မြန်မာ့နွေဦး

ဖလမ်းမှာ စစ်တပ်က ဗုံးကြဲလို့ အရပ်သား ၉ ဦးထက်မနည်း သေဆုံး

မဲခေါင် 11 Apr - 2023
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ပြည်သူတွေ နေထိုင်တဲ့ မြို့တွင်းနဲ့ ကျေးရွာတွေထဲကို စစ်တပ်က  ဗုံးကြဲ တိုက်ခိုက်လို့ ပြည်သူ ၉ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသား အဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-CNO က ဒီနေ့ ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဧပြီ ၁၁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ပြည်သူတွေ နေထိုင်တဲ့ မြို့တွင်းနဲ့ ကျေးရွာတွေထဲကို စစ်တပ်က  ဗုံးကြဲ တိုက်ခိုက်လို့ ပြည်သူ ၉ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသား အဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-CNO က ဒီနေ့ ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မနေ့က ဧပြီ ၁၀ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတာကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဂျက်လေယာဉ်နဲ့ ဗာရ်ရွာနဲ့ ကြောင်ဟင်ရွာကြားကို ဗုံး ၆ လုံး ကြဲချခဲ့တာကြောင့် ဗာရ်ကျေးရွာက အသက် ၄၉ နှစ်အရွယ် ဦး Hramhu သေဆုံးခဲ့ရပြီး ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်-ICA က ပြောပါတယ်။

အလားတူ မနေ့က နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာ အနီးတဝိုက်ကို တိုက်လေယာဉ်နဲ့ ၆ ကြိမ်ထက်မနည်း ဗုံးကြဲရာ ဗုံး ၄ လုံးက ရွာထိပ် တောင်ကုန်းပေါ် ကျရောက်ခဲ့ပြီး ကျန်တဲ့ ၂ လုံးကတော့ ရမ်ထလိုကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူတွေကတော့ ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့တာကြောင့် ထိခိုက်မှု မရှိခဲ့ဘူးလို့ ချင်းရေးရာ အဖွဲ့ချုပ် – ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က ပြောပါတယ်။

“တစ်ရက်တည်းတွင် ဖလမ်းမြို့နယ်၊ နေရာ ၃ နေရာမှာ လေကြောင်း တိုက်ခိုက်မှုကနေ အပြစ်မဲ့ပြည်သူ ၁၁ ဦးကို သတ်ဖြတ်တယ်။ ဗုံး ၁၄ လုံးတိတိကို ပစ်ချခဲ့ရုံသာမက အပြစ်မဲ့ ပြည်သူတွေကို စိတ်ခြောက်ခြားအောင် လက်နက်ကြီးနဲ့ ချိန်ရွယ်ထားတဲ့ စစ်ကောင်စီတပ်ကို Institute of Chin Affairs – ICA အနေဖြင့် အပြစ်တင်ရှုံ့ချပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့  Vankau တောင်ထပ်မှာ နေရာယူထားပြီး CNO ကဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ၊ စာသင်ကြားရေး နေရာတွေ၊ ပြည်သူတွေ စုဝေးနိုင်တဲ့ နေရာတွေနဲ့ CNDF တပ်သားတွေ ခြုံခိုနိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ချိန်ရွယ်ထားတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့က ဧပြီ ၁၀ ရက် မနက် ၅ နာရီခွဲမှာပဲ ဖလမ်းမြို့နဲ့ ၁၂ မိုင်ခန့်ကွာတဲ့ ဗာရ်ကျေးရွာ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၂၅ ဦးအနက် ၁၁ ဦး တိုက်ပွဲ အတွင်း သေဆုံးခဲ့ပြီး ၁၄ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။

MK – 009

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now