မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းမှာရှိတဲ့ ရွှေစမ်းရွာကို တိုက်ပွဲ မဖြစ်ဘဲ စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်ရှောင် ၂ ဦးသေဆုံးရတယ်လို့ ဒေသသတင်းအရင်းအမြစ်ဆီက သိရပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းက ရွှေစမ်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ် လို့ စစ်ရှောင်တဲပေါ်ကျပြီး သေဆုံးကြရတာလို့သိရပါတယ်။
အဆိုပါရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရှမ်းတောင် တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်းပြည်သူ့စစ်တွေ တိုက်ပွဲဖြစ်ခဲ့လို့ ရွာနေသူတွေ စစ်ရှောင်ခဲ့ရပြီး ပြန်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်နေတာရှိပြီး မကြာသေးခင်က ဒရုန်းတစ်စီးကို စစ်ကောင်စီက ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရွှေစမ်းရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဖယ်ခုံအင်း အရှေ့ဖက်ကမ်းဘေးတွင် ရှိကာ ရွာခံတွေနဲ့ ကရင်နီ စစ်ရှောင် ၃၀၀ ကျော် နေထိုင်နေထိုင်လျက်ရှိတာမှာအခု လက်နက်ကြီးကျပြီး လူသေဆုံးရတာဖြစ်လို့ ထပ်မံ ထွက်ပြေးရပြန်တယ်လို့ သိရပါတယ်။
ဖယ်ခုံမှာ စကခ(၇)ထိုင်နေပြီးရက်ပိုင်းမှာပဲ ကလော၊အောင်ပန်းဘက်ကနေ စစ်ကောင်စီ တပ်အချို့ အင်အားဖြည့်နေတာ တွေရှိနေတယ်လို့ သိရပါတယ်။
MK-012