မရှိလည်း ဝန်ထမ်း စရိတ်က ပေးနေရတာပဲလေ။ ရေရှည်က ဘယ်တောင့်ခံနိုင်မလဲ။ ဒီနှစ်ထဲတော့ ဘုရားလည်း ပြန်ကြွမယ်ဆိုတော့ ခရီးသွားတွေ လာကြမှာပေါ့။ ဟိုတယ်လည်း တချို့ ပြန်ဖွင့်ကြမှာပါ။ ခေတ်မကောင်းလို့ အရင်ကလောက် မလာကြဘူး ဆိုရင်တောင် ဒေသခံတွေ အတွက်တော့ ခဏတဖြုတ်တော့ အဆင်ပြေသွားမှာပေါ့” လို့ ပြောပါတယ်။

ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို အောက်တိုဘာ ၁၅ ရက်၊ သီတင်းကျွတ်လဆန်း ၁ ရက်မှာ အင်းလေးဒေသထဲက ၂၁ ဌာနကို စတင်ကြွချီမှာဖြစ်ပြီး ၁၇ ရက်ပြီးတဲ့နောက် နိုဝင်ဘာလ ၁ ရက်၊ သီတင်းကျွတ် လဆုတ် ၃ ရက်မှာ ဖောင်တော်ဦး ရတနာစံကျောင်းတော်ကို ပြန်လည် ဆိုက်ရောက်မှာ ဖြစ်တယ်လို့ ဂေါပကတွေက ပြောပါတယ်။

CJ-007

#Mekongnews

#ဖောင်တော်ဦးဘုရား

#အင်းလေး

#COVID-19

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now